ထမင်းစားရင် ဂလုပ် ဂလုပ်နဲ့ မေးရိုးက အသံ ဆူဆူညံ

တချို့သူတွေ မေးကြတယ် “ဆရာ ထမင်းစားတဲ့အခါ မေးရိုးက ဂလုပ် ဂလုပ်နဲ့ အသံထွက်နေတာ” “တစ်ခုခု စားနေ ဝါးနေရင် ပါးစောင်းကြွက်သားတွေ ညောင်းကိုက်နေတာ ၊ ဘာဖြစ်လို့ပါလဲ ဆရာ။” ဘာဖြစ်တာလဲဆိုရင် နားထင်နဲ့ မေးရိုး ဆုံရာ အရိုးအဆစ်မှာ ၊ ကြွက်သားတွေမှာ ပြဿနာဖြစ်တာပါ ။ ဘာလက္ခဏာတွေ ပြသလဲ -နားထင်နဲ့ မေးရိုးတစ်ဝိုက် နာမယ် ၊ကိုက်မယ် -နားပတ်လည် ကိုက်တတ် ၊နာတတ်တယ် -အစာစားရင် ထောက်ခနဲ ထောက်ခနဲ ဖြစ်စေ ၊ဂလုပ် ဂလုပ် ဖြစ်စေ အသံမြည်တာဖြစ်မယ် -ပါးစပ် ကောင်းကောင်း မဟနိုင်တာ ဖြစ်မယ် -ခေါင်းကိုက်တာလည်း ဖြစ်တတ် ဘာတွေကြောင့် ဖြစ်တတ်သလဲ ၁) အရိုးအဆစ် ပြဿနာ -မေးရိုးအဆစ် လွဲခြင်း […]

Read More