လေလည်ရဲ့လား

သင် လေလည်ရဲ့လား ဆိုသောမေးခွန်းသည် အနည်းငယ်ရိုင်းသည်ဟု ဆိုနိုင်သော်လည်း ဆေးပညာအရ အရေးကြီးသော မေးခွန်းဖြစ်ပါတယ်။ လေထိုး၊လေအောင့်ဖြစ်သူများနှင့် ခွဲစိတ်ပြီးစ လူနာများအတွက် အရေးကြီးသော မေးခွန်းဖြစ်ပါတယ်။ ဗိုက်အောင့်ဝေဒနာ ခံစားရသူများအဖို့ လေလည်လိုက်လျှင် သက်သာမည်ဟုလည်းယုံ ကြည်ကြပါတယ်။

လေ (GAS) သည် အစာချေမှုဖြစ်စဉ်ရဲ့ ပုံမှန်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အူသေးတွင် အစာချေပြီးမကြေသောအစာများက အူမကြီးတွင် ပိုးမွှားများဖြင့် ဓာတ်ပြုကာ မီသိမ်းနှင့်ဟိုက်ဒရိုဂျင် ထွက်ကာ လေလည်ခြင်းဖြင့် စွန့်ထုတ်ပါတယ်။

လေ (GAS) ထွက်လာလျှင် လေလည်ဖို့ လိုပါတယ်။ လေမလည်ခဲ့လျှင် ဗိုက်အောင့် ဗိုက်နာဖြစ်ကာ မအီမသာ ခံစားရပါလိမ့်မယ်။ ဝမ်းချုပ်ခြင်းသို့မဟုတ် ဝမ်းလျောခြင်းကြောင့် လေထိုး၊ လေအောင့်ခြင်းကို ပိုဆိုးစေပါတယ်။

(1) လေပွစေနိုင်သော အကြောင်းအရာများကတော့

  • အစာစားများခြင်း
  • အစာစားပြီး လေမျိုချမိခြင်း
  • ပီကေဝါးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • အချို့အစားအစာများကြောင့် စသည်တို့ပဲ ဖြစ်ပါတယ်။

(2) လေထိုးလေအောင့် ဖြစ်စေသော ရောဂါများကတော့

  • အစာအိမ်အူရောင်ခြင်း
  • lactose မခံနိုင်ခြင်း
  • Celiac ရောဂါ
  • Crohn ရောဂါ
  • ဆီးချိုရောဂါ
  • အစာအိမ်အနာစသည်တို့ဖြစ်ပါတယ်။

ဆေးခန်းပြသင့်သော လက္ခဏာများမှာ ရုတ်တရက်ဖြစ်ခြင်း၊ စိတ်ပင်ပန်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်းနှင့် အလေးချိန်လျော့ခြင်းပါ အတူတကွ ဖြစ်ပေါ်လာပါက ဆရာဝန်နှင့် ကုသသင့်ပါတယ်။

(3) လေထိုးလေအောင့် သက်သာအောင် ဖယ်ရှားနည်း

  • အစားအသောက် ရွေးချယ်စားသုံးခြင်း။
  • Peppermint tea (ပင်စိမ်းအဆီအနံ ထည့်ထားသော လက်ဘက်ခြောက်)သောက်သုံးခြင်းသည် လေထိုးလေအောင့် သက်သာစေပါတယ်။ အချို့လူများတွင် ရင်ပူစေနိုင်သောကြောင့် ပမာဏအတိအကျ သောက်သုံးပါ။ အစာမစားမီ အဆိုပါရေနွေး တစ်ခွက်သောက်ခြင်းသည် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
  • Chamomile ပန်းပွင့်လက်ဘက်ခြောက်သည် အစာမကြေ၊ လေထိုးလေအောင့်၊ လေပွခြင်း သက်သာစေပါတယ်။ အိပ်ရာဝင်ချိန်နှင့် အစာမစားမီ သောက်ပါ။
  • Simethicone ပါသော အစာကြေဆေးဝါးသည် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ Simethicone သည် အစာအိမ်အတွင်းရှိလေ (gas) များကို အလွယ်တကူ ဖယ်ရှားပေးပါသည်။ အလွယ်တကူ ဝါးစားကာ လေထိုးလေအောင့်ခြင်းကို အမြန်ဆုံး သက်သာစေနိုင်ပါသည်။
  • ဆေးဝါးအဖြစ် သုံးနိုင်သော မီးသွေးသည်လည်း အူမကြီးအတွင်းရှိ လေများကို ဖယ်ရှားပေးပါသည်။
  • ပန်းသီးရှာလကာရည်ကို ရေ သို့မဟုတ် လက်ဘက်ခြောက်ရည်နှင့် ရောစပ်သောက်သုံးပါက လေထိုးလေအောင့် သက်သာနိုင်ပါတယ်။
  • ကိုယ်လက်လှုပ်ရှားခြင်းသည်လည်း လေထိုးလေအောင့်ခြင်းကို ထိရောက်စွာ သက်သာစေနိုင်ပါတယ်။ အစာစားပြီး လမ်းလျှောက်ပါက လေလည်ခြင်းကို ဖြစ်စေပါတယ်။

Lactase ပါသော ဖြည့်စွက်ဆေးများ

lactose ကို မခံနိုင်သောသူများသည် အသားဓာတ်ကို မချေဖျက်နိုင်ပါ။ ထို့ကြောင့် lactase ပါသောဖြည့်စွက်ဆေးများက အစာကြေပြီး လေထိုးလေအောင့် သက်သာစေပါတယ်။

လေးညှင်းပွင့်

လေညှင်းပွင့်ဆီသည်လေထိုးလေအောင့်လေပွခြင်းကိုသက်သာစေပါတယ်။

(4) လေပွခြင်းကာကွယ်နိုင်သောနည်းလမ်းများမှာ

  • အစာကို သက်တောင့်သက်သာ ဖြေးညှင်းစွာ ထိုင်စားပါ။
  • အစာစားရင်း စကားမပြောသင့်ပါ။
  • အမြဲတစေ ပီကေဝါးခြင်း ရှောင်ပါ။
  • ဆိုဒါနှင့် ကာဗွန်နိတ်ပါသော အချိုရည်သောက်သုံးခြင်း ရှောင်ပါ။
  • ဆေးလိပ်သောက်ခြင်း ရှောင်ပါ။
  • ကိုယ်လက်လူပ်ရှားမှု လုပ်ပါ။
  • လေပွစေသော အစာအစားများ ရှောင်ပါ။

သင်လေထိုးလေအောင့် ဝေဒနာခံစားရလျှင် အမြန်သက်သာစေရန် Simethicone ပါသော Kremil-S (ခရေးမေးလ်-အက်စ်) ကဲ့သို့ ဆေးပြားများ အလွယ်တကူ ဝါးစားပါက လေလည်ကာ သက်တောင့်သက်သာ အနေအထား ချက်ချင်း ရောက်ရှိနိုင်ပါလိမ့်မယ်။

Author : Dr. ပြည့်ရှင်း