နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ????

နှစ်နှစ် အထက် ကလေးတွေ ကို နို့တိုက်မယ် ဆိုရင် ဘယ်လိုအချက်တွေကြည့်သင့်သလဲ???? အခု ကျွန်တော်တို့ မြန်မာ နိုင်ငံ မှာ ခေတ်ကာလ နှင့် အညီ မိဘတွေ ကလည်း မိမိတို့ကလေးငယ်တွေ အတွက် နို့ကို သတိတရ တိုက်လာကြပါတယ်။ ဒီတော့ နို့တိုက်တဲ့ နေရာ မှာသတိထား သင့်တဲ့ အချက်လေး တွေ ပို အကျိုးရှိမယ့် အချက်လေးတွေကို တော့ သိသင့်ပါတယ်။

အခုနောက်ပိုင်း နို့တွေက လည်း တံဆိပ်မျိုးစုံ နဲ့ ရောင်းလာကြပါတယ်။ တနိုင်တပိုင် နွားနို့ က အစစူပါမားကတ် တွေ မှာ ရောင်း တဲ့ fortified milk (အာပာာရထပ်ဖြည့် ထားသောနို့) တွေအထိရွေးချယ်စရာတွေရှိလာပါတယ်။Fortified Milk မှာ ဘာတွေ ပါလေ့ရှိလဲ????

1. Vitamin D – အခုနောက်ပိုင်း ကလေးငယ်တွေ က အပြင်သွားရင်လဲ အဲကွန်းဖွင့် မှန်အလုံပိတ်ပြီးသွား၊ အိမ်ပြန်ရောက်ရင်လည်း အဲကွန်းခန်း ထဲ မှာ တစ်ချိန်လုံး နေ ၊ အပြင်ထွက်ကစား တတ်တဲ့အလေ့အကျင့်တွေ လည်းမရှိကြတော့ နေရောင်ခြည် နဲ့ ထိတွေ့ မှု့ ကလည်းအင်မတန်ရှားပါးလာပါတယ်။ နောက်ဆက်တွဲ ပြဿနာ အနေနဲ့ ကတော့ vitamin Dချို့တဲ့တာတွေဖြစ်လာပါတယ်။ Vitamin D ချို့တဲ့တော့ ရင် ကလေးငယ်တွေမှာ osteomalacia
လို့ခေါ်တဲ့ အရိုးပျော့ရောဂါဖြစ်တတ်ပါတယ်။ ဒါကြောင့် မိဘ အုပ်ထိန်းသူတွေ နို့ဝယ်တဲ့နေရာ မှာvitamin D ပါတာ လေးကို ရွေးချယ်ဝယ်သင့်ပါတယ်။

2. Vitamin B complex – အခုဆိုရင် နို့ တစ်ချို့မှာ vitamin B complex ထည့်လာကြတဲ့ အတွက်ကလေးငယ်များ အတွက် ဦးနှောက် နှင့် အာရုံကြော ဖွံဖြိုးမှု့ အတွက် ကောင်းပါတယ်။

3. Fish Oil(Omega 3 Fatty Acid), EPA, DHA – စတာတွေ ပါဝင်လာကြတဲ့ အတွက် ကလေးငယ်များ ဦးနှောက်ဖွံဖြိုးမှု့ ကို လွန်စွာ အထောက်အကူ ဖြစ်စေပါတယ်။

4. MCFA (Median Chain Fatty Acid) တစ်မျိုးဖြစ်တဲ့ Palm Olein ပါတဲ့ နို့တချို့ကို လည်းဈေးကွက်ထဲ မှာ တွေ့လာရပါတယ်။ MCFA က ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးမှု့နှင့်မှတ်ဉာဏ်စွမ်းအားကို ပိုကောင်းစေပါတယ်။

5. Soya Lecithin ပါဝင်ရင်တော့ choline ပါတဲ့ အတွက် မှတ်ဉာဏ် စွမ်းအားပိုကောင်းစေသလိုအသည်းလုပ်ငန်းဆောင်တာ (Liver Function) ကိုလည်း ပိုကောင်းစေပါတယ်။ ဒီ့အပြင်phospholipid ပါတဲ့ အတွက် ကိုယ်ခန္ဓာမှာ ရှိတဲ့ ဆဲလ် (Cell) တွေ တည်ဆောက်ဖို့အတွက် များစွာအထောက် အကူ ဖြစ်စေပါတယ်။

6. နောက်တစ်ခု သတိထားပြီး ကြည့်သင့်တာ ကတော့ MUFA လို့ ခေါ်တဲ့ Mono Unsaturated Fatty Acid တစ်မျိုးမျိုး ပါဝင်မှု့ရှိမရှိ ကြည့်သင့်ပါတယ်။ ဥပမာ Rapeseed oil လိုမျိုးပါ။ သူတို့တွေ မှာ Omega 3 Fatty Acid တွေ ၊ Vitamin E တွေ ပါတဲ့ အတွက် ကလေးငယ်တွေရဲ့ ကြီးထွားမှု့ အဆင့်တိုင်းမှာ အသုံးဝင်ပါတယ်။

7. Vitamin C- ထပ်ထည့် ထားရင်တော့ ကလေးငယ်တွေရဲ့ ခုခံစွမ်းအားကို မြှင့်တင်ပေးပြီး အခုလိုရာသီ အကူးအပြောင်း မှာ ဘတ်တီးရီးယား၊ ဗိုင်းရစ် ကြောင့် ဖြစ်တတ်တဲ့ နှာစေးချောင်းဆိုးအအေးမိတုပ်ကွေး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

8. Vitamin A – ပါဝင်ရင်တော့ ကလေးငယ်တွေမှာ vitamin A ချို့တဲ့လို့ ဖြစ်တတ်တဲ့အရေပြားရောဂါတွေ ကို ကာကွယ်ပေးတဲ့ အပြင် မျက်စိ ကျန်းမာရေး ကိုပါလွန်စွာအထောက်အကူပေးပါတယ်။

မှတ်ချက် – နှစ်နှစ် အထက် ကလေးငယ်တွေကို နို့တိုက်တဲ့ နေရာမှာ မလိုင်ပြည့်ပါတဲ့ Dull CreamMilk တွေကို မတိုက်သင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ လေ့လာတွေ့ရှိချက်တွေ အရ ငယ်ငယ်ကတည်းက Full Cream Milk (မလိုင်ပြည့်နို့) သောက်တဲ့ ကလေးတွေ က အရွယ်ရောက်တဲ့အချိန်မှာ သွေးတိုး၊ နှလုံး၊ ဆီးချို စတဲ့ရောဂါတွေ ဖြစ်ပွား နှုန်းများတဲ့ အတွက်ကြောင့်ပါ။

ဒါကြောင့် နှစ်နှစ် အထက်ကလေးငယ်တွေကို မလိုင်လျှော့ထားတဲ့ နို့ (Low Fat Milk) ဒါမှမဟုတ် မလိုင်မပါသလောက် ထုတ်ထားတဲ့ နို့ (Skimmed Milk) လိုမျိုးကို ရွေးချယ်တိုက်သင့်ပါတယ်။
လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော် @ Dr. Nutrition