အချိန်မကုန်ငွေမကုန်ပျိုမေတွေကို လှပစေသောအရာ

သင့်မျက်နှာအသားအရေ တဖြည်းဖြည်းပျက်ဆီးလာတာကြည့်ပြီး စိတ်ပျက်နေပါသလား? အလှကုန်ပစ္စည်းမျိုးစုံသုံးပြီး အဆင်မပြေဖြစ်နေပါသလား? အရေပြားကုသမူများထဲမှ အကောင်းဆုံးနဲ့ပေါ်ပြူလာအဖြစ်ဆုံး နည်းလမ်းတစ်ခု ရှိပါတယ်။ ဒါကတော့ လူတိုင်းအလွယ်တကူလုပ်နိုင်မယ့် နည်းလမ်းဖြစ်တဲ့ မျက်နှာကို ရေခဲကပ်ခြင်းပါပဲ။ ရေခဲကပ်ခြင်းက ငွေကုန်ကြေးကျမများပဲ သင့်မျက်နှာကို ပိုမို ကောင်းမွန်နူးညံချောမွေ့စေပါတယ်။ ရေခဲကပ်ပေးခြင်းဖြင့် သင့်မျက်နှာပေါ်တွင် အံ့အားသင့်ဖွယ်အကျိုးကျေးဇူးရရှိနိုင်ပါလိမ့်မယ်။ (၁)ရေခဲကပ်ပေးခြင်းသည် သွေးလည်ပတ်မူကောင်းစေသောကြောင့် သင့်မျက်နှာ လန်းဆန်းကြည်လင်လာပါလိမ့်မယ်။ (၂)ဝက်ခြံများ၊အမဲစက်များ ၊ အနီကွက်များ နှင့်အရေပြားယောင်ရမ်းမူရှိခဲ့ရင် အထူးသက်သာစေပါတယ်။ ရေခဲတုံးလေးများကို ဝက်ခြံပေါ် ၅မိနစ်ခန့် အရေပြားထုံလာသည်အထိ တင်ထားပေးလျှင် ဝက်ခြံများ သိသာစွာပျောက်ကင်းပါလိမ့်မယ်။ နေ့စဉ် အိပ်ယာမဝင်ခင် ပြုလုပ်ပေးပါ။ (၃)မျက်ကွင်းညိုခြင်းဟာ လူအများအတွက် စိတ်ညစ်စရာတစ်ခုပါပဲ။ ရေနှင့်သခွားသီးပေါင်းစပ်ထားသော ရေခဲတုံးကလေးများကပ်ခြင်းဖြင့် စိတ်သောကကင်းဝေးစေနိုင်ပါလိမ့်မယ်။ မျက်အိတ်တွဲကျခြင်းကိုလည်း ရေခဲကပ်ခြင်းက လျော့ပါးစေနိုင်ပါတယ်။ (၄)လွယ်ကူသက်သာသောtonerအဖြစ်လည်းအသုံးဝင်ပါတယ်။ မိတ်ကပ်မလိမ်းခင် ရေခဲကပ်ခြင်းသည် ချွေးပေါက်ကျဉ်းစေပြီး မိတ်ကပ်အသားပိုမိုတက်စေပါတယ်။ […]

