ဦးနှောက်အကျိတ်များ

ယနေ့ခေတ် ကျွနုပ်တို့တွေနေ့စဉ် ဘဝအခက်အခဲများ တစ်နည်းနည်းဖြင့်ရင်ဆိုင်နေကြတယ်။ ထိုအခါ လူအများစုသည် စိတ်ရှုပ်ထွေးမှုတွေကတဆင့် ခေါင်းအမြဲမူးနေခြင်း၊ ခေါင်းကိုက်ခြင်းစသည့် ဦးနှောက် မကြည်လင်မှု့ကို ခံစားကြရသောအခါ မိမိမှာ ဦးနှောက်ကင်ဆာများဖြစ်နေမလား ဟူသောသံသယဖြင့် Ondr မှာ အမေးများကြပါတယ်။ ဦးနှောက်ကင်ဆာဆိုတာ ဘယ်လိုမျိုးလဲဟု မေးကြပါတယ်။ ဦးနှောက်ကင်ဆာလက္ခာဏာများက များပြားပါတယ်။ တက်ခြင်း၊ အိပ်ငိုက်ခြင်း၊ မူးနှောက်ခြင်းနှင့် မူမမှန်လှုပ်ရှားမှု ပြောင်းလဲခြင်းစသည့်တို့ဖြစ်ပါတယ်။ ဦးနှောက်အထဲမှာ အကျိတ်ရှိသည့်တိုင်း ကင်ဆာအကျိတ်လို့ပြောမရပါ။ ရိုးရိုးအကျိတ်များကလည်း ထိုကဲ့သို့လက္ခာဏာများ ပေးပါတယ်။ ဦးနှောက်ထဲတွင် ဆဲလ်များမူမမှန် ကြီးထွားမှုကြောင့် ဦးနှောက်အကျိတ်များ ဖြစ်လာပါတယ်။ ထိုအကျိတ်များကို ကင်ဆာအကျိတ်များဟု တထစ်ချ မသတ်မှတ်ပါ။ ကင်ဆာအကျိတ်ဖြစ်ခဲ့လျှင် အလျင်အမြန် ကြီးထွားပျံ့နှံပြီး တခြားကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်း ပျံ့နှံနိုင်ပါတယ်။ အကျိတ်ဆဲလ်များက ပုံမှန်ဆဲလ်ကဲ့သို့အသက်ရှင် ကြီးထွားရန် သွေးနှင့် အာဟာရများ လိုအပ်ပါတယ်။ ရိုးရိုးအကျိတ်ဖြစ်ခဲ့ရင်တော့ […]

Read More