ရင်တုန်ခြင်း

`ရင်တွေတုန်တယ် ရင်တွေခုန်တယ် ဆရာမရယ်´လို့ အချစ်နဲ့တွေ့လို့မဟုတ်တဲ့အ ကြောင်းရင်းသိချင်သူတွေOndrမှာမေးတာများပြားလှပါတယ်။ သင့်နှလုံးခုန် မူမူမမှန်တာ၊ မြန်တာ၊ တုန်နေတာ၊ တခါတလေ တဆတ်ဆတ်တုန်နေတာမျိုးကို သင့်ကိုယ်တိုင် ခံစားရဖူးပါလိမ့်မယ်။ ရင်တုန်တဲ့ ခံစားချက်ကိုသင့်ရင်ဘတ်ထဲ၊ လည်ချောင်းနဲ့ လည်ပင်းထဲမှတဆင့် ခံစားသိရှိရတတ်ပါတယ်။ ထိုအခါ လူအများစုက အလွန်အမင်းစိုးရိမ်မယ် ကြောက်ရွံမယ်။ ဒါပေမယ့် အကြောင်းအရင်းက တခါတလေ မ ပြင်းထန်ဘဲ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ ထိုရင်တုန်ချိန် အများစုသည် စိတ်ဖိစီးမှုများခြင်း၊ စိတ်တိုခြင်း၊ ကော်ဖီ၊ လဘက်ရည် အသောက်များခြင်း၊ မူးယစ်ဆေးသုံးခြင်းနှင့် အရက်သောက်ခြင်းတို့ကြောင့် ရင်တုန်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်တွင်လည်း တုန်တတ်ပါတယ်။ တခြားနှလုံးရောဂါ အခြေအနေများကြောင့်လည်း နှလုံးတုန်မှုသည် ဆိုးရွားသော လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ နှလုံးတုန်မယ်၊ အသက်ရှူခက်မယ်၊ မူးမယ်၊ မောမယ်၊ ရင်ဘတ်အောင့်မယ်၊ သတိလစ်မယ်ဆိုရင်တော့ အမြန်ဆုံးဆေးဝါးကုသမှု ခံယူသင့်ပါတယ်။ […]

Read More

လက်ဝှေ့ပွဲနှင့်ကျန်းမာရေး

  လက်ဝှေ့ပွဲများ တီဗွီမှ တိုက်ရိုက်ထုတ်လွှင့်လျက်ရှိရာ လက်ဝှေ့ကစားလျှင် ကျန်းမားရေးအတွက်အကျိုးကျေးဇူးများကို သိလို၍ မေးသူများရှိပါတယ်။ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လက်ဝှေ့ကစားခြင်းက ပေါ်ပြူလာဖြစ်လာပါတယ်။ အဆိုပါ ကစားနည်းသည် စိတ်ရောကိုယ်ပါ စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရသော အကောင်းဆုံး ကိုယ်လက်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ လက်ဝှေ့ကစားခြင်းသည် ကြွက်သားများ သန်မာစေရုံသာမက စိတ်ဖိစီးမှုများကိုလည်း လျော့ကျစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျမှုတွင် သဘာဝနည်းဖြင့် အကောင်းဆုံး ကယ်လိုရီလောင်ကျွမ်းစေနိုင်သော ကစားနည်းတစ်ရပ်ဖြစ်ပါတယ်။ (1)အဆီများလောင်ကျွမ်းခြင်း လက်ဝှေ့တစ်ချီကစားလျှင် ကယ်လိုရီ ၅၀၀ ခန့် အများဆုံး လောင်ကျွမ်းနိုင်ပါတယ်။ လက်ဝှေ့ကစားခြင်းရဲ့ အကျိုးကျေးဇူးတစ်ရပ် ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျော့ကျမှုအတွက် အကောင်းဆုံးကစားနည်း တစ်ရပ်ဖြစ်ပါတယ်။ (2)ကြွက်သားများတောင့်တင်းခြင်း အမျိုးသားများအတွက် ကြွက်သားတောင့်တင်းမှုရရန် ပုံမှန်လက်ဝှေ့ကစားခြင်းဖြင့် ရရှိနိုင်ပါတယ်။ (3)အရိုးနှင့် အရွတ်များ သန်မာမှုရှိခြင်း လေ့ကျင့်မှုများသည် အရိုးကိုသန်မာစေပြီး အရိုးပွရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ သဲအိတ်များ၊ […]

