ရာသီဥတု အေးသောအခါ

ဖောက်လွဲဖောက်ပြန် ဖြစ်တတ်တဲ့ ရာသီဥတု သဘောတွေအရ ဒီရက်ပိုင်းအတွင်း အအေးပိုတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ မိုးလေဝသ ခန့်မှန်းချက်တချို့မှာလည်း ၂၃ ရက်နေ့လောက်အထိ အအေးပိုလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် တရုတ်ပြည်မကြီးရဲ့ ကုန်းတွင်းပိုင်းမှာလည်း အအေးလွန်ကဲမှုတွေကြောင့် လေဖိအားများ ရပ်ဝန်းတွေ ဖြစ်ပေါ်နေပြီး လေပြင်းတွေ တိုက်ခတ်လျှက်ရှိပါတယ်။ ဒီလေပြင်းတွေဟာ မြန်မာနိုင်ငံတောင်ပိုင်းထိတောင် ရောက်ရှိတတ်ပါတယ်။ ဘာပဲပြောပြော ဒီရက်ပိုင်း အအေးပိုတဲ့အပြင် လေလည်း ပိုတိုက်တာတော့ အမှန်ပင်။ အအေးပိုနေတဲ့ ဒီလို အချိန်တွေမှာ ကျန်းမာရေးအတွက် ဘာတွေဖြစ်လာနိုင်ပါသလဲ ။  ပူလွန်း အေးလွန်းတဲ့ အခြေအနေတွေဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှုတွေ ရှိပါတယ်။  WHO ရဲ့ စစ်တမ်းတွေအရ UK မှာ အအေးလွန်ကဲတဲ့ ပြဿနာတွေကြောင့် သက်ကြီးရွယ်အို သေဆုံးမှုဟာ ၂၀၀၄ ကနေ […]

Read More

အမျိုးသမီးရောဂါ

အမျိုးသမီးတွေဟာ ရာသီလာတဲ့အချိန်မှာ နာကျင်ကိုက်ခဲမှုတွေနဲ့ တွေ့ကြုံရလေ့ရှိပါတယ်။ ဒီလို ကိုက်ခဲစေတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ endometriosis ဆိုတဲ့  ရောဂါကလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သားအိမ်ဆိုတဲ့ အရာကို အလွှာ ၃ လွှာ နှင့် ပြုလုပ်ထားပါတယ်။ အတွင်းဆုံးအလွှာ endometrium ၊ အလယ် ကြွက်သားလွှာ myometrium နှင့် အပြင်ဆုံးအလွှာ perimetrium ဆိုပြီး ရှိပါတယ်။ တစ်ခါတစ်လေမှာ သားအိမ်ရဲ့ အလွှာတစ်ခုဖြစ်တဲ့ endometrium ဟာ သားအိမ်မှာ မဟုတ်ဘဲ တခြားနေရာတစ်ခုခုမှာ သွားဖြစ်တဲ့ အခြေအနေတစ်ခုကို endometriosis လို့ ခေါ်ပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုရင် အဓိကက သားဥအိမ်တွေ၊ သားဥပြွန်တွေနဲ့ တင်ပဆုံရိုးအတွင်းမှာ ရှိနေတဲ့ ဆီးအိမ်တွေ အူတွေမှာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုတာတော့ သေချာမပြောနိုင်ပေမယ့် […]

Read More

အဖြူဆင်းတယ် ဆိုရာဝယ်

  မိန်းကလေး တော်တော်များများဟာ အဖြူဆင်းပြီဆို စိုးရိမ်တတ်ကြပါတယ်။ ပုံမှန်မှ ဟုတ်ရဲ့လား၊ သားအိမ်နဲ့ ပတ်သက်တဲ့ ရောဂါလား ၊ ပိုးဝင်တာများလားဆိုပြီး တွေးပူတတ်ကြပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်း ရောဂါဖြစ်တာ မဟုတ်ပါဘူး။ ပုံမှန်မှာလည်း အဖြူဆင်းတာမျိုး ရှိတတ်ပါတယ်။ ရာသီလာပြီးချိန်တွေ ၊ မျိုးဥကြွေနေတဲ့ အချိန်တွေမှာဆို ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဟော်မုန်းဓာတ်တွေ ပြောင်းလဲပြီး အဖြူဆင်းတာမျိုးတွေ ရှိနိုင်ပါတယ်။ ပုံမှန်အဖြူဆင်းတဲ့အခါမှာ ပမာဏ အရမ်းများလေ့ မရှိပါဘူး။ အရောင်က အကြည်ရောင်ကနေ ဖြူညစ်ညစ်အရောင်ထိ ရှိတာ ဖြစ်နိုင်ပါတယ်။ ယားလေ့ နံလေ့ မရှိပါဘူး။ တစ်ခါတစ်လေမှာ ပျစ်တာ ရှိနိုင်သလို ကျဲတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ များသောအားဖြင့် မျိုးဥကြွေခါနီးချိန်တွေမှာ ဆင်းတဲ့အဖြူက ကျဲလေ့ရှိပြီး ရာသီလာခါနီးမှာ ဆင်းတဲ့အဖြူက ပျစ်လေ့ရှိတယ်။ တချို့တွေက အဖြူဆင်းတာနဲ့ […]

