ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ

ဆီးကျောက်တည်ခြင်းရောဂါ ဖြစ်ပွားမှုသည် တစ်နေ့တစ်ခြားများလာပါသည်။ ဆီးကျောက်တည်ခြင်းကြောင့် ငွေကုန်၊ လူပန်းပြီး ဒုက္ခရောက်ကြပါသည်။ ကြိုတင်သိရှိပါက ဝေဒနာသက်သာသော်လည်း နောက်ကျမှ သိရှိပါက ပြင်းထန်စွာခံစားရပါသည်။ ထို့ကြောင့် ဆီးကျောက်တည်ခြင်းကို မပေါ့ဆသင့်ပါ။ ဆီးကျောက်တည်ခြင်းသုံးမျိုး ဆီးကျောက်တည်ခြင်းကို ကျောက်တည်သောနေရာကို မူတည်ပြီး သုံးမျိုးခွဲခြားနိုင်ပါသည်။ ကျောက်ကပ်ထဲတွင် ကျောက်တည်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်ကို ဆက်သွယ်ထားသော ဆီးပြွန်ထဲတွင် ကျောက်တည်ခြင်းသည် ဒုတိယအများဆုံး ဖြစ်ပါသည်။ ဆီးအိမ်ထဲတွင် ကျောက်တည်ခြင်းသည် တတိယအများဆုံးဖြစ်ပါသည်။ ဆီးကျောက်တည်ခြင်း လက္ခဏာများ ဆီးကျောက်တည်သောနေရာကိုလိုက်ပြီး ရောဂါလက္ခဏာသည် အနည်းငယ်ကွဲပြားပါသည်။ အဓိက လက္ခဏာမှာ နာကျင်ခြင်းဖြစ်ပါသည်။ ကျောက်ကပ်တွင် ဖြစ်ပါက ခါးတွင် နာတတ်ပါသည်။ ကျောက်ကပ်ပြွန် (ဆီးပြွန်) ထဲတွင်ဖြစ်ပါက ဝမ်းဗိုက်၏ ဘယ်ညာတစ်ဖက်တစ်ချက်တွင် နာတတ်ပါသည်။ ဆီးအိမ်တွင် ကျောက်တည်ပါက ဆီးခုံနာတတ်ပါသည်။ ဆီးသွားသောအခါတွင် နာကျင်တတ်ပါသည်။ […]

Read More