ရင်တုန်ခြင်း

`ရင်တွေတုန်တယ် ရင်တွေခုန်တယ် ဆရာမရယ်´လို့ အချစ်နဲ့တွေ့လို့မဟုတ်တဲ့အ ကြောင်းရင်းသိချင်သူတွေOndrမှာမေးတာများပြားလှပါတယ်။ သင့်နှလုံးခုန် မူမူမမှန်တာ၊ မြန်တာ၊ တုန်နေတာ၊ တခါတလေ တဆတ်ဆတ်တုန်နေတာမျိုးကို သင့်ကိုယ်တိုင် ခံစားရဖူးပါလိမ့်မယ်။ ရင်တုန်တဲ့ ခံစားချက်ကိုသင့်ရင်ဘတ်ထဲ၊ လည်ချောင်းနဲ့ လည်ပင်းထဲမှတဆင့် ခံစားသိရှိရတတ်ပါတယ်။ ထိုအခါ လူအများစုက အလွန်အမင်းစိုးရိမ်မယ် ကြောက်ရွံမယ်။ ဒါပေမယ့် အကြောင်းအရင်းက တခါတလေ မ ပြင်းထန်ဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ထိုရင်တုန်ချိန် အများစုသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်တိုခြင်း၊ ကော်ဖီ၊ လဘက်ရည် အသောက်များခြင်း၊ မူးယစ်ဆေးသုံးခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် ရင်တုန်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်တွင်လည်း တုန်တတ်ပါတယ်။ တခြားနှလုံးရောဂါ အခြေအနေများကြောင့်လည်း နှလုံးတုန်မှုသည် ဆိုးရွားသော လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ နှလုံးတုန်မယ်၊ အသက်ရှူခက်မယ်၊ မူးမယ်၊ မောမယ်၊ ရင်ဘတ်အောင့်မယ်၊ သတိလစ်မယ်ဆိုရင်တော့ အမြန်ဆုံးဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ […]

Read More