Read More

အစာအိမ်ရောင်ရမ်းခြင်းဝေဒနာ

လူစည်ကားရာ ပျံကျ ရပ်ကွက်မှာ ဆေးခန်းလေးဖွင့်ထားတဲ့ ကျွန်တော်အတွက် တစ်ခါတစ်လေမှာ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရတာ ပျော်စရာလည်းကောင်းသလို တစ်ခါတစ်လေကျ ရယ်စရာလည်းကောင်းနေတတ်ပါတယ် ခုလည်း ကျွန်တော် ဆေးခန်းလေး ဖွင့်ရုံရှိသေး ဆေးခန်းဘေးမှာနေတဲ့ ရခိုင်အဒေါ်ကြီးတစ်ယောက် အော်ဟစ်ပြီး ရောက်လာလေရဲ့ “ဆရာရေ ၊ လုပ်ပါဦး” “လာ အဒေါ်၊ ဘာဖြစ်လာသလဲ” သူ့ဗိုက်ကြီးကို ပုတ်ပြပြီး  “ကျွန်မဗိုက်ထဲ “ဘုန်းဘုန်း… ဘုန်း”ကြီး ဖြစ်နေတယ်ဆရာ” “ဟုတ်လား ပြပါဦး စမ်းကြည့်ရအောင”် စမ်းသပ်ကြည့်တော့လည်း ဟုတ်တယ်။ ဗိုက်ကြီးကတင်းတောင့်နေတယ် ၊ ဝမ်းဗိုက်ကို ဖိပြီး စမ်းသပ်ကြည့်တိုင်းမှာ လေတွေက တဂွီဂွီနဲ့ ရင်ညွှန့်နားမှာလည်း နာကျင်မှုလေး အနည်းငယ်ရှိနေတယ် “အခြား ဘာဖြစ်သေးလဲ အဒေါ် ၊ အန်သေးလား ၊ လေချဉ်တက်တာ […]

Read More

ကိုယ်ဝန်ရှိလာပြီဆို ဒီလိုတွေ ခံစားရတတ်တယ်

  အမျိုးသမီး အများစုဟာ တစ်လတစ်ခါ ရာသီလာခြင်း ဒုက္ခတွေ ခံစားတတ်ပါတယ်။ လာပြန်တော့လည်း ဒုက္ခ ဒါပေမယ့် မလာပြန်လည်း ဒုက္ခတစ်ခုပါပဲ။ မလာခြင်းဟာ ဒုက္ခမဟုတ်ဘဲ သုခဖြစ်တဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ မေမေ ဖေဖေတို့ရဲ့ ကိုယ်ပွားလေးတွေ ရှိလာတဲ့အခါမှာလည်း ရာသီလာလေ့ မရှိပါဘူး။ အဲဒီအပြင် ဒီလို လက္ခဏာလေးတွေလည်း ခံစားရတတ်ပါသေးတယ်။ တစ်ခါတလေမှာ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ မျိုးအောင်သွားတဲ့ သားဥလေးဟာ သားအိမ်ကို တွယ်တဲ့အခါမှာ ရာသီလာသလို သွေးနည်းနည်း ဆင်းလေ့ရှိပါတယ်။ ဒါပေမယ့် မတူတာတစ်ခုက ဆင်းတဲ့သွေးက အရောင်ဖျော့တတ်ပါတယ်။ ရက်ကလည်း အလွန်ဆုံး ၃ ရက်ထက် မပိုတတ်ပါဘူး။ ဆင်းတဲ့သွေး ပမာဏကလည်း အလွန့်ကိုနည်းတတ်ပါတယ်။ တစ်ခါတစ်ရံ ရာသီလာသလိုပဲ ဆီးစပ်နာတာ ခါးနာတာ နည်းနည်း ရှိတတ်ပါတယ်။ […]

