ရာသီမလာ

`ရာသီမလာဘူး ဆရာမ´`ရာသီရပ်သွားပြီး ဆရာမ´ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်လဲ ဆရာမရယ်ဟု Ondr မှာ မေးတတ်ပါတယ်။ အပျိုဖော် မဖြစ်သေးအချိန်၊ သွေးဆုံးချိန် ၊ ကိုယ်ဝန်ရှိနေချိန်နှင့် သားအိမ်ထုတ် ခွဲစိတ်ထားခြင်း တို့တွင် ရာသီမလာခြင်းက ပုံမှန်အခြေအနေတစ်ခုပါ။

ရာသီမလာခြင်းတွင်
(၁)ပင်ရင်းအခြေအနေနှင့်
(၂)ဆင့်ပွားအခြေအနေများကြောင့် ဖြစ်တတ်ပါတယ်။

(၁)ပင်ရင်းအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ အပျိုဖော်ဝင်ရန် နောက်ကျခြင်း ဥပမာ ၁၄နှစ်နှင့် ရာသီမလာရခြင်းသည် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ မပေါ်ခဲ့လျှင် ၁၆နှစ်ထိစောင့်ကြည့်၍ ရနိုင်သည်။

(၂)ဆင့်ပွားအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ ရာသီပုံမှန်လာခဲ့သော်လည်း အခုအခါ ရာသီမလာခြင်းသည် ၆လဆက်တိုက် ဖြစ်ခြင်းကို ဆိုလိုပါသည်။

ပင်ရင်းအခြေအနေကြောင့် ရာသီမလာခဲ့သော် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ ရှိ မရှိရှာဖွေစမ်းသပ်ရန် လိုအပ်ပါတယ်။ မိခင်နှင့်အစ်မ များသည်လည်း အပျိုဖော်ဝင်ရန် နောက်ကျလျှင် မိမိလည်းနောက်ကျနိုင်သည်။

-မျိုးပွားအင်္ဂါပုံမှန်မရှိခြင်း
ဥပမာ အပျိုအမြှေးပါးပိတ်နေခြင်း၊ သားအိမ်ပါးခြင်းနှင့် မိန်းမကိုယ် (Vagina) မပါခြင်း စသည်တို့သည် ပုံမှန်မဟုတ်သော အကြာင်းရင်း ဖြစ်ပါတယ်။ vagina မပါခြင်းသည် အများအားဖြင့် သတိမမူတတ်ပါ။ သားအိမ်ရှိသော်လည်း သွေးဆင်းရန် လမ်းကြောင်းမရှိ ဖြစ်တတ်ပါတယ်။

-ယောင်္ကျားဟော်မုန်းများခြင်း
ပြင်ပလက္ခာဏာအရ မိန်းမဖြစ်နေသော်လည်း ယောင်္ကျားဟော်မုန်း များထွက်ခြင်းကြောင့် ရာသီမလာတတ်ပါ။ သားဥအိမ်များ၊ ပြွန်များ၊ သားအိမ် ၊ မိန်းမကိုယ် မပါတာ ဖြစ်တတ်ပါတယ်။ လက္ခာဏာများကတော့ အန်ဒရိုဂျင်ဟော်မုန်း အခြေအနေပေါ် မူတည်ဖြစ်တတ်ပါတယ်။

-Prolactin ဟော်မုန်းများ ထွက်နေခြင်းများသည် သိုင်းရွိုက်ဟော်မုန်း အထွက်နည်းခြင်းနှင့် ဆေးဝါးများ စသောအကြောင်းရင်းများကလည်း ရာသီမလာတတ်ပါ။

-ကိုယ်ဝန်ရှိနေခြင်းကြောင့်လည်း ရာသီမလာတတ်ပါ။

ဆင့်ပွားအခြေအနေကြောင့် ရာသီမလာခြင်း ဖြစ်စေသော အကြောင်းရင်းများသည်လည်း ပင်ရင်းအခြေအနေကြောင့် ရာသီမလာခြင်း ဖြစ်တတ်ပါတယ်။
(၁)သားဥအိမ်လုပ်ဆောင်မှုမရှိခြင်း
(၂)ဟော်မုန်းထိန်းမှုမရှိခြင်း
(၃)အကျိတ်များ၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ပိုးမွှားဝင်ခြင်းနှင့် ခေါင်းထိခိုက်ခြင်း စသော ဟော်မုန်းထွက်ခြင်းကို ပြောင်းလဲခြင်း
(၄)မွေးရာပါ ရောဂါများ စသော အကြောင်းရင်းများကြောင့် ရာသီမလာတတ်ပါ။

