အဆုတ်ထဲရေဝင်ခြင်း

အရပ်ခေါ်ကတော့ အဆုတ်ထဲရေဝင်ခြင်းပါ။ သို့သော် တိတိကျကျပြောရရင် အဆုတ်ထဲကို ဝင်တာမဟုတ်ပါ။ အဆုတ်ကို ဝန်းရံဖုံးအုပ်ထားတဲ့ အမြှေးလွှာနှစ်ခု (Visceral Pleura and Parietal Pleural) ကြားရှိ Pleural Space ဟုခေါ်သော နေရာလေးထဲ ရေတွေစုလာခြင်း ဖြစ်သည်။ ပုံမှန်ဆိုရင် ထိုအမြှေးလွှာနှစ်ခုကြားမှာ အရည်လွှာပါးပါးလေး (thin film of serous liquid) တစ်ခုသာ ရှိပါတယ်။ အဆုတ်ထဲရေဝင်ခြင်းလို့ ပြောပေမယ့် ထို pleural space ဟု ခေါ်သောနေရာတွင် ဝင်ရောက်လာစု နိုင်တာက ရေအပြင် သွေးလည်းဖြစ်နိုင်သည်။ ပြည်လည်း ဖြစ်နိုင်သည်။ အဆုတ်ထဲရေဝင်ရခြင်းအကြောင်းရင်းများကတော့ အဆုတ်မှာဖြစ်တဲ့ ရောဂါတွေကြောင့်လည်းဖြစ်နိုင်သလို အဆုတ်မှာမဟုတ်ဘဲ တခြားအင်္ဂါတွေမှာ ဖြစ်တဲ့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဆုတ်ထဲ ရေဝင်တာကိုဖြစ်စေတဲ့ အဆုတ်မှာဖြစ်သော ရောဂါတွေကတော့ […]

Read More