Read More

ဆံပင်ရှည်မြန်စေဖို့

လှပတဲ့ ဆံကေသာတွေ ပိုင်ဆိုင်ရဖို့ဆိုတာ ပျိုမေတို့ရဲ့  စိတ်ကူးအိမ်မက်တွေထဲက တစ်ခုပါပဲ။ ဆံကေသာတွေကို မြန်မြန်ရှည်လျားစေဖို့ ၊ သန်စွမ်းစေဖို့ဆိုရင် ဆံကေသာ တစ်ခုတည်းကိုပဲ ထိန်းသိမ်းနေရုံနဲ့ မပြီးပါဘူး။ မိမိရဲ့ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ကောင်းဖို့လည်း လိုပါတယ်။ စိတ်တို စိတ်ရှုပ်ထွေးမှုတွေဟာ ဆံပင်ကို ကျွတ်စေနိုင်လို့ပါ။ ကိုယ်ကျန်းမာဖို့ဆိုတဲ့ နေရာမှာ အနေအထိုင် အစားအသောက် စတဲ့ ကိစ္စတွေအပေါ် အများကြီး မူတည်လို့နေပါတယ်။ သင်စားသုံးနေတဲ့ အစားအစာတွေဟာ ဆံကေသာကို အဓိက အားဖြည့်ပေးနေတဲ့ အရာထဲက တစ်ခုဆို သင်ယုံကြည်နိုင်မလား။ ဒါကြောင့် သင့်ရဲ့ စားသုံးပုံဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုရင် ဆံပင်ကျွတ်ခြင်း ၊ ဆံပင်မသန်စွမ်းခြင်း အရှည်နှေးခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဆံကေသာကို အဓိက အာဟာရဖြစ်စေတဲ့ […]

Read More

ဝက်သက်ရောဂါဆိုသည်မှာ

  မောင်မောင်တစ်ယောက် သူ့အမေနဲ့ အသုဘလိုက်ပို့ခဲ့ပါတယ်။ နောက် ၄ ရက်လောက်လည်း ကြာရော ဖျားပါလေရော။ ဖျားပြီး ကယောင်ကတမ်းတွေ အော် ၊ မျက်စိကလည်း ရဲတွတ်နေလို့။ အမှောင်ထဲမှာ ကုတ်ကုတ်လေး အဖျားတွေတက်နေတဲ့ မောင်မောင်ကို သူ့အဖွားက သရဲဝင်ပူးနေပါတယ်ဆိုပြီး ရေပန်းတွေတောက်၊ မောင်မောင့်အမေကို ရမရာ မရှိအောင် ဆူတော့တာပဲ။ မောင်မောင်အမေ့ကတော့ ညနေ ဆေးခန်းသွားပြမှ ဖြစ်မယ်ဆိုပြီး မောင်မောင့်ကို ရေပတ်တိုက်ပေးရင်း ညနေကိုသာ စောင့်နေတော့တယ်။ ညနေ ဆေးခန်းဖွင့်တာနဲ့ ဆေးခန်းတန်းပြေးတော့တာပဲ။ ဆရာဝန်က ရောဂါလက္ခဏာတွေကိုမေးတော့ အဖျားကြီးတဲ့အကြောင်း နှာရည်တွေကျပြီး ချောင်းတွေဆိုးတဲ့အကြောင်းပြောပြတယ်။ မျက်စိတွေလည်း နီပြီး အလင်းလည်း ကြောက်လို့ အဖွားဖြစ်သူကတောင် သရဲဝင်ပူးတယ် ထင်နေတဲ့ အကြောင်းပြောပြတော့ ဆရာဝန်မလေးခမျာ ရယ်ပါလေရော။ နောက်စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ကလေးကို ကာကွယ်ဆေးထိုးဖူးလား […]

Read More

လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရစေဖို့

တစ်နေ့ ကျွန်တော် ဆေးခန်းထိုင်နေတုန်း ရင်သားမှာ အလုံးစမ်းမိလို့ဆိုပြီး အဒေါ်ကြီး တစ်ယောက်ဆေးခန်းလာပြပါတယ်။ အလုံးကို စမ်းကြည့်တော့ မာလည်းမာ၊ ချိုင်းမှာလည်း အကျိတ်တွေက အစီအရီနဲ့။ နို့သီးခေါင်းကို ညှစ်ကြည့်လိုက်တဲ့အခါမှာလည်း သွေးလိုအရည်တွေ ထွက်လာပါတယ်။ ရောဂါအခြေအနေကို ရှင်းပြပြီး ခွဲစိတ်ဆရာဝန်နဲ့ ပြဖို့ ဆေးရုံတက်ဖို့ တိုက်တွန်းတော့ ကြည်ကြည်ဖြူဖြူပါပဲ ဆေးရုံသွားမယ် ပြောပါတယ်။ ဒီလိုလူနာတွေ တွေ့တိုင်း လွန်ခဲ့တဲ့ ၂ နှစ်လောက်က တွေ့ခဲ့ရတဲ့ ဒေါ်မြကို သတိရမိပါတယ်။ ဒေါ်မြဆိုတာ ကျွန်တော်ရဲ့ လူနာဟောင်း တစ်ယောက်ပေါ့။ သူ့ကို ကုပေးတဲ့သူကို အမှတ်တရ ဒဏ်ရာတွေ ပေးခဲ့တဲ့ အဒေါ်ကြီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒေါ်မြဖြစ်တဲ့ ရောဂါကတော့ မြန်မာနိုင်ငံမှာ နေတဲ့ အမျိုးသမီးထုအတွက် ဒုတိယ အဖြစ်အများဆုံး ရောဂါတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာ ရောဂါပါပဲ။ […]

