ဖြတ်မလားအရေပြား

အမျိုးသားတို့၏ လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ခြင်း Circumcision သည်လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် နောက်ပိုင်းတွင်ရေပန်းစားလာခဲ့သည်။ လိင်အင်္ဂါထိပ် အရေပြားဖြတ်တောက်ခြင်းသည် သိသာထင်ရှားသောအ ကျိုးကလာဒ်ကောင်းများကို ဖြစ်ထွန်းစေနိုင်သည်။ (က) HIV ကူးစက်မှုမှကာကွယ်နိုင်သည်။ (ခ) သားအိမ်လည်တံကင်ဆာဖြစ်ပွားမှု လျော့နည်းစေသည်။ (ဂ) ဆီးကျိတ်ကင်ဆာ အန္တရာယ်မှနည်းပါးစေနိုင်သည်။ (ဃ) လင်တံကင်ဆာဖြစ်ပွားမှုမှ ကာကွယ်နိုင်သည်။ (င) ရောဂါပိုးမွှားများကူးစက်မှုမှလည်း ကင်းဝေးစေနိုင်သည်။ HIV ကူးစက်မှုမှကာကွယ်နိုင်ခြင်း လိင်အင်္ဂါထိပ်အရေပြားဖြတ်တောက်ထားသော အမျိုးသားများသည် HIV ကူးစက်မှုအခွင့်အလမ်းမှ ၆၀ ရာခိုင်နှုန်းလျော့ကျစေသည်ဟု ဆိုပါသည်။ လိင်အင်္ဂါထိပ်အရေပြားတွင် HIV ဗိုင်းရပ်စ်ပိုးအတွက် ပစ်မှတ်က လာပ်စည်းများ (အဓိကကူးစက်နိုင်သည့် ကလာပ်စည်းများ) မြောက်များစွာရှိနေခြင်းကြောင့် လိင်အင်္ဂါထိပ်အ ရေပြားဖြတ်တောက်လိုက်ခြင်းသည် ရောဂါကူးစက်မှုကို ဟန့်တားရာရောက်ခြင်းဖြစ်နိုင်ပါသည်။ နောက်တစ် ချက်မှာလိင်ဆက်ဆံစဉ် ဒဏ်ရာအနာဖြစ်လွယ်မှုကြောင့် ရောဂါပိုးများဝင်ရောက်ရန် အခွင့်သာစေခြင်းဖြစ်ဖွယ် ရာရှိသည်။ လိင်အင်္ဂါထိပ်အရေပြား ဖယ်ရှားလိုက်ခြင်းမှာ ရောဂါပိုးဝင်ရောက်မည့်လမ်းကြောင်းကို […]

Read More

ကလေးမရခြင်း

အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြလို့ပါ။ တစ်အိုးတစ်အိမ်နဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ဖြစ်ချင်ကြလို့ပါ။ အိမ်ထောင်သည်ဖြစ်လာရင် ချက်ချင်းမဟုတ်တောင် တစ်ချိန်ချိန်တော့ သားသမီးလိုချင်လာတတ်ကြပါတယ်။ လိုချင်တဲ့အခါ ကလေးမရရင်စိတ်ဆင်းရဲတတ်ကြတယ်။ ငါ့အပြစ်လား၊ သူ့အပြစ်လားတွေးတတ်ကြတယ်။ ဘာကြောင့်ကလေးမ ရကြတာလဲ။ ကလေးမရဘူးဆိုတဲ့နေရာမှာ တားနည်းတစ်စုံတစ်ရာမှမသုံးဘဲ တစ်နှစ်ကျော်လောက်ပုံမှန်လိင်ဆက်ဆံနေကြ ပါလျက်နဲ့ က လေးမရတဲ့အခါမှဆိုလိုတာပါ။ တစ်ခါမှမရဘူးတာလား။ ပထမကလေးရပြီးမှ ထပ်မရတော့တာ လား လည်းရှိတတ်ကြပါတယ်။ နှစ်ယောက်လုံးနဲ့ဆိုင်တဲ့အချက်တွေကတော့ အတူနေတဲ့အခါအဆင်မပြေခြင်းတွေ၊ အတူနေတဲ့ရက် အပိုင်းအခြားနဲ့အတူနေပြီး ရေဆေးမိခြင်းတွေနဲ့လည်း ဆိုင်တတ်တယ်။ နှစ်ယောက်စလုံးမှာ စိတ်ဖိစီးမှုတွေများနေရင် လည်းဖြစ်နိုင်တယ်။ အမျိုးသားကြောင့်ဖြစ်နိုင်တဲ့အချက်တွေက သုက်လွှတ်မြန်နေခြင်း၊ သုက်လွှတ်ပေမယ့်နောက်ပြန်စီးနေခြင်း၊ သုက်ပိုးလုံးဝမပါ ခြင်း၊ သုက်ပိုးမပြည့်မီခြင်း၊ မွေးရာပါဝှေးစေ့မပါခြင်း၊ သေးခြင်း၊ ပိုးဝင်ဖူးခြင်း၊ ထိခိုက်ဒဏ်ရာရ ဖူးခြင်း၊ ခွဲစိပ်ဖူးခြင်း၊ ဓာတ်ရောင် ခြည်ခံဖူးခြင်း၊ ဂနိုရောဂါနဲ့ TB ရောဂါများ၊ တချို့သောဆေးတွေစွဲသောက်နေရ […]

