‘Protects What’s Good with Tetra Pak’ ပွဲတော်ကြီး

ပွဲတော် သတင်း! ဖေဖော်ဝါရီ ၂၄ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ‘Protects What’s Good with Tetra Pak’ ပွဲတော်ကြီးတွင် စိတ်လှုပ်ရှားဖွယ်အစီအစဉ်များစွာကို ပါဝင်ဆင်နွှဲလိုက်ပါ သင်ဟာ ကျန်းမာပျော်ရွှင်သောဘဝတစ်ခုကို ပိုင်ဆိုင်ချင်သူတစ်ဦးဆိုရင်တော့ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ Myanmar Culture Valley မှာကျင်းပပြုလုပ်မယ့် ‘Protects What’s Good with Tetra Pak’ ပွဲကိုလာရောက်ဆင်နွှဲဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ကမ္ဘာ့ထိပ်တန်း စားသောက်ကုန် ထုတ်လုပ်ရေးဆိုင်ရာနည်းပညာနှင့်  ထုပ်လုပ်ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Tetra Pak မှ ကျင်းပပြုလုပ်မယ့် ဒီပွဲကြီးမှာ သင်ကိုယ်တိုင် တက်ရောက်ဆင်နွှဲဖို့ ကျွန်ုပ်တို့အနေနှင့်ဖိတ်ခေါ်ချင်တဲ့ အကြောင်းအရာများစွာရှိတဲ့အနက် တစ်ခုတည်းသောအဓိကအချက်ကတော့ ကျန်းမာရေးအတွက်လို့ပဲပြောပါရစေ။ အစားအသောက်ဘေးဥပါဒ်ကင်းရှင်းရေးဟာ သင့်ဘဝကျန်းမာ လှပစေဖို့ အရေးပါတဲ့အခန်းကဏ္ဍမှပါဝင်ပြီး ဒီပွဲကြီးမှာတော့ ကျွန်ုပ်တို့အနေနဲ့ နွားနို့ထုတ်ကုန်များ၏  ကောင်းကျိုးအာနိသင်၊ သင့်ကျန်းမာရေးနဲ့ သင်ချစ်ရတဲ့လူတွေရဲ့ ကျန်းမာရေးကို […]

Read More

အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း

အမျိုးသမီးသားကြောဖြတ်ခြင်းဆိုတာက တားဆေးသောက်တာ၊ ထိုးတာ၊ ကွန်ဒုံးသုံးတာ စတဲ့ သားဆက်ခြားနည်းလမ်းတွေထဲက နည်းလမ်းတစ်ခု ပဲဖြစ်ပါတယ်။ အကြမ်းအားဖြင့်ပြောရရင် သန္ဓေအောင်ရန်(ကလေးရရန်) အတွက် မမျိုးဥတစ်ခု(Ovum)ဟာ သားဥပြွန်ကို ဖြတ်သန်းသွားရပြီး သားအိမ်တွင် သုက်ကောင်နဲ့တွေ့ရပါတယ်။ သားကြောဖြတ်တယ်ဆိုတာက ထိုမမျိုးဥဖြတ်သန်းသွားရသောလမ်းကြောင်းဖြစ်သည့် သားဥပြွန်လေးတွေကို (Fallopian Tubes) ကို ဖြတ်တောက်ပြီး ထုံးထားလိုက်တာ  ဖြစ်ပါတယ်။ ဒီလိုဖြတ်တောက် ထုံးထားလိုက်တဲ့အတွက် မမျိုးဥဟာ သုက်ကောင်နဲ့ မတွေ့နိုင်တော့တာကြောင့် ကိုယ်ဝန်လည်း မရနိုင်တော့ပါဘူး။ သားကြောဖြတ်တာကို ဗိုက်ခွဲပြီး သားဥပြွန်တွေကို ဖြတ်တောက်ထုံးခြင်းဖြင့် လုပ်နိုင်သလို အခုနောက်ပိုင်း ခေတ်မှီလာတာနဲ့အမျှ -Hysteroscopic Method -Electrocautery/diathermy -Laser -Clips -Fallope ring စတဲ့နည်းလမ်းတွေနဲ့လည်း လုပ်နိုင်ပါတယ်။ သားကြောဖြတ်တယ်ဆိုတာက သားအိမ်ကိုပါ ထုတ်လိုက်တာ မဟုတ်တဲ့အတွက်  ပုံမှန်ရာသီသွေးကတော့ တစ်လတစ်ခါပေါ်ရမှာပါ။ သို့သော် […]