Read More

ကျောက်ကပ်ပြဿနာ

`ခါးနာတာကြာပြီဆရာမရယ် အရိုးကြောင့်လည်းမဟုတ် ကျောက်ကပ်ကြောင့်လား´ဟု လူမေးများသော မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျောက်ကပ်သည် ကျောရိုးရဲ့ ဘေးတစ်ဘက်စီမှာရှိသော အင်္ဂါတစ်စုံဖြစ်ပါတယ်။ သွေးများကို သန့်စင်ပေးပြီး အဆိပ်အတောက်များ ဖယ်ရှားပေးပြီး ဆီးအဖြစ် ဆီးအိမ်မှတဆင့် ဖယ်ရှားပေးပါတယ်။ ကျောက်ကပ်ပျက်ဆီးခဲ့လျှင် သွေးထဲမှ အဆိပ်များ ဖယ်ရှားမှု ပြုခြင်းမလုပ်နိုင်တော့ပါ။ (1)ကျောက်ကပ်ပျက်ဆီးစေသော အကြောင်းအရင်းများမှာ -ပတ်ဝန်းကျင်မှ အဆိပ်အတောက်များနှင့် ထိတွေ့ခြင်း သို့မဟုတ် အချို့ဆေးကုသမှုများ -အခြားသောရောဂါများ -ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ခြင်း -ကျောက်ကပ်ထိခိုက်ဒဏ်ရာရခြင်း သင့်ကိုယ်ထဲတွင် အဆိပ်အတောက်များ စုပြုံလာသောအခါ အဆိုပါ အဆိပ်အတောက်များ ပုံမှန်မဖယ်ရှားနိုင်တော့ပဲ ကျောက်ကပ်ပျက်ဆီးခြင်းသို့ ရောက်ရှိကာ သေချာမကုသဘဲ ထားပါက အသက်အန္တရာယ် ထိခိုက်သည်အထိ ရောက်ရှိနိုင်ပါတယ်။ (2) ကျောက်ကပ်အလုပ်မလုပ်နိုင်လျှင် ဖြစ်သောလက္ခဏာများမှာ များစွာရှိပါတယ်။ အချို့ လူများမှာ လက္ခဏာ အနည်းငယ်သာ ပေါ်တတ်သော်လည်း […]

Read More

သောက်—–ခြောက်

သောက်—ခြောက်လို့ အမည်ပေးရခြင်းမှာ GAYများကိုဆိုလိုခြင်းမဟုတ်ပါ။ အိမ်သူဇနီးများ မိမိလင်ယောကျာင်္းခြောက်သွားပါသဖြင့် OnDoctor မှာ အကူအညီတောင်း မေးမြန်းသောကြောင့် ဖြစ်ပါတယ်။ တစ်မျိုး မထင်ကြပါနဲ့။ မိမိယောကျာင်္း အသောက်များ၍ အသည်းခြောက်သွား၍ အရေးတကြီး မေးကြခြင်းပင်ဖြစ်ပါတယ်။ (1)အသည်း? အသည်းဆိုသည်မှာ ကိယ်ခန္ဓာအတွက် အရေးကြီးသော အလုပ်များ ပြုလုပ်ပေးသော ကြီးမားသောအင်္ဂါအစိတ်အပိုင်းပဲ ဖြစ်ပါတယ်။ သွေးထဲရှိ အဆိပ်အတောက်များ ဖယ်ရှားခြင်း၊ အသားဓာတ်ဖြိုခွဲ ပြီး သည်းခြေရည်ထုတ်ပြီး အဆီကို စုပ်ယူမှု အားပေးပါတယ်။ နှစ်ပေါင်းများစွာ အရက်သောက်သူများအဖို့ ကိုယ်ခန္ဓာသည် ကောင်းသောအသည်းတစ်ရူးများကို ဖယ်ရှားဖြစ်ကာ အမာရွတ်တစ်ရူးများဖြစ်လာပါတယ်။ ထိုအခြေအနေကို အသည်းခြောက်သည်ဟု ခေါ်ပါတယ်။ တဖြေးဖြေး အသည်းခြောက်လေလေ အသည်းလုပ်ဆောင်မှု လျော့နည်းလေလေဖြစ်ကာ ရပ်ဆိုင်းသွားပါလိမ့်မယ်။ အရက်သောက်သူများတွင် ပထမဦးဆုံး အသည်းအဆီဖုံးခြင်း ထိုမှတဆင့် အသည်းရောင်ကာ အသည်းခြောက်ခြင်း အဆင့်သို့ […]

