အပျိုအမြှေးပါးဆိုသည်မှာ

ဒီကနေ့ ondr မှာမေးလေ့ရှိတဲ့အပျိုစစ်မစစ်နဲ့အပျိုအမြှေးပါးဆက်စပ်လားဆိုသော မေးခွန်းလေးဖြေပေးပါမယ်။ Hymen ကို အပျိုအမြှေးပါးဟုဘာသာပြန်လိုက်၍ ရူပ်ထွေးကုနိပါတယ်။(က)အပျိုအမြှေးပါးရှိမှ အပျိုစစ်တာလား (ခ)ဘယ်အချိန်အမြှေးပါးပေါက်လဲ (၃)ပေါက်ရင် ဘာဖြစ်နိုင်မလဲ စသည့်မေးခွန်းများ မေးလေ့ရှိပါတယ်။ဦးစွာ အပျိုအမြှေးပါး (hymen)ဆိုတာ ဘာလဲရှငိးပြပါမယ်။Hymenဆိုသည်မှာ မိနိးမကိုယ်အဝကို ကာရံထားတဲ့အပေါက်ပါသောအမြှေးပါးတစ်ခုသာဖြစ်ပါတယ်။မိန်းကလေး အများစုက မွေးကတည်းကပါလာသော်လည်း အချို့က လုံးဝပါမလာပါ။

အမြှေးပါး(hymen)အမျိုးအစား(၄)မျိုးရှိပါတယ်။
(၁)Normal hymen (ပုံမှန်အမျိုးအစား)လခြမ်းပုံ
ဒီပုံစံအမျိုးအစားသည် အမျိုးသမီးအများစုရှိပါတယ်။မိနိးမကိုယ်အဝကိုတစ်ဝက်တစ်ပျက်ကာရံထားသဖြင့် ရာသီသွေးအလွယ်တကူဆင်းပါတယ်။
(၂)Imperforate hymen (အပေါက်မပါသောအမြှေးပါး)
ဒီပုံစံအမျိုးအစားသည်မိနိးမကိုယ်အဝကိုအပြည့်ကာရံထားသဖြင့်ရာသီသွေးပေါ်ချိန်တွင်ရာသီသွေးမဆင်းနိုင်ပါ။ဆယ်ကျော်သက်အရွယ်တွင် ဗိုက်အောင့်ဗိုက်နာ ခါးနာ ဆီးသွားရခက်သော ဝေဒနာများခံစားရနိုင်သောကြောင့် ကလေးဘဝကတည်းကပင် အမြှေးပါးဖယ်ရှားပြီး ပုံမှန်မိန်းမကိုယ်အဝ ပြုလုပ်ရပါသည်။

၃)Microperforate hymen(အပေါက်သေးငယ်သောအမြှေးပါး)
ဒီပုံစံသည်လည်း မိန်းမကိုယ်အဝကိုအပြည့်နီးပါးကာရံထားသဖြင့် ရာသီသွေးဆင်းရန်ခက်သောကြောင့် အမြှေးပါးဖယ်ရှားရပါတယ်။
(၄)Separate hymen
ဒီပုံစံအမျိုးအစားသည်မိန်းမကိုယ်အဝကိုအပေါက်နှစ်ပေါက်ဖြင့် ကာရံထားသောအမြှေးပါးဖြစ်ပါတယ်။
ပထမဆုံးလိင်ဆက်ဆံမှသာအမြှေးပါးပေါက်၍ သွေးထွက်မှသာအပျိုစစ်မည်ဟု အများစုက ယူဆထားကြပါသည်။လိင်ဆက်ဆံခြင်းမဟုတ်ဘဲ အခြားသောအကြောင်းရင်းများကြောင့်လည်း အမြှေးပါးပေါက်နိုင်သည်။ဥပမာ

(၁)မြင်းစီးခြင်း/စက်ဘီးစီးခြင်း
(၂)မတော်တဆ မိန်းမကိုယ်ထိခိုက်ခြင်း (ဥပမာ လမ်းဘေးဆီးသွားခြင်း)
(၃)အားကစားလုပ်ခြင်း
(၄)မိန်းမကိုယ်ဆေးကြောရင်း လက်ဖြင့်ထိုးသွင်းမိခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
အမြှေးပါးပေါက်လျှင်သွေးထွက်နိုင်သလား?


အကြောင်းအမျိုးမျိုးကြောင့် အမြှေးပါးပေါက်ခဲ့သော် သွေးအများကြီးမထွက်ပါ။ထွက်ခဲ့သော် အခြားအကြောင်းရင်းကြောင့်ရှိနိုင်ပါတယ်။ အပျိုအမြှေးပါးအမျိုးအစားပေါ်မူတည်၍ သွေးမထွက်တာလည်းဖြစ်နိုင်ပါတယ်။ဒါကြောင့် အချို့အမျိုးသမီးများ ပေါက်ခြင်း မပေါက်ခြင်းကို သူတို့ကိုယ်တိုင် သတိမမူမိကြပါ။ဒါကြောင့် အပျိုအမြှေးပါးရှိမှ အပျိုစစ်သည်ဟုသော မီးစအတွေးကို ဖယ်ရှား၍ ချစ်ခင်မူ နားလည်မူ သစ္စာရှိမူဖြင့် အိမ်ထောင်ဦးကို စတင်ကြပါဟု တိုက်တွန်းအပ်ပါသည်။

Author: Dr. ပြည့်ရှင်း