Read More

သားအိမ်ထဲတွင် အသားလုံးတည်ခြင်း

ဆေးပညာအရတော့ Myoma ( မြို့မ မဟုတ်ပါ မိုင်ယိုးမားလို့အသံထွက်ပါတယ်) သို့မဟုတ် Fibroid လို့ခေါ်ပါတယ်။ သားအိမ်ထဲမှာ အသားလုံးတည်တာဟာ အသက်၃၅ နဲ့ ၄၅ ကြားရှိ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဘာဖြစ်လို့ သားအိမ်ထဲမှာ အသားလုံးလာတည်ရလဲဆိုတဲ့ အကြောင်းရင်း အတိအကျတော့ မသိသေးပါဘူး။ သို့သော် သုတေသနပြုချက်တွေအရ ဖြစ်နိုင်ခြေများတဲ့ အမျိုးသမီးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ ၁။ အိမ်ထောင်မပြုတဲ့အမျိုးသမီးများ ၂။ အိမ်ထောင်ပြုသော်လည်း ကလေးလုံးဝမမွေးတဲ့ အမျိုးသမီးများ ၃။ တအားဝတဲ့အမျိုးသမီးများ ၄။ အဘွားတို့ အမေတို့မှာ သားအိမ်ထဲ အသားလုံးတည်ဖူးသော မိသားစုရာဇဝင် (Family History) ရှိတဲ့ အမျိုးသမီးများ အကြမ်းအားဖြင့် ပြောရရင် သားအိမ်အလုံးဆိုတာ သားအိမ်ရဲ့အလွှာ သုံးခုထဲက တလွှာလွှာထဲကနေ ဖြစ်လာတာပါ။ ဖြစ်တဲ့အလွှာအလိုက် […]

Read More

ခွဲစိတ်ပြီးစ လေပွခြင်း ဒုက္ခ

ဘဝမှာ အကြောင်းကိစ္စ တစ်ခုခုကြောင့် ခွဲစိတ်မှု့ ပြုရတာမျိုးတွေ ရှိတတ်ပါတယ်။ အူအတက်ပေါက်လို့ ဗိုက်ခွဲရတာ ၊ သားအိမ်မှာ အလုံးတည်လို့ ဗိုက်ခွဲရတာ၊ ကလေးမွေးလို့ ဗိုက်ခွဲရတာ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဗိုက်ကိုခွဲစိတ်မှု့တွေ လုပ်ရတတ်ပါတယ်။ ဒါမှမဟုတ်လည်း ကျောက်ရှိလို့ မှန်ပြောင်းနဲ့ ထုတ်ရတာ ၊ မှန်ပြောင်းနဲ့ အသားစယူတာ စသဖြင့် အသေးစား ခွဲစိတ်မှု့မျိုးတွေလည်း ပြုလုပ်ရတာတွေရှိတယ်။ ဗိုက်ခွဲပြီးရင် အနာက နာတာတစ်မျိုး ၊ ဗိုက်ထဲက လေထိုးလို့ နာတာတစ်မျိုးစတဲ့ နာကျင်မှု့တွေကို ခံစားရလေ့ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခွဲစိတ်ပြီးခါစမှာ ဖြစ်တဲ့ လေထိုးလေအောင့် အကြောင်းလေး အနည်းငယ် ဖော်ပြချင်ပါတယ်။ လူတစ်ယောက်ရဲ့ အစာအိမ်နှင့် အူလမ်းကြောင်းမှာ ပုံမှန် လေတွေရှိနေပါတယ်။ ဒီလေတွေဟာ အစားစားရင်း အမှတ်မထင် မျိုချခြင်းဖြင့်သော်လည်းကောင်း ၊ […]

