ရာသီမလာ

`ရာသီမလာဘူး ဆရာမ´`ရာသီရပ်သွားပြီး ဆရာမ´ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်လဲ ဆရာမရယ်ဟု Ondr မှာ မေးတတ်ပါတယ်။ အပျိုဖော် မဖြစ်သေးအချိန်၊ သွေးဆုံးချိန် ၊ ကိုယ်ဝန်ရှိနေချိန်နှင့် သားအိမ်ထုတ် ခွဲစိတ်ထားခြင်း တို့တွင် ရာသီမလာခြင်းက ပုံမှန်အခြေအနေတစ်ခုပါ။ ရာသီမလာခြင်းတွင် (၁)ပင်ရင်းအခြေအနေနှင့် (၂)ဆင့်ပွားအခြေအနေများကြောင့် ဖြစ်တတ်ပါတယ်။ (၁)ပင်ရင်းအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ အပျိုဖော်ဝင်ရန် နောက်ကျခြင်း ဥပမာ ၁၄နှစ်နှင့် ရာသီမလာရခြင်းသည် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ မပေါ်ခဲ့လျှင် ၁၆နှစ်ထိစောင့်ကြည့်၍ ရနိုင်သည်။ (၂)ဆင့်ပွားအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ ရာသီပုံမှန်လာခဲ့သော်လည်း အခုအခါ ရာသီမလာခြင်းသည် ၆လဆက်တိုက် ဖြစ်ခြင်းကို ဆိုလိုပါသည်။ ပင်ရင်းအခြေအနေကြောင့် ရာသီမလာခဲ့သော် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ ရှိ မရှိရှာဖွေစမ်းသပ်ရန် လိုအပ်ပါတယ်။ မိခင်နှင့်အစ်မ များသည်လည်း အပျိုဖော်ဝင်ရန် […]

Read More