ဆင့်ပွားအခြေအနေကြောင့်ရာသီမလာခြင်း
ကိုယ်ဝန်ဆောင်ခြင်းသည် ရာသီမလာခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ သားဥအိမ်တွင် ရေအိတ်များရှိခြင်း၊ ဟော်မုန်းထုတ်သော ဦးနှောက်အစိတ်အပိုင်းကြောင့် ရာသီမလာခြင်း၊ ပရိုလက်တင်ဟော်မုန်းအထွက်များခြင်းနှင့် သားဥအိမ် အလုပ်မလုပ်ခြင်း စသည်တို့ကြောင့် အများဆုံးဖြစ်ပွားတတ်ပါတယ်။

(၁)အန်ဒရိုဂျင်ဟော်မုန်း မထွက်ခြင်းစသော အခြေအနေများဖြစ်သည့် ကိုယ်ဝန်ရှိခြင်း၊ နို့တိုက်ခြင်းနှင့် သွေးဆုံးခြင်းတို့ကြောင့် ရာသီမလာတတ်ပါ။ မွေးရာပါ သားဥအိမ် အလုပ်မလုပ်ခြင်း၊ ဓာတ်ကင်ခြင်းနှင့် ကင်ဆာဆေးသွင်းခြင်းစသည်တို့ကြောင့် ရာသီမလာတတ်ပါ။ ကိုယ်ဝန်တားနည်းဖြစ်သော လက်မောင်းထဲ ပစ္စည်းထည့်ခြင်း၊ ဆေးထိုးခြင်းတို့ကြောင်လည်း မလာတတ်ပါ။

မိန်းမကိုယ် ကျဉ်းသောကြောင့်လည်း မလာတတ်ပါ။ စိတိဖိဆီးမှုများခြင်း၊ လေ့ကျင့်ခန်း လွန်ကဲစွာလုပ်ခြင်း၊ အစားအသောက်မမှန်၊ စိတ်ကျဝေဒနာရှိခြင်းနှင့် အခြားသော နာတာရှည်ရောဂါနှင့် အကျိတိရှိခြင်း စသည်တို့ကြောင့် ဟော်မုန်းထွက်သော ဟိုက်ပိုသားလမစ် အလုပ်မလုပ်ခြင်းတို့ကြောင့်လည်း ရာသီမလာတ်ပါ။

ကိုယ်အလေးချိန် အလွန်အမင်း လျော့ကျခြင်း၊ ပရိုလက်တင် ဟော်မုန်းအထွက်များခြင်းနှင့် အချို့ဆေးဝါးများကြောင့် ရာသီမလာတတ်ပါ။ သိုင်းရွိုက်ရောဂါများနှင့် တားဆေး ရေရှည်သုံးစွဲခြင်းတို့ကြောင့်လည်း ရာသီမလာတတ်ပါ။

(၂)အန်ဒရိုဂျင်အထွက်များသော ရောဂါများဖြစ်တဲ့ သားဥအိမ်ရေအိတ် အများအပြားတည်ခြင်းနှင့် စတီးရွိုက် ရေရှည်သုံးစွဲခြင်းကြောင့်ဖြစ်သောရောဂါနှင့် သားဥအိမ်ကင်ဆာ တို့ကြောင့်လည်း ရာသီမလာတတ်ပါ။

ကုသနည်းကတော့ ဘာကြောင့်ဖြစ်ရသလဲ ရှာဖွေပြီး ထိုအကြောင်းရင်း ကုသရပါတယ်။ ဥပမာ ဟော်မုန်းအစားထိုးကုသခြင်း စသည်တို့ ဖြစ်ပါတယ်။

Author : Dr.ပြည့်ရှင်း