Read More

အပျိုအမြှေးပါးဆိုသည်မှာ

ဒီကနေ့ ondr မှာမေးလေ့ရှိတဲ့အပျိုစစ်မစစ်နဲ့အပျိုအမြှေးပါးဆက်စပ်လားဆိုသော မေးခွန်းလေးဖြေပေးပါမယ်။ Hymen ကို အပျိုအမြှေးပါးဟုဘာသာပြန်လိုက်၍ ရူပ်ထွေးကုနိပါတယ်။(က)အပျိုအမြှေးပါးရှိမှ အပျိုစစ်တာလား (ခ)ဘယ်အချိန်အမြှေးပါးပေါက်လဲ (၃)ပေါက်ရင် ဘာဖြစ်နိုင်မလဲ စသည့်မေးခွန်းများ မေးလေ့ရှိပါတယ်။ဦးစွာ အပျိုအမြှေးပါး (hymen)ဆိုတာ ဘာလဲရှငိးပြပါမယ်။Hymenဆိုသည်မှာ မိနိးမကိုယ်အဝကို ကာရံထားတဲ့အပေါက်ပါသောအမြှေးပါးတစ်ခုသာဖြစ်ပါတယ်။မိန်းကလေး အများစုက မွေးကတည်းကပါလာသော်လည်း အချို့က လုံးဝပါမလာပါ။ အမြှေးပါး(hymen)အမျိုးအစား(၄)မျိုးရှိပါတယ်။ (၁)Normal hymen (ပုံမှန်အမျိုးအစား)လခြမ်းပုံ ဒီပုံစံအမျိုးအစားသည် အမျိုးသမီးအများစုရှိပါတယ်။မိနိးမကိုယ်အဝကိုတစ်ဝက်တစ်ပျက်ကာရံထားသဖြင့် ရာသီသွေးအလွယ်တကူဆင်းပါတယ်။ (၂)Imperforate hymen (အပေါက်မပါသောအမြှေးပါး) ဒီပုံစံအမျိုးအစားသည်မိနိးမကိုယ်အဝကိုအပြည့်ကာရံထားသဖြင့်ရာသီသွေးပေါ်ချိန်တွင်ရာသီသွေးမဆင်းနိုင်ပါ။ဆယ်ကျော်သက်အရွယ်တွင် ဗိုက်အောင့်ဗိုက်နာ ခါးနာ ဆီးသွားရခက်သော ဝေဒနာများခံစားရနိုင်သောကြောင့် ကလေးဘဝကတည်းကပင် အမြှေးပါးဖယ်ရှားပြီး ပုံမှန်မိန်းမကိုယ်အဝ ပြုလုပ်ရပါသည်။ ၃)Microperforate hymen(အပေါက်သေးငယ်သောအမြှေးပါး) ဒီပုံစံသည်လည်း မိန်းမကိုယ်အဝကိုအပြည့်နီးပါးကာရံထားသဖြင့် ရာသီသွေးဆင်းရန်ခက်သောကြောင့် အမြှေးပါးဖယ်ရှားရပါတယ်။ (၄)Separate hymen ဒီပုံစံအမျိုးအစားသည်မိန်းမကိုယ်အဝကိုအပေါက်နှစ်ပေါက်ဖြင့် ကာရံထားသောအမြှေးပါးဖြစ်ပါတယ်။ ပထမဆုံးလိင်ဆက်ဆံမှသာအမြှေးပါးပေါက်၍ သွေးထွက်မှသာအပျိုစစ်မည်ဟု အများစုက […]

Read More

ကိုယ်ဝန်ကြီးနှင့် လေယာဉ်ပျံ စီး၍ အဆင်ပြေမလား

သင်သည်ကိုယ်ဝန်ဆောင်စဉ် လေယာဉ်ပျံဖြင့် ခရီးသွားရန် အစီအစဉ်ရှိပါသလား?အမျိုးသမီးတိုင်းသည် ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက အရမ်းပျော်ရွင်ကြပြီး မိမိကိုယ်ဝန်ကိုအစွမ်းကုန်စောင့်ရှောက်ကြပါတယ်။ ကလေးအတွက်အာဟာရပြည့်ဝသောအစာအစားများ ရွေးချယ်စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကဲ့သို့ အကျင့်ဆိုးများဖယ်ရှားခြင်းပြုလုပ်သည့်အပြင် ကိုယ်ဝန်ပျက်ကျမည်စိုးသောကြောင့် အချိန်ကြာစွာတစ်နေရာမှတစ်နေရာခရီးသွားခြင်းကိုလည်း ရှောင်ရှားကြပါတယ်။ သွားရမည့်ခရီးပေါ်လာပါက မြန်ဆန်သောလေယာဉ်ပျံဖြင့်သွားရန်ရွေးချယ်ကြပါတယ်။ဒါကြောင့် လေယာဉ်ပျံဖြင့်သွား၍ ရမရ အောက်ပါအချက်များ သိရှိရန်လိုအပ်ပါတယ်။ လေယာဉ်ပျံဖြင့်ခရီးသွားမည်ဆိုလျင် ခရီးစဉ်အတွင်းဘာဖြစ်လာနိုင်သလဲကြိုတင်မည်သူမျှ မသိနိုင်ပါဘူး။ ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းမွန်သော ကိုယ်ဝန်ဆောင်များအတွက် commercial air travel သာ ရွေးချယ်ဝယ်ယူစီးနှင်တာပိုကောင်းတယ်လို့ပြောကြပါတယ်။ လေယာဉ်ပျံမစီးခင် မိမိကိုယ်ဝန် အခြေအနေကို ဆရာဝန်နှင့် ကြိုတင်စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်ပျံမစီးရပါ။ ကိုယ်ဝန် ၃လအောက်နှင့် ၃၆ပတ်ကျော်လျင် လေယာဉ်ပျံစီးခွင့် တားမြစ်ထားပါတယ်။ ဆရာဝန်နှင့်စစ်ဆေး၍ ခွင့်ပြုမှသာသွားသင့်ပါတယ်။ ခွင့်မပြု ၍ သွားလျှင် လမစေ့ပဲမွေးခြင်း၊ ပျက်ကျခြင်းဖြစ်လာနိုင်ပါတယ်။ သွားခွင့်ပြုလျှင်သင်ဘာတွေလုပ်သင့်သလဲ? သင်သည် airlineမှချမှတ်ထားသော စည်းမျဉ်း စည်းကမ်း […]

