ကလေးငယ်ခေါင်းချွေးထွက်ခြင်း

မိခင်များအနေနဲ့ မိမိကလေးငယ် ချစ်စဖွယ် အိပ်နေပုံကြည့်ပြီး နတ်သမီးလေး အိပ်နေသကဲ့သို့ထင်ကြပါတယ်။ မိမိတရေးနိုး၍ သမီးငယ်၊သားငယ်သည် ချွေးများရွဲနေလျှင် အလွန်ပင် စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ ညဘက်ကလေးငယ် ချွေးထွက်နေခြင်းသည် ပုံမှန်ဟုတ်မဟုတ် Ondrမှာ စိုးရိမ်စွာမေးတတ်ကြပါတယ်။ ညဘက်ချွေးထွက်ခြင်းဆိုသည်မှာ ကလေးငယ်များ အိပ်နေစဉ်အတောအတွင်း ကလေးငယ်များ အလွန်အမင်းချွေးထွက်ခြင်းကို ဆိုလိုပါသည်။ အိပ်နေစဉ် ကလေးငယ်ချွေးထွက်ရသော အဖြစ်များသောအကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁)မွေးရာပါ နှလုံးရောဂါရှိခြင်း မွေးရာပါ နှလုံးရောဂါရှိသူမျာသည် အထူးသဖြင့် အိပ်နေစဉ် ချွေးထွက်များတတ်ပါတယ်။ အဆိုပါကလေးငယ်များသည် စားနေစဉ် ကစားနေစဉ်တွင်လည်း ချွေးထွက်များတတ်ပါတယ်။ ကလေးငယ် တစ်ရာနှစ်ဆယ်ငါးယောက်မှာ တစ်ယောက်နူန်း ခံစားရတတ်ပါတယ်။ ကလေးငယ်တွင် နှလုံးဖွံဖြိုးမှု ချို့ယွင်းချက်ရှိသောကြောင့် ဖြစ်ပါတယ်။ (၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း ကလေးငယ်များတွင် အိပ်နေစဉ်အသက်ရှူရပ်ခြင်းသည်လည်း အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကလေးငယ်သည် အသက်ရှူနေစဉ် […]

Read More