Read More

ကာလသားရောဂါ

ကာလသားရောဂါလက္ခဏာပြောပြပါ ဆရာမလို Ondr မှာ လူငယ်အချို့ မေးလေ့ရှိပါတယ်။ ဆစ်ဖလစ်လို့ခေါ်တဲ့ ကာလသားရောဂါသည် Treponima pallidum လို့ ခေါ်တဲ့ ဘက်တီးရီယားပိုးကြောင့် ဖြစ်ပွားသော ရောဂါ ဖြစ်ပါတယ်။ ပထမဦးဆုံးပေါ်တဲ့ လက္ခဏာတစ်ခုကတော့ လိင်အင်္ဂါ၊ စအို၊ ပါးစပ်အတွင်း မနာကျင်တဲ့ သေးငယ်သော အနာတစ်ခု ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ ထိုအနာကို ရှန်ကာလို့ ခေါ်ပါတယ်။ ကာလသားရောဂါကူးစက်ခံရသော်လည်း နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမှ မပေါ်ဘဲ ရှိနေတတ်ပါတယ်။ သို့သော်ရောဂါကို စောစောတွေ့ပြီး စောစောကုသမှု ခံယူခြင်းသည် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကာလသားရောဂါ မကုပဲ ထားလျှင်အရေးကြီးသော ကိုယ်တွင်းအင်္ဂါများ ထိခိုက်တတ်ပါတယ်။ ဥပမာဦးနှောက်၊နှလုံး။ ကာလသားရောဂါသည် အဆိုပါအနာ ရှန်ကာကို တိုက်ရိုက်ထိတွေ့မှသာ ရောဂါကူးစက်နိုင်ပါတယ်။ ရောဂါရှိသူနှင့် အဝတ်အစားအတူတူဝတ်ရုံနှင့် အတူတူစားရုံဖြင့် မကူးစက်နိုင်ပါ။ […]

Read More

ရာသီမလာ

`ရာသီမလာဘူး ဆရာမ´`ရာသီရပ်သွားပြီး ဆရာမ´ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်လဲ ဆရာမရယ်ဟု Ondr မှာ မေးတတ်ပါတယ်။ အပျိုဖော် မဖြစ်သေးအချိန်၊ သွေးဆုံးချိန် ၊ ကိုယ်ဝန်ရှိနေချိန်နှင့် သားအိမ်ထုတ် ခွဲစိတ်ထားခြင်း တို့တွင် ရာသီမလာခြင်းက ပုံမှန်အခြေအနေတစ်ခုပါ။ ရာသီမလာခြင်းတွင် (၁)ပင်ရင်းအခြေအနေနှင့် (၂)ဆင့်ပွားအခြေအနေများကြောင့် ဖြစ်တတ်ပါတယ်။ (၁)ပင်ရင်းအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ အပျိုဖော်ဝင်ရန် နောက်ကျခြင်း ဥပမာ ၁၄နှစ်နှင့် ရာသီမလာရခြင်းသည် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ မပေါ်ခဲ့လျှင် ၁၆နှစ်ထိစောင့်ကြည့်၍ ရနိုင်သည်။ (၂)ဆင့်ပွားအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ ရာသီပုံမှန်လာခဲ့သော်လည်း အခုအခါ ရာသီမလာခြင်းသည် ၆လဆက်တိုက် ဖြစ်ခြင်းကို ဆိုလိုပါသည်။ ပင်ရင်းအခြေအနေကြောင့် ရာသီမလာခဲ့သော် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ ရှိ မရှိရှာဖွေစမ်းသပ်ရန် လိုအပ်ပါတယ်။ မိခင်နှင့်အစ်မ များသည်လည်း အပျိုဖော်ဝင်ရန် […]

