အသက်အန္တရာယ်ထိခိုက်စေနိုင်သော သားအိမ်ပြင်ပသန္ဓေတည်ခြင်း

တစ်နေ့ အိမ်တွင် အလုပ်နားခိုက် TV လေးကြည့်နေတုန်း အိမ်ထောင်ကျတာ ၆ လလောက်ပဲရှိသေးတဲ့ ပူပူနွေးနွေးအိမ်ထောင်သည်သူငယ်ချင်းတစ်ယောက် ရောက်လာလေရဲ့ “လာ သူငယ်ချင်း မင်းတို့မင်္ဂလာဆောင်ပြီးတည်းကမတွေ့တာ ဆိုတော့ မတွေ့တာ ၆ လ လောက်တောင်ရှိရောပေါ့နော် ၊ ကဲဆို ဘာကိစ္စရှိတုန်း” “ဟီး၊ ကိစ္စရှိလို့လာတာမှန်း မင်းဘယ်လိုသိတုန်းကွ ၊ဒီလိုကွ ငါ့မိန်းမ ကိုယ်ဝန်ရှိနေပြီကွ။အာ့သွေးနည်းနည်းဆင်းနေလို့။ ဆေးခန်းပြတော့ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်နေနိုင်တယ်လို့ ဆရာဝန်ကပြောတယ်ကွ ဆေးရုံလည်းတက်ခိုင်းတယ်။ အဲဒါဘယ်လိုလုပ်ရမလဲမင်းနဲ့ လာတိုင်ပင်တာ” “သားအိမ်ပြင်ပမှာ သန္ဓေတည်တာဆိုရင်တော့ အရေးကြီးတယ်ကွ ၊ မင်းမိန်းမက ဘယ်လိုလက္ခဏာတွေ ခံစားရလည်းပြောပါဦး” “ရာသီမလာဘူး ၊ ပျို့တယ်အန်တယ် ၊ ရင်သားတွေတင်းပြီးနာတယ်။ငါတို့လည်း မသင်္ကာတော့ ဆီးစစ်ကြည့်တော့ ၂ ချောင်းပေါ်တယ်ကွ ။အိမ်အနီးအနားက ဆရာဝန်ပြ အားဆေးလေးသောက် တစ်အိမ်လုံးပျော်မဆုံးဖြစ်နေတုန်း […]

Read More