Read More

လိင်တံကင်ဆာ ကြောက်စရာ

တစ်ရက် ဆေးခန်းထိုင်နေတုန်း သူ တစ်ယောက် အဖော်ကောင်လေး တစ်ယောက်နဲ့ ရောက်လာတယ်။ သူ ဆိုတာ တော်တော်ကို ချောတဲ့သူလေး။ အသားလေးက ဝင်းပြီးဝါနေတာပဲ။ ဆံထုံးလေး ထုံးထားပြီး ရှက်ပြုံးလေးနဲ့။ ပြင်ထားပုံက အလှူက ပြန်လာတဲ့ပုံစံလေးနဲ့။ စိတ်ထဲမှာတော့ တော်တော်လေးကို လှတဲ့ ကောင်မလေးပဲလို့ တွေးလိုက်မိတယ်။ ပြီးတော့ သူက စကားမပြောဘူး။ သူနဲ့ ပါလာတဲ့ အဖော်ကပဲ စကားပြောတယ်။ နောက်တော့ ဘာဖြစ်လဲ ဆိုပြီးစမ်းသပ်စစ်ဆေးမှုတွေ လုပ်ပါလေရော။ ဘာဖြစ်တာလဲ သမီးဆိုလို့ ပြောမှ သမီး ဇစ်ညှပ်လို့ဆရာတဲ့။ အစက မိန်းကလေး ဇစ်ညှပ်စရာမှ မရှိတာ တွေးလိုက်မိသေးတယ်။ နောက်မှ မိန်းကလေး တစ်ယောက်အတွက် မြင့်မားလွန်းနေတဲ့ အရပ်ရယ်၊ အသံရယ်ကြောင့်သာ အဲကျမှ သိရတော့တယ်။ သူဆိုတာ မိန်းမလေးစိတ် […]

Read More

ဆီးကျိတ်ကင်ဆာ

သားအိမ်ခေါင်းကင်ဆာတွေ၊ သားအိမ်ထဲမှာ အလုံးတွေ ၊ ရေအိတ်ရောဂါ အကြောင်းတွေ ပြောတဲ့အခါမှာ အမျိုးသားဖြစ်ရတာ ကံကောင်းတယ်လို့ တွေးမိပါသလား။ အမျိုးသားတွေမှာလည်း အမျိုးသမီးတွေလိုပဲ အဖြစ်များတဲ့ ဒုက္ခပေးလှတဲ့ ဆီးကျိတ်ဆိုတာ ရှိနေပါတယ်။ အသက် ၅၀ ကျော် အမျိုးသား တော်တော်များများဟာ ဆီးကျိတ်ကြီးခြင်းတွေ ၊ ဆီးကျိတ်ကင်ဆာတွေကြောင့် ရောဂါလက္ခဏာတွေကို ခံစားနေကြရပါတယ်။ ဆီးကျိတ်ဆိုတာဟာ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဆီးအိမ်ရဲ့ အောက်မှာတည်ရှိနေတာဖြစ်ပြီး အလေးချိန်အားဖြင့် တစ်အောင်စလောက် ရှိပါတယ်။ ဆီးကျိတ်ကနေ အရည်တစ်ခု ထုတ်လုပ်ပေးပြီး ဝှေးစေ့မှ သုက်ပိုးနှင့် တခြား အရည်များ ပေါင်းစပ်ကာ သုက်ရည်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် သုက်လွှတ်ရာမှာလည်း ဆီးကျိတ်မှာ ရှိတဲ့ ကြွက်သားတွေက ကူညီပေးပါတယ်။ ဆီးထိန်းတဲ့နေရာမှာလည်း အနည်းအကျဉ်း ကူညီပေးနိုင်ပါသေးတယ်။ ဆီးကျိတ်ကင်ဆာ […]

Read More