အဖြူဆင်းတယ် ဆိုရာဝယ်

  မိန်းကလေး တော်တော်များများဟာ အဖြူဆင်းပြီဆို စိုးရိမ်တတ်ကြပါတယ်။ ပုံမှန်မှ ဟုတ်ရဲ့လား၊ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါလား ၊ ပိုးဝင်တာများလားဆိုပြီး တွေးပူတတ်ကြပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါဖြစ်တာ မဟုတ်ပါဘူး။ ပုံမှန်မှာလည်း အဖြူဆင်းတာမျိုး ရှိတတ်ပါတယ်။ ရာသီလာပြီးချိန်တွေ ၊ မျိုးဥကြွေနေတဲ့ အချိန်တွေမှာဆို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေ ပြောင်းလဲပြီး အဖြူဆင်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ပုံမှန်အဖြူဆင်းတဲ့အခါမှာ ပမာဏ အရမ်းများလေ့ မရှိပါဘူး။ အရောင်က အကြည်ရောင်ကနေ ဖြူညစ်ညစ်အရောင်ထိ ရှိတာ ဖြစ်နိုင်ပါတယ်။ ယားလေ့ နံလေ့ မရှိပါဘူး။ တစ်ခါတစ်လေမှာ ပျစ်တာ ရှိနိုင်သလို ကျဲတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့် မျိုးဥကြွေခါနီးချိန်တွေမှာ ဆင်းတဲ့အဖြူက ကျဲလေ့ရှိပြီး ရာသီလာခါနီးမှာ ဆင်းတဲ့အဖြူက ပျစ်လေ့ရှိတယ်။ တချို့တွေက အဖြူဆင်းတာနဲ့ […]

Read More