အပျိုအမြှေးပါးဆိုသည်မှာ

ဒီကနေ့ ondr မှာမေးလေ့ရှိတဲ့အပျိုစစ်မစစ်နဲ့အပျိုအမြှေးပါးဆက်စပ်လားဆိုသော မေးခွန်းလေးဖြေပေးပါမယ်။ Hymen ကို အပျိုအမြှေးပါးဟုဘာသာပြန်လိုက်၍ ရူပ်ထွေးကုနိပါတယ်။(က)အပျိုအမြှေးပါးရှိမှ အပျိုစစ်တာလား (ခ)ဘယ်အချိန်အမြှေးပါးပေါက်လဲ (၃)ပေါက်ရင် ဘာဖြစ်နိုင်မလဲ စသည့်မေးခွန်းများ မေးလေ့ရှိပါတယ်။ဦးစွာ အပျိုအမြှေးပါး (hymen)ဆိုတာ ဘာလဲရှငိးပြပါမယ်။Hymenဆိုသည်မှာ မိနိးမကိုယ်အဝကို ကာရံထားတဲ့အပေါက်ပါသောအမြှေးပါးတစ်ခုသာဖြစ်ပါတယ်။မိန်းကလေး အများစုက မွေးကတည်းကပါလာသော်လည်း အချို့က လုံးဝပါမလာပါ။ အမြှေးပါး(hymen)အမျိုးအစား(၄)မျိုးရှိပါတယ်။ (၁)Normal hymen (ပုံမှန်အမျိုးအစား)လခြမ်းပုံ ဒီပုံစံအမျိုးအစားသည် အမျိုးသမီးအများစုရှိပါတယ်။မိနိးမကိုယ်အဝကိုတစ်ဝက်တစ်ပျက်ကာရံထားသဖြင့် ရာသီသွေးအလွယ်တကူဆင်းပါတယ်။ (၂)Imperforate hymen (အပေါက်မပါသောအမြှေးပါး) ဒီပုံစံအမျိုးအစားသည်မိနိးမကိုယ်အဝကိုအပြည့်ကာရံထားသဖြင့်ရာသီသွေးပေါ်ချိန်တွင်ရာသီသွေးမဆင်းနိုင်ပါ။ဆယ်ကျော်သက်အရွယ်တွင် ဗိုက်အောင့်ဗိုက်နာ ခါးနာ ဆီးသွားရခက်သော ဝေဒနာများခံစားရနိုင်သောကြောင့် ကလေးဘဝကတည်းကပင် အမြှေးပါးဖယ်ရှားပြီး ပုံမှန်မိန်းမကိုယ်အဝ ပြုလုပ်ရပါသည်။ ၃)Microperforate hymen(အပေါက်သေးငယ်သောအမြှေးပါး) ဒီပုံစံသည်လည်း မိန်းမကိုယ်အဝကိုအပြည့်နီးပါးကာရံထားသဖြင့် ရာသီသွေးဆင်းရန်ခက်သောကြောင့် အမြှေးပါးဖယ်ရှားရပါတယ်။ (၄)Separate hymen ဒီပုံစံအမျိုးအစားသည်မိန်းမကိုယ်အဝကိုအပေါက်နှစ်ပေါက်ဖြင့် ကာရံထားသောအမြှေးပါးဖြစ်ပါတယ်။ ပထမဆုံးလိင်ဆက်ဆံမှသာအမြှေးပါးပေါက်၍ သွေးထွက်မှသာအပျိုစစ်မည်ဟု အများစုက […]

Read More