Read More

ကလေးငယ်ခေါင်းချွေးထွက်ခြင်း

မိခင်များအနေနဲ့ မိမိကလေးငယ် ချစ်စဖွယ် အိပ်နေပုံကြည့်ပြီး နတ်သမီးလေး အိပ်နေသကဲ့သို့ထင်ကြပါတယ်။ မိမိတရေးနိုး၍ သမီးငယ်၊သားငယ်သည် ချွေးများရွဲနေလျှင် အလွန်ပင် စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ ညဘက်ကလေးငယ် ချွေးထွက်နေခြင်းသည် ပုံမှန်ဟုတ်မဟုတ် Ondrမှာ စိုးရိမ်စွာမေးတတ်ကြပါတယ်။ ညဘက်ချွေးထွက်ခြင်းဆိုသည်မှာ ကလေးငယ်များ အိပ်နေစဉ်အတောအတွင်း ကလေးငယ်များ အလွန်အမင်းချွေးထွက်ခြင်းကို ဆိုလိုပါသည်။ အိပ်နေစဉ် ကလေးငယ်ချွေးထွက်ရသော အဖြစ်များသောအကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁)မွေးရာပါ နှလုံးရောဂါရှိခြင်း မွေးရာပါ နှလုံးရောဂါရှိသူမျာသည် အထူးသဖြင့် အိပ်နေစဉ် ချွေးထွက်များတတ်ပါတယ်။ အဆိုပါကလေးငယ်များသည် စားနေစဉ် ကစားနေစဉ်တွင်လည်း ချွေးထွက်များတတ်ပါတယ်။ ကလေးငယ် တစ်ရာနှစ်ဆယ်ငါးယောက်မှာ တစ်ယောက်နူန်း ခံစားရတတ်ပါတယ်။ ကလေးငယ်တွင် နှလုံးဖွံဖြိုးမှု ချို့ယွင်းချက်ရှိသောကြောင့် ဖြစ်ပါတယ်။ (၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း ကလေးငယ်များတွင် အိပ်နေစဉ်အသက်ရှူရပ်ခြင်းသည်လည်း အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကလေးငယ်သည် အသက်ရှူနေစဉ် […]

Read More

ရုံးပတေသီးတန်ဖိုး

ယခုလိုဆောင်းဦးပေါက်တွင် ဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါများချိန်လည်း ဖြစ်ပါတယ်။ ဘူးသီး ၊ ရုံးပတေသီး၊ ဂေါ်သခွားသီးစသည်ဖြင့် မျိုးစုံ ပေါများသည်ကို ဈေးထဲတွင် တွေ့ရပါလိမ့်မယ်။ ထိုအထဲမှာ ရုံးပတေသီးရဲ့ ကျန်းမာရေးအတွက် အကျိုးရှိပုံလေးကို ရေးသားပေးပါမယ်။ ရုံးပတေသီးတွင် ဗီတာမင်စုံလင်စွာပါဝင်ပြီး စားသင့်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။ (၁)အာဟာရတန်ဖိုး ရုံးပတေသီးတွင် ကယ်လိုရီနည်းပြီး အာဟာမျိုးစုံ ပါဝင်ပါတယ်။ အမျှင်ဓာတ် ၊ဗီတာမင်အေ၊ စီနှင့် ဖောလစ်အက်ဆစ်ဓာတ် စသည်ဖြင့် ပေါများစွာ ပါဝင်ပါတယ်။ ဗီတာမင်ကေ၊ ဘီ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇင့်၊ ကယ်လ်စီယမ်နှင့် မက်ဂနီစီယမ်များလည်း အများအပြား ပါဝင်ပါတယ်။ ရုံးပတေသီးတွင် အာဟာရစုံလင်ပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာပါဝင်သော ဟင်းသီးဟင်းရွက်များထဲမှာ တစ်မျိုးပဲ ဖြစ်ပါတယ်။ (၂)ကျနိးမာရေးတန်ဖိုးများ -သွေးအားနည်းရောဂါ ရုံးပတေသီးသည် သွေးနီဥဆဲလ် ထုတ်လုပ်မှုကို […]

