ငှက်ပျောသီးအကြောင်း

ငှက်ပျောသီးအကြောင်း ငှက်ပျောသီးကို အင်္ဂလိပ်လို Banana လို့ခေါ်ပါတယ်။ မြန်မာနိုင်ငံသား အကုန်နီးပါး ငှက်ပျောသီးကိုစားဖူးကြ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှေးယခင်ကတည်းက ခုထိ ကျွန်တော်တို့ မြန်မာတွေဟာ နတ်တို့ ဘိုးတော်တို့ကို ဆက်သတဲ့ ကန်တော့ပွဲမှာဖြစ်ဖြစ် လမ်းတံတားဆောက်တဲ့အခါ သို့မဟုတ် သစ်ကြီးပင်ကြီးတွေကို ခုတ်တဲ့အခါ လုပ်တဲ့ ပူဇော်ပွဲတွေမှာဖြစ်ဖြစ် အုန်းသီးနဲ့ငှက်ပျောသီးကို မပါမဖြစ် ထည့်လေ့ရှိပါတယ်။ ဒါကြောင့် ကန်တော့ပွဲဆိုတာနဲ့ အုန်းပွဲငှက်ပျောပွဲကို မျက်စိထဲတန်း မြင်ကြပါတယ်။ နတ်တို့ဘိုးတော်တို့ကို ဆက်တဲ့ကန်တော့ပွဲမှာ အုန်းသီးနဲ့ ငှက်ပျောသီး ထည့်ကပ်တာနဲ့ ပတ်သက်ပြီးမေးကြည့်တဲ့အခါမှာ အုန်းခနဲ အမြင့်ကနေကျတဲ့ အခါမျိုးမှာ (စီးပွားကျတဲ့ အခါမျိုးမှာ) အကျမနာအောင် ငါ့အတွက် နတ်တွေကို ဘိုးတော်တွေကို ပြောပေးပါဆိုတဲ့ အဓိပ္ပာယ်နဲ့ အုန်းသီးနဲ့ငှက်ပျောသီးကို ကန်တော့ပွဲတွေမှာ မပါမဖြစ် ထည့်တာလို့တော့ အထက်ဂိုဏ်း ဆရာကြီးတစ်ယောက်က […]

Read More