Read More

ပျိုမေတို့ဓမ္မတာမမှန်လျှင် (Irregular Menstruation)

ဓမ္မတာလာခြင်း၊ မလာခြင်း၊ မီးယပ်သွေးမှန်ခြင်း၊ မမှန်ခြင်းတို့ဟာ အမျိုးသမီးတို့ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲဖြစ် တယ်။ ဓမ္မတာလာခြင်းနှင့် မမှန်ခြင်းသဘောသဘာဝကို အမျိုးသမီးတိုင်းသိရှိနားလည်ဖို့လိုပါတယ်။ ဓမ္မတာ လာခြင်း မီးယပ်သွေးဆင်းခြင်းဆိုတာ အမျိုးသမီးတို့ရဲ့သားအိမ်အတွင်းမှ အချိန်မှန်မှန်ထပ်ခါတလဲလဲ လစဉ် သွေးဆင်းခြင်းပဲဖြစ်တယ်။ အပျိုအရွယ်ကစလို့ သွေးဆုံးတဲ့အထိ ကိုယ်ဝန်ဆောင်စဉ်နဲ့နို့တိုက်စဉ် အစောပိုင်းက လွဲရင် အစဉ်အမြဲဖြစ်ပျက်နေတဲ့ ဓမ္မတာတစ်ရပ်ပဲဖြစ်လို့ ဓမ္မတာလာတယ်ဆိုတယ်။ ဓမ္မတာလာခြင်းဟာ အမျိုးသမီးတို့ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းများရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်ကို ဖော်ပြတဲ့သဘာဝ လက္ခဏာပဲဖြစ်တယ်။ ယင်းကဲ့သို့ဓမ္မတာလာရခြင်းမှာ မမျိုးဥအင်္ဂါမှထုတ်လုပ်တဲ့ မဟော်မုန်းဓာတ် (Oestrogen) နဲ့သန္ဓေတည်ဟော်မုန်းဓာတ် (Progesterone) တို့ကြောင့်သားအိမ်အတွင်းသားဟာ အမမျိုးဥနဲ့ အဖိုမျိုးဥထိတွေ့သန္ဓေတည်ပါက အဆင်သင့်ဖြစ်နေစေဖို့ တိုးပွားများပြားလာပြီးထူလာမှ သန္ဓေမတည်တဲ့အခါ ယင်းပြင်ဆင်မှုများပျက်ပြယ်ပြီး သွေးများနဲ့အတူ သားအိမ်အပြင်ကိုကြွေကျခြင်းဖြစ်တယ်။ ဓမ္မတာစလာခြင်းဟာ အပျိုအရွယ်ရောက်စ အသက် (၁၁)နှစ်မှ (၁၆)နှစ်အတွင်းဖြစ်ပေါ်လေ့ရှိတယ်။ ဓမ္မတာစ တင်လာတဲ့အသက်အပိုင်းအခြားဟာ လူမျိုး၊ ဓလေ့၊ […]

Read More

သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ အပြင်ထုတ်ခြင်းနှင့် တခြား အရပ်စကား စိတ်မချရသည့် နည်းများ

ဇီဝကတို့တတွေ မိမိတို့ ချစ်သူခင်သူ ဇနီးသားမယားတို့နှင့် ပျော်ပျော်ရွှင်ရွှင် ဘဝခရီးဆက်ချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မိမိတို့မမျှော် လင့်ထားတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။ အဲ့သည်အချိန်တွေမှာ မကြံသင့် မကြံအပ်တာတွေ လုပ်မိတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ အရပ်ထဲ တစ်ဆင့် စကားနဲ့ ကျင့်သုံးနေတဲ့ အပြုအမူများကို ကျန်းမာရေးရှူထောင့်က ပြောပြချင်ပါ တယ်။ သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ ယောကျာင်္းအင်္ဂါကို အပြင်ထုတ်ခြင်း။ ဤနည်းသည် လိင်ဆက်ဆံရာတွင် လုံးဝအောင့်အည်းနိုင်ရပေသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် လုံးဝ မညီညွတ်ပါ ။ ဒါ့အပြင် သုတ်မထွက်အောင် အောင့်အည်းနေရခြင်းထက် ထွက်သောသုက်ကို ယောနိ ၊ တစ်နည်း မိန်းမကိုယ်ထဲ မရောက်အောင် သုတ်ထွက်ခါနီးတါင် လိင်တံကို အပြင်သို့ထုတ်ကာ သုတ်ထွက်စေ ရသည်။ ထို့ကြောင့် အမျိုးသားရော ၊ အမျိုးသမီးပါ […]

Read More

အယူအဆ အမှားတချို့

အမျိုးသားနှင့် အမျိုးသမီးတို့ ဆက်ဆံမှုနှင့် ပတ်သက်သော အယူအဆမှားတစ်ခုကို တင်ပြလိုပါသည်။ အဆိုပါ အယူအဆအမှားမှာ ရယ်စရာလည်းကောင်းလှသည်။ အရေးကြီးသော ဆောင်ရွက်စရာကိစ္စ၊ အခက်အခဲနှင့် တွေ့ကြုံရမည့်ကိစ္စ၊ ဖိစိးမှုများရမည့်ကိစ္စမျိုးကို ရင်ဆိုင်ဖြေရှင်းခြင်းမပြုမှ၊ ဆက်ဆံမှုပြုပါက၊ အဆိုပါကိစ္စရပ်များသည် လွယ်ကူချောမွေ့စွာ အဆင်ပြေနိုင်ပြီး၊ အောင်မြင်မှုရနိုင်သည်ဟူသော အယူအဆပင်ဖြစ်သည်။ ဆက်ဆံမှုသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်တချို့ကို ပြောင်းလဲသွားစေသည်။ ဆက်ဆံမှုသည် ဖိစီးမှု ကို ဖြေလျော့နိုင်သည်ဟုဆိုသည်။ ဖိစီးမှုဟော်မုန်းကော်တီဆော Cortisol ထွက်ရှိမှုကိုလည်း ကျဆင်းစေပြီး၊ ကော်တီဆော၏ ဆိုးကျိုးမှလည်း ကင်းစေနိုင်သည်။ ထို့အပြင် ဦးနှောက်၌ အင်ဒေါ့ဖင်ဟော်မုန်းသည် စိတ်ကျေနပ်နှစ်သက်မှုကို ဖြစ်ထွန်းစေနိုင်သည်။ ခန္ဓာကိုယ်၏ အထွေထွေကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်။ နှလုံးသွေးကြောပြဿနာများ (နှလုံးကြွက်သား ရုတ်တရက် ပျက်ယွင်းမှု Heart Attack နှင့် လေဖြတ်ခြင်း Stroke) ဖြစ်ပွားမှုကိုလည်း လျော့ကျစေနိုင်သည်။ […]

Read More