Read More

နှုတ်ခမ်းသားလေး နီထွေးဖို့

သင်အလှဆုံးပြုံးနိုင်ဖို့ သင့်နှုတ်ခမ်းလေးတွေ သဘာဝအတိုင်း နီထွေးနေဖို့ လိုအပ်ပါတယ်။ ယခုခေတ်အမျိုးသမီးများသာမက အမျိုးသားများပါ နှုတ်ခမ်းလေးတွေ သဘာဝအတိုင်း ပန်းရောင်သန်းနေဖို့ ondr မှာ မေးကြပါတယ်။ သင့်နှုတ်ခမ်းလေးတွေ ခြောက်သွေ့ မည်းညစ်နေရတဲ့ အကြောင်းရင်း အဓိက ဖြစ်ရခြင်းမှာ သင့်နှုတ်ခမ်းသည် သင့်ထင်တာထက်ပို၍ ထိခိုက်လွယ်ပြီး နူးညံပါတယ်။ မျက်နှာအသားအရေထက် ပါးလျပြီး ချွေးဂလင်းများလည်း မရှိသောကြောင့် ပိုမို အစိုဓာတ်ရရှိစေရန် ထိန်းသိမ်းရန် လိုအပ်ပါတယ်။ နှုတ်ခမ်း မည်းညစ်ခြောက်သွေ့ရသောအဓိက အကြောင်းရင်းများမှာ -ကျန်းမာရေးနဲ့ မညီညွတ်သော နေထိုင်မှုပုံစံ (ဥပမာ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းနှင့် အစားအသောက်များ) -ရေဓာတ်ခမ်းခြောက်ခြင်း -ကဖိန်းဓာတ် အလွန်အကျွံသောက်သုံးခြင်း -ဒိတ်လွန် နှုတ်ခမ်းနီများ ဆိုးခြင်း -အရည်အသွေး မမှီသော နှုတ်ခမ်းနီများဆိုးခြင်း -ညအိပ်ခါနီး မိတ်ကပ်မဖျက်ခြင်း -သွေးအားနည်းခြင်းနှင့် -နေလောင်ခံခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့ကြောင့် […]

Read More

လေလည်ရဲ့လား

သင် လေလည်ရဲ့လား ဆိုသောမေးခွန်းသည် အနည်းငယ်ရိုင်းသည်ဟု ဆိုနိုင်သော်လည်း ဆေးပညာအရ အရေးကြီးသော မေးခွန်းဖြစ်ပါတယ်။ လေထိုး၊လေအောင့်ဖြစ်သူများနှင့် ခွဲစိတ်ပြီးစ လူနာများအတွက် အရေးကြီးသော မေးခွန်းဖြစ်ပါတယ်။ ဗိုက်အောင့်ဝေဒနာ ခံစားရသူများအဖို့ လေလည်လိုက်လျှင် သက်သာမည်ဟုလည်းယုံ ကြည်ကြပါတယ်။ လေ (GAS) သည် အစာချေမှုဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အူသေးတွင် အစာချေပြီးမကြေသောအစာများက အူမကြီးတွင် ပိုးမွှားများဖြင့် ဓာတ်ပြုကာ မီသိမ်းနှင့်ဟိုက်ဒရိုဂျင် ထွက်ကာ လေလည်ခြင်းဖြင့် စွန့်ထုတ်ပါတယ်။ လေ (GAS) ထွက်လာလျှင် လေလည်ဖို့ လိုပါတယ်။ လေမလည်ခဲ့လျှင် ဗိုက်အောင့် ဗိုက်နာဖြစ်ကာ မအီမသာ ခံစားရပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းသို့မဟုတ် ဝမ်းလျောခြင်းကြောင့် လေထိုး၊ လေအောင့်ခြင်းကို ပိုဆိုးစေပါတယ်။ (1) လေပွစေနိုင်သော အကြောင်းအရာများကတော့ အစာစားများခြင်း အစာစားပြီး လေမျိုချမိခြင်း ပီကေဝါးခြင်း […]

Read More