ကိုယ်ဝန်ကြီးနှင့် လေယာဉ်ပျံ စီး၍ အဆင်ပြေမလား

သင်သည်ကိုယ်ဝန်ဆောင်စဉ် လေယာဉ်ပျံဖြင့် ခရီးသွားရန် အစီအစဉ်ရှိပါသလား?အမျိုးသမီးတိုင်းသည် ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက အရမ်းပျော်ရွင်ကြပြီး မိမိကိုယ်ဝန်ကိုအစွမ်းကုန်စောင့်ရှောက်ကြပါတယ်။

ကလေးအတွက်အာဟာရပြည့်ဝသောအစာအစားများ ရွေးချယ်စားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်းကဲ့သို့ အကျင့်ဆိုးများဖယ်ရှားခြင်းပြုလုပ်သည့်အပြင် ကိုယ်ဝန်ပျက်ကျမည်စိုးသောကြောင့် အချိန်ကြာစွာတစ်နေရာမှတစ်နေရာခရီးသွားခြင်းကိုလည်း ရှောင်ရှားကြပါတယ်။

သွားရမည့်ခရီးပေါ်လာပါက မြန်ဆန်သောလေယာဉ်ပျံဖြင့်သွားရန်ရွေးချယ်ကြပါတယ်။ဒါကြောင့် လေယာဉ်ပျံဖြင့်သွား၍ ရမရ အောက်ပါအချက်များ သိရှိရန်လိုအပ်ပါတယ်။

လေယာဉ်ပျံဖြင့်ခရီးသွားမည်ဆိုလျင် ခရီးစဉ်အတွင်းဘာဖြစ်လာနိုင်သလဲကြိုတင်မည်သူမျှ မသိနိုင်ပါဘူး။ ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းမွန်သော ကိုယ်ဝန်ဆောင်များအတွက် commercial air travel သာ ရွေးချယ်ဝယ်ယူစီးနှင်တာပိုကောင်းတယ်လို့ပြောကြပါတယ်။ လေယာဉ်ပျံမစီးခင် မိမိကိုယ်ဝန် အခြေအနေကို ဆရာဝန်နှင့် ကြိုတင်စစ်ဆေးပါ။ ကိုယ်ဝန်ဆောင်တိုင်း လေယာဉ်ပျံမစီးရပါ။

ကိုယ်ဝန် ၃လအောက်နှင့် ၃၆ပတ်ကျော်လျင် လေယာဉ်ပျံစီးခွင့် တားမြစ်ထားပါတယ်။ ဆရာဝန်နှင့်စစ်ဆေး၍ ခွင့်ပြုမှသာသွားသင့်ပါတယ်။ ခွင့်မပြု ၍ သွားလျှင် လမစေ့ပဲမွေးခြင်း၊ ပျက်ကျခြင်းဖြစ်လာနိုင်ပါတယ်။

သွားခွင့်ပြုလျှင်သင်ဘာတွေလုပ်သင့်သလဲ?
သင်သည် airlineမှချမှတ်ထားသော စည်းမျဉ်း စည်းကမ်း ဥပဒေများလေ့လာထားပါ။ သက်တောင့်သက်သာရှိစေနိုင်မယ့် ထိုင်ခုံနေရာရွေးချယ်ဝယ်ယူပါ။ ခါးပတ်ကို ဗိုက်အောက်မှာပဲပတ်ပါ။ ခရီးစဉ်တစ်လျှောက်အတတ်နိုင်ဆုံး မိမိစိတ်ကို အေးချမ်းစွာရှိနေပါစေ။ရေဓာတ်ခမ်းခြောက်မူသက်သာစေရန် ဖျော်ရည်နှင့်ရေများများသောက်ပါ။အထက်ဖော်ပြချက်များ လေ့လာ၍ ကိုယ်ဝန်ဆောင်များလေယာဉ်ပျံစီးသင့် မသင့် ဆုံးဖြတ်နိုင်ကြပါစေ။

Author: Dr. ပြည့်ရှင်း