ပျားဝတ်မှုန်ဆိုသော Bee Pollen

အခုတလော ရေပန်းစားနေတဲ့ ဓာတ်စာအုပ်စုအနွယ်ဝင် ပျား ဝတ်မှုန် Bee pollen အကြောင်းလေး ပြောပြချင်တယ်။ ပထမ ဦးစွာ ပျားနဲ့ပတ်သက်တဲ့ ထွက်ကုန်ပစ္စည်းလေးတွေ ဘာတွေ ရှိတယ်ဆိုတာ အရင်ပြောပြမယ်။
-honey ( ပျားရည်)
-honeycomb (ပျားဖယောင်း)
-propolis (ပျားက သူ့အိမ်ရဲ့ အပေါက်တွေ। အကွဲတွေ ဖာဖို့အတွက် အပင်မှရသောအရွက်। အဆီးရည် များပါဝင်သော ရောနှောအရည်ဓာတ်)
-royal jelly (လုပ်သားပျားများက ထုတ်လုပ်၍ ပျားသားလောင်းလေး များနှင့် ပျားဘုရင်မကို ကျွေးသော ပစ္စည်း)
-bee pollen ( ပျားရဲ့ တံတွေး।ပျားကိုယ်ပေါ်တွင် သယ်လာသော ဝတ်မှုန်များ)

ပျား ဝတ်မှုန်ဆိုတာ ဘာလဲ
-ပျားတွေက Pollen( ဝတ်မှုန်) တွေကို အထုပ်ကလေးတွေ ထုပ်ပြီး granulesစေ့လေးတွေ ပြုလုပ်ကြသည်။ တခါတလေ အဲဒီ granules ထဲမှာ ပျားရည် နှင့် အပင်မှရသည့် သကြားရည်များ ပါ ပါတတ်တယ်။

ပျား ဝတ်မှုန်မှာ ဘာတွေပါလဲ
-ဗိုက်တာမင်များ(Provitamin A, B-1, B-2 , B-3 , B-5, B-6 , B-12 , Pantothenic acid, Vitamin C, F, Vitamin D, Vitamin E, VitaminH, Vitamin K, Folic Acid, Choline, Inositol)
-သတ္တုဓာတ်များ
-ကာဘိုဟိုက်ဒရိတ်
-အဆီဓာတ်
-ပရိုတင်းဓာတ်များ

ပျား ဝတ်မှုန် Bee pollen ကို ဘာတွေအတွက် အသုံးပြုလေ့ရှိသလဲ
-ပျား ဝတ်မှုန်ကို ဖြည့်စွာစာတွေမှာ ၊အသားအရေ နူးညံ့ပျော့ပျောင်းစေတဲ့ အလှကုန် ပစ္စည်းတွေမှာ တွေ့ရတတ်တယ်။
-ဒါ့အပြင် ကျန်းမာရေးကောင်းစေဖို့ ၊အရက်သေစာ သောက်သုံးသူတွေမှာ ၊ ပန်းနာရင်ကြပ် ရောဂါ၊ဓာတ်မတည့်ရောဂါ ၊ အစာအိမ် ရောဂါများမှာ ၊ အားကစားသမားတွေ သက်လုံကောင်း ကျန်းမာစေဖို့ ၊ကင်ဆာဆေးတွေရဲ့ ဘေးထွက်အာနိသင် ခံစားနေရတာတွေကို လျော့နည်းစေဖို့ ဆိုပြီး ပြောရောင်းနေကြတာ တွေ့ရပါတယ်။
-တကယ်လက်တွေ့မှာတော့ သိပ္ပံပညာရှင်များရဲ့ လေ့လာထားချက်များအရ အဆိုပါ အာနိသင်များ မရှိကြောင်း ၊ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ ရှာမတွေ့ကြောင်း ဆိုပါတယ်။

ပျား ဝတ်မှုန်က ကျန်းမာရေးအရ စိတ်ချရရဲ့လား

-ပျား ဝတ်မှုန်ကို ရေတို အသုံးပြုမယ်ဆိုရင် လူတော်တော်များများ အသုံးပြုနိုင်ပါတယ်။
– အခန့်မသင့်လျှင် ပျားက စိုက်ခင်းများ। စက်ရုံများနားမှ Pollen များကို သယ်ခဲ့သော် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ပိုးမွှားသတ်ဓာတုဆေးများ। အဆိပ်ဓာတ်များ ပါရောပါလာနိုင်ပြီး Pollen ထဲတွင်အမြဲရှိနေလိမ့်မည်။ ဒါကြောင့် ဓာတုပစ္စည်းအဆိပ်သင့်တာတွေ ဖြစ်နိုင်တယ်။
-ဒါ့အပြင် အခန့်မသင့်ရင် ပျား ဝတ်မှုန်မတဲ့တာတွေ ဖြစ်တတ်တယ်။

ပျား ဝတ်မှုန် မတည့်တဲ့လက္ခဏာတွေကတော့
-ယားမယ်
-အင်ပြင်ထမယ်
-ခန္ဓာကိုယ် ရောင်ကိုင်းလာမယ်
-အသက်ရှူကြပ်ပြီး အခန့်မသင့်ရင် သေနိုင်တယ်။

ဘယ်သူတွေ ရှောင်သင့်သလဲ
-ကိုယ်ဝန်ဆောင်များ
-နို့တိုက်မိခင်များ
-ကလေးငယ်များ
-ဓာတ်မတည့်ရောဂါရှိသူများ
-နာတာရှည်ရောဂါ ရှိသူများ
-ဆေးများ စွဲသောက်နေရသူများ
အထူးသဖြင့် သွေးမခဲဆေး ဖြစ်တဲ့ Warfarin သောက်သုံးနေသူများ
(Warfarin နဲ့ ပျား ဝတ်မှုန် တွဲသောက်မိက သွေးအကျဲ လွန်ကာသွေးယိုစီးတာတွေ ဖြစ်လာမယ်။)

Bee sexy। Zi Xiu Tang। SBF ဆိုသော တံဆိများဖြင့် အာရှနိုင်ငံအချို့မှ ထုတ်လုပ်ပြီး ရောင်းချနေသော bee pollen များရှိသည်။ ထို Pollen များကို သောက်လျှင်ပိန်သည်ဟု ဆိုသည်။ အမှန်တော့ ထို Pollen ထဲတွင် အင်္ဂလိပ်ဆေး ပိန်ဆေး sibutramine ကို ရော ထည့်ထားသည်။

Sibutramine သည် နှလုံးရောဂါရခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ လေဖြတ်ခြင်းများကို ဖြစ်စေနိုင်သောကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် တင်သွင်းခြင်း ပိတ်ပင်ထားပါတယ်။ Bee pollen တွင်ပါသော ဓာတ်များသည် ပုံမှန် ဇီဝကတို့ စားသောက်နေသော အစားအသောက်များတွင် ပါရှိပြီး ဖြစ်ပါတယ်။

ပုံမှန် အာဟာရပြည့်စုံစွာ စားသောက်နေသူအဖို့ ဖြည့်စွက်စာတွေ ထပ်စားဖို့မလိုပါ။ ကလေးငယ်များကို အားဆေးတိုက်ချင်ကလည်း မြန်မာနိုင်ငံ ဆေးဝါးအသိအမှတ်ပြု လက်မှတ်ပါသော ကလေးအားဆေးများကို တိုက်ပေးလို့ရပါတယ်။

Author : ခေတ်သစ် ဇီဝက