Read More

ကြွက်နို့

ကြွက်နို့ 
ယခုခေတ်လူငယ်အမျိုးသမီးရော အမျိုးသားများသည် မိမိတို့၏အရေပြားအလှအပကို အထူးစိတ်ဝင်စားဂရုစိုက်ကြပါတယ်။မိမိအရေပြားပေါ်တွေရုပ်ဆိုးစေသောကြွက်နို့များကိုမည်ကဲ့သို့ဖယ်ရှားသင့်သလဲဆိုသောမေးခွန်းများက Ondrမှာအမြဲမေးလေ့ရှိကြပါတယ်။ ကြွက်နို့သည် human papilloma virus ကြောင့်ဖြစ်ပွားပါတယ်။ အဖြစ်များလေ့ရှိတဲ့အရေပြားကြွက်နို့ကို ဖယ်ရှားကုသတဲ့နည်းလမ်းမျိုးစုံရှိပါတယ်။ အိမ်သုံးပစ္စည်းများဖြင့်ကုသခြင်း၊ ကြွက်နို့ကပ်ပလာစတာဖြင့်ကပ်ခြင်း၊ သို့မဟုတ် အရေပြားဆရာဝန်နဲ့ပြသပြီး ဖြတ်ခြင်း ၊ ခဲ၍ကြွေကျစေခြင်းစသောနည်းလမ်းများဖြစ်ပ်တယ်။ ခြေ/လက်တွေမှာအဖြစ်များတဲ့ကြွက်နို့များသည် အခြားနေရာများတွင်ဖြစ်လေ့ရှိသောကြွက်နို့များထက် အိမ်သုံးပစ္စည်းများအသုံးပြု၍ဖယ်ရှားကုသရာတွင်ပိုမိုပျောက်ကင်းလွယ်သည်။ ကြွက်နို့ကို မိမိအိမ်သုံးပစ္စည်းများဖြင့်အလွယ်တကူဖယ်ရှားနိုင်သောနည်းလမ်းများကတော့ (၁)ကြွက်နို့ကို ကြက်သွန်ဖြူဖြင့်ပွတ်တိုက်ပေးခြင်း (၂)ကြွက်နို့အပေါ်ကို မုန့်ဖုတ်ဆိုဒါ သိပ်ထားခြင်း၊ ကြက်ဆူဆီသုပ်လိမ်းခြင်း (၃)cevit အမူန့်ချေသိပ်ခြင်းနှင့် နာနတ်သီးအရည်စိမ်ခြင်း စသည့်နည်းလမ်းများဖြစ်ပါတယ်။ ကြွက်နို့ကို အသားမာဖြင့် မမှားဖို့ဂရုပြုရမှာဖြစ်ပါတယ်။ ကြွက်နို့သေချာခဲ့လျှင် ကြွက်နို့ကပ်ပလာစတာကပ်၍ ဖယ်ရှားကုသလို့ရပါတယ်ဟု အရေပြားဆရာဝန်အများစုက ပြောကြားထားပါတယ်။ ကပ်ခွာများတွင် ဆယ်လီစလစ်အက်ဆစ်ပါရှိပြီး ပျောက်ကင်းရန် ၆ပတ်ခန့်ကြာမြင့်တတ်ပြီး အောင်မြင်ရန် ၅၀%ရှိပါတယ်။ အေးခဲစေတဲ့နည်းကတော့ ၄၀%ခန့်ပျောက်ကင်းနိုင်ပါတယ်။ မျက်နှာ ၊ နူတ်ခမ်းနှင့် လိင်အင်္ဂါမှာကြွက်နို့ပေါက်သော် […]

Read More