Read More

ခွေးရူးရောဂါ

  ခွေးရူးရောဂါဟာ ခွေးကိုက်လို့ ဖြစ်တယ်လို့ပဲ တော်တော်များများ သိကြပါတယ်။ အမှန်တကယ်ကတော့ Rhabdo Virus (ရက်ဒိုဗိုင်းရပ်စ်)ပိုး ကူးစက်ခံရလို့ဖြစ်တာပါ။ ဒီဗိုင်းရပ်စ်က လူကို ခွေးကိုက်တာကနေပဲ ကူးစက်နိုင်တာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးရှိတဲ့ ကြောင်၊ လင်းနို့၊ မြေခွေး၊ ခွေးအ၊ ဝံပုလွေစတဲ့ နို့တိုက်သတ္တဝါ တောရိုင်းတိရစ္ဆာန်အနွယ်ဝင်တွေရဲ့ ကုတ်ခြင်း၊ ကိုက်ခြင်းခံရရင်သော်လည်းကောင်း၊ မိမိတွင်ရှိသည့် အရေပြားအနာ သို့မဟုတ် ပွန်းပဲ့ဒဏ်ရာနဲ့ ထိုတိရစ္ဆာန်များရဲ့သွားရည်နဲ့ ထိမိရင်သော်လည်းကောင်း၊ ခွေးရူးရောဂါနဲ့သေဆုံးမှန်းမသိဘဲ ထိုသူထံမှ မျက်ကြည်လွှာ အားယူပြီး အစားထိုး ကုသမှုခံယူခဲ့ရင်သော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ ပိုးဝင်ဝင်ချင်းတော့ ရောဂါလက္ခဏာ မပြတတ်ပါ။ ကိုက်တဲ့ဒဏ်ရာ အနည်းအများရယ်၊ ကိုက်တဲ့နေရာပေါ်ရယ် မူတည်ပြီး ရောဂါလက္ခဏာပြဖို့ ပိုးဝင်တဲ့အချိန်ကနေ ၉ရက် သို့မဟုတ် လေးပတ်ကနေ ရှစ်ပတ်အထိလည်းကြာတတ်ပါတယ်။ ခွေးရူးရောဂါတွင် အကြမ်းအားဖြင့် Furious […]

Read More

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုခြင်းအကြောင်း

ရေအသက် တစ်မနက်ဆိုသည့်အတိုင်းရေဟာ ကျွန်တော်တို့ လူသားတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ပါ နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပါ။ လူ့ ခန္ဓာကိုယ်ရဲ့ ၆ဝ မှ ၇ဝ ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့ စည်းထားတာပါ ။ လူတစ်ယောက်ရဲ့နေ့စဉ်ရေလိုအပ်ချက်ကတော့ အကြမ်းအားဖြင့် ၂လီတာပါ။ ထိုထက်ပိုသောက်ပါကလည်း ကျောက်ကပ်ကောင်းရင် ဘာပြသာနာမှ မရှိပါဘူး။ ထိုမရှိမဖြစ် လိုအပ်သောရေသည် နည်းလမ်းတကျသာ သောက်သုံးပါက ကျန်းမာရေးအတွက်ပါ တဖက်တလမ်းက အထောက်အကူပြုနိုင်ပေသည်။ ရေတွင် အစွမ်းထက်သော တန်ခိုးအာနိသင်များရှိသည်။ တချို့သော လေ့လာချက်များတွင် ဆေးဝါးဖြင့် ကုသမရနိုင်သော ရောဂါများကိုပင် ရေသောက်ခြင်းဖြင့် ပျောက်ကင်းသွားကြသည်ဟု ပြောထားတာတွေလည်း ရှိပါတယ်။ သန့်ရှင်းသောရေ ဖြစ်ဖို့တော့လိုပါသည်။ နံနက်စောစော အိပ်ရာထထခြင်း ရေသောက်တာဟာ ကျန်းမာစေတယ်လို့ အားလုံးနီးပါး သိထားကြပြီးဖြစ်ပါတယ်။ နံနက်စောစော ရေသောက်ပြီးနောက် နာရီဝက်လောက်ထိ အစာမစားဘဲ […]

Read More

ဗိုက်ရစ်နာတာ အဖြေရှာ

တစ်ခုခုကို လုပ်တော့မယ် ၊ ခရီးသွားတော့မယ်ဆိုမှ ဗိုက်ရစ်နာလာတဲ့ ဒုက္ခက တော်တော်ဆိုးပါတယ်။ တချို့လူတွေမှာတော့ ပုံမှန်အချိန်ဆို ဝမ်းချုပ်နေတတ်ပြီး ခရီးသွားတော့မယ်ဆိုမှ ဝမ်းသွားတာမျိုးတွေ လည်းရှိပါတယ်။ တစ်ခုခုဆို ဗိုက်ကြီးက လေတွေပွပြီး နာလာတာမျိုး ၊ အိမ်သာတက်ချင်လာတာမျိုးတွေဟာ လူနေမှု ဘဝပုံစံကို တော်တော်လေး စိတ်ကသိကအောင့် ဖြစ်စေတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဒီလို လက္ခဏာတွေကို ဖြစ်စေနိုင်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ Irritable bowel syndrome ဆိုတဲ့ ရောဂါ အကြောင်းလေးပြောပြချင်ပါတယ်။ ဒီရောဂါဟာ အူမကြီးမှာ ဖြစ်တဲ့ ရောဂါတစ်ခုပါ။ ဘာကြောင့်ဖြစ်တယ် သေချာမသိရပေမယ့် အစာအိမ်ချေဖျက်မှု တစ်ခုခု မှားယွင်းနေတာ ဒါမှမဟုတ် အူက ဓာတ်တုန့်ပြန်မှု များလို့ ဖြစ်တာလို့ ယူဆပါတယ်။ ဒီရောဂါဟာ အသက်ငယ်တဲ့သူတွေ အသက် ၄၅ နှစ်အောက်မှာ […]

Read More

လေပွခြင်း

ဆရာမရယ် ဗိုက်ကိုပုတ်လိုက်ရင် တဗုတ်ဗုတ်နဲ့အမြဲလေပွနေလို့ စိတ်ညစ်နေရတယ်လို့ မေးသူများအတွက် ဖြေပေးလိုက်ပါတယ်။ အစာအိမ်နဲအူလမ်းကြောင်းမှာ လေ နဲ့ ဂတ်စ်တွေပြည့်နေခဲ့ရင် လေပွတာခံစားရပါတယ်။ လေပွခြင်းကြောင့် ဝမ်းဗိုက်ဖောင်းကား တောင့်တင်းပြီး နေရတာ ပြည့်အင့်နေသလိုဖြစ်တတ်ပါတယ်။ တခါတရံလေပွတာဆိုးရွားပြီး ဗိုက်အောင့်မယ်၊ လေအန်မယ်၊ လေထိုးမယ် စတာတွေပါ ခံစားရပါမယ်။ လေပွခြင်းကြောင့် ကိုယ်လက်မအီမသာဖြစ်ကာ မိမိပုံမှန်အလုပ်များတောင် မလုပ်နိုင်သည် အထိဆိုးရွားပါတတ်ပါတယ်။ လေပွခြင်းက လူငယ်လူရွယ်များနှင့်ကလေးများမှာ အဖြစ်များပါတယ်။ အစာစားပြီးနောက်လေပွခြင်းက ဂတ်စ်ကြောင့်အဖြစ်များပါတယ်။ အစာမကြေရာမှထွက်သော gas များနှင့် မျိုချလိုက်သော လေများကြောင့် လေပွပါတယ်။ အစာအစားများအမြန်မျိုချခြင်း၊ ပီကေဝါးခြင်း ၊ဆေးလိပ်သောက်ခြင်း၊ သွားမခိုင်ခြင်းတို့ကြောင့် လေများဗိုက်ထဲ ဝင်သွားပြီး လေပွပါတယ်။ တခြားဖြစ်စေနိုင်တဲ့ရောဂါများကတော့ အူရောင်ရမ်းခြင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်း မကောင်းခြင်း၊ ရင်ပူခြင်း၊ဝခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ ကပ်ပါးပိုးကြောင့်ရောဂါဖြစ်ခြင်း၊ အစာစားချိန် မမှန်ခြင်း၊ […]

Read More

နှလုံးကြီးတယ်ဆိုတာ

လူနာတစ်ချို့ မှာ စမ်းသပ်ရင်းနဲ့ဖြစ်ဖြစ် ဓာတ်မှန်ရိုက်လိုက်လို့ပဲ တစ်ခါတစ်လေမှာ နှလုံးကြီးနေတာကိုတွေ့ရတတ်ပါတယ်။ နှလုံးကြီးတယ်လို့ပြောလိုက်တဲ့အခါ ဘာကြောင့်နှလုံးကြီးရတာလဲ ဆိုတဲ့ အကြောင်းလေးတွေ သိချင်တတ်ကြတယ်။ နှလုံးကြီးတယ်ဆိုတဲ့အပိုင်းမှာ နှလုံး အခန်းတွေ ကြီးနေတာကြောင့်လည်းဖြစ်နိုင်တယ် နှလုံးကြွက်သားတွေ ကြီးပြီးထူနေတာလည်းဖြစ်နိုင်တယ်။ နှလုံးအခန်းကြီးတာတွေကတော့ များသောအားဖြင့် ဘယ်ဘက်အခြမ်းကြီးတာတွေမှာ ဖြစ်တတ်ပါတယ်။ နှလုံးအဆို့ရှင်တွေ မလုံတာမျိုး ဖြစ်တတ်တဲ့ ရောဂါတချို့မှာ နောက်ဆက်တွဲအနေနဲ့ နှလုံးအခန်းတွေ ကြီးလာတတ်ပါတယ်။ နှလုံးကြွက်သားတွေ ကြီးပြီး ထူလာတာမျိုးတွေက သွေးတိုးကြာနေတဲ့သူတွေ၊ သွေးအားနည်းရောဂါ ရှိသူတွေ မှာလည်း ဖြစ်နိုင်ပါတယ်။ အရက်သောက်တဲ့သူတွေမှာလည်း ဖြစ်နိုင်တယ်။ ကိုယ်ထဲမှာ သံဓာတ်တွေ လိုတာထက်ပိုများနေတဲ့ haemochromatisis ရောဂါမှာလည်း ဖြစ်နိုင်တယ်။ သိုက်ရွက်ဟော်မုန်းများတဲ့အခါမှာလည်းဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေစဉ်နဲ့ ကလေးမွေးပြီးစအချိန်တွေမှာလည်း နှလုံးကြွက်သားကြီးလာနိုင်တယ်။ တချို့ ဗိုင်းရပ်စ်ပိုးတွေကြောင့်လည်း နှလုံးကြီးလာနိုင်ပါတယ်။ နောက်ထပ်တစ်မျိုးကတော့ နှလုံးအခန်းတွေကို ကန့်ထားတဲ့ အလယ်ကြွက်သား ကြီးနေတဲ့အခါမျိုးတွေမှာလည်းဖြစ်တတ်တယ်။ […]

Read More

စကားပြောသော မျက်လုံးများ

သင်၏မျက်လုံးများက ပြောသော သင့်ရောဂါများအကြောင်းသင်သိပါရဲ့လား??? (၁)ရုတ်တရက်မျက်လုံးများပြာခြင်း သင်၏အမြင်အာရုံရုတ်တရက် ခေတ္တခဏပျောက်ခဲ့လျှင်သင်၏ဦးနှောက် သို့မဟုတ် မျက်လုံးသို့ သွေးစီးဆင်းမူတွင်ပြသာနာတစ်ရပ်ကြောင့်ဖြစ်နိုင်ပါတယ်။ထိုကဲ့သို့ ဖြစ်ပွားခဲ့လျှင် ချက်ချင်းဆေးဝါးကုသမူခံယူပါ ။မဟုတ်လျှင် ပိုမိုပြင်းထန်သောဝေဒနာခံစားရနိုင်သည်။ချက်ချင်းအမြင်အာရုံပြန်ရနိုင်စေကာမူ လေဖြတ်နိုင်ခြင်း အစ ခေါင်းခဲဝေဒနာ အစ ဟု မှတိယူနိုင်ပါသည်။ (၂)မျက်လုံးပြူးလာခြင်း မျက်လုံးပြူးထွက်လာခြင်းသည် သိုင်းရွိုက်ဟော်မုန်းပိုမိုထွက်သောရောဂါ (Grave ‘s disease)၏ လက္ခဏာတစ်ရပ်ဖြစ်သည်။၎င်းသည် ဝမ်းလျောခြင်း၊ပိန်ခြင်း၊လက်တုန်ခြင်းစသည့်တို့ပါ ဖြစ်နိုင်သည်။ဆေးဝါးဖြင့်ကုသခြင်း (ဝါ) ခွဲစိတ်မူခံယူခြင်းဖြင့် ဟော်မုန်းများခြင်းကိုထိန်းချုပ်ကုသနိုင်ပါသည်။ (၃)မျက်လုံးဝါးခြင်း/မှုန်ခြင်း မျက်လုံးဝါးခြင်း/မှုန်ခြင်းသည် ဆီးချိုရောဂါ၏ လက္ခဏာဖြစ်ပါတယ်။အမြင်အာရုံထိခိုက်သည်အထိဖြစ်နိုင်ပါတယ်။လေဆာဖြင့်ကုသလို့ရပါတယ်။ (၄)မျက်ကြည်လွှာဘေးအကွင်းပေါ်ခြင်း မျက်ကြည်လွှာအပြင်ဘေးစွန်းတွင် အဆီများစုပုံလာသောကြောင့် အညိုရောင်အတန်းပေါ်လာခြင်းဖြစ်ပါသည်။အများအားဖြင့်သက်ကြီးရွယ်အိုများတွင်တွေ့ရတတ်သော်လည်းအသက်၄၀အောက်လူငယ်များတွင်တွေ့ရှိပါက ကိုလက်စရော အလွန်များသော အန္တရာယ်ရှိသော လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ (၅)မျက်ခွံတွဲကျခြင်း မျက်ခွံတွဲကျခြင်းသည် အာရုံကြောကြွက်သားနှင့်ဆိုင်သောရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်သည်။၎င်းရောဂါသည် ကိုယ်ခံစွမ်းအားကို ထိခိုက်စေပြီး ကြွက်သားများအားနည်းစေပါသည်။ဆေးဝါးကုသခြင်း(ဝါ) သိုင်းမတ်ဂလင်းထုတ်ခြင်းစသည်ဖြင့်ကုသနိုင်ပါသည်။ (၆)မျက်လုံးဝါခြင်း မျက်လုံးဝါခြင်းသည် အသည်းရောဂါများ၏လက္ခဏာတစ်ရပ်ဖြစ်သည်။ဘီလီရူပင်မြှင့်တက်ခြင်းကြောင်း အသည်းရောင်၊အသည်းပျက်စီးကာ […]

Read More