ဝက်ခြံထွက်လွယ်တဲ့ သူတွေအတွက် အသားအရေကို ဘယ်လိုဂရုစိုက်ကြမလဲ

ဆေးခန်းမှာ မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းနှစ်ခုရှိပါတယ်၊၊ တစ်ခုက ၀က်ခြံ အမြစ်ပြတ်အရှင်း ပျောက်မှာလား ဆိုတာနဲ့ နောက်တစ်ခုကတော့ သုံးရက်လောက်နဲ့ ၀က်ခြံအမြန်ပျောက်ချင်တယ် ဆိုပြီးတောင်းဆိုတတ်ကြပါတယ်၊၊ လက်တွေ့မှာတော့ ၀က်ခြံဆိုတာ ဟိုမုန်း သွေးသားနဲ့ ဆိုင်တာမို့ အချိန်ယူကုသဖို့ လိုမှာဖြစ်သလို ၀က်ခြံအသစ်တွေ အထွက်မများအောင်သာ ထိန်းထားပေးလို့ရပါတယ်၊၊ ဒါပေမယ့် အချိန်တစ်ခုရောက်ရင်တော့ သွေးသားပြောင်းလဲမှုတွေ တည်ငြိမ်သွားပြီး ၀က်ခြံထပ်မထွက်တော့တာမျိုးကို ရရှိနိုင်ပါတယ်၊၊ အဲဒီအချိန် မတိုင်ခင်ထိတော့ မိမိရဲ့ ၀က်ခြံထွက်လွယ်တဲ့ အသားရေနဲ့ ကိုက်ညီတဲ့ Skin Care မျိုးကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ ၁။ Cleanser မျက်နှာသစ်ဆေး က နေ့တစ်နေ့ရဲ့ အစဆိုလဲမမှားပါဘူး။ မိမိရဲ့ အသားရေနဲ. ကိုက်ညီတဲ့ Cleanser  ကို သေချာ ရွေးချယ်ဝယ်ယူသင့်ပါတယ်၊၊ အဆီပြန်တဲ့အသားအရေအတွက် ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်၊၊ […]

Read More

ဝက်ခြံဘာကြောင့်ထွက်

ဝက်ခြံကို အင်္ဂလိပ်လို Acne လို့ခေါ်ပါတယ်၊၊ ဝက်ခြံပေါက်ရခြင်း အကြောင်းရင်းများစွာရှိပါတယ်၊၊ မျိုးရိုးဗီဇ နဲ့လဲ ဆက်စပ်မှုရှိနေပါတယ်၊၊ ဥပမာ – အဖေမှာ ၀က်ခြံဆိုးဆိုးဝါးဝါး ထွက်ခဲ့ရင် သားသမီးမှာလဲ ၀က်ခြံ ပေါက်မယ့် အန္တရာယ်တွေ ရှိနေပါတယ်။ ၀က်ခြံဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ သွေးသား ဟော်မုန်းဓာတ် ပြောင်းလဲမှုကြောင့်ပါ၊၊ အတိအကျ ပြောရရင် ကျားဟော်မုန်း (Androgen) ပမာဏဟာ  ရှိရင်းစွဲထက် သွေးထဲမှာ ပိုများလာတာပါ။ ဒီလို Androgen များနေတဲ့ အခြေအနေကို Hormone Imbalance ဟော်မုန်းဓာတ် မညီမျှလို့ ဖြစ်တယ်လို့ ပြောတတ်ကြတယ်၊၊ ယောက်ျားလေးတွေမှာဆို လူပျိုဖော်ဝင်စ ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များတတ်ပြီး မိန်းကလေးတွေကျတော့ အသက် နှစ်ဆယ်ကျော် မှာ စပြီး ဖြစ်တတ်ကြပါတယ်၊၊ […]

Read More

ဝက်ခြံတွေများနေတယ်

အခုတစ်လော ခရေ့မျက်နှာတွင် ဝက်ခြံများထွက်လာ၏။ ပိုလည်းများလာသည်ဟုထင်သည်။ အရင်က ဝက်ခြံထွက်တတ်ပေမဲ့ ဒီလောက်ကြီးတော့ အများအပြားမထွက်။ အခုတော့ မျက်နှာတွင် ဝက်ခြံများက ကြည့်မကောင်းအောင် များပြားနေသည်။ သူငယ်ချင်းတွေက တော့ စာမေးပွဲနီးလို့ နင်စိတ်ဖိစီးလို့ ဝက်ခြံထွက်တာနေမှာလို့ ပြောကြသည်။ ကိုယ့်အကြောင်းကိုယ်သိသည်။ စာမေးပွဲပေါ်တွင် စိတ်ဖိစီးမှုများလုံးဝရှိမနေပါ။ ကြော်ငြာသမျှ မျက်နှာသစ်ဆေးမျိုးစုံကိုလည်း သုံးကြည့်သည်။ ဝက်ခြံတွေက အရှင်းပျောက်ကင်းသည်မရှိ။ ဆရာဝန်တစ်ယောက်လောက်နှင့်တော့ သွားပြကြည့်မည်။ လမ်းထိပ်က ဆရာဝန်မလေးနှင့် မျက်မှန်းတန်းမိသည်။ ငယ်ငယ်ချောချောနှင့်လှပကြော့ရှင်းသည်။ ဆေးခန်းသွားပြရင်း ဆရာဝန်မလေးရော မျက်နှာမှာ ဝက်ခြံမရှိအောင် ဘယ်လိုလုပ်လဲ။ အသားအရည်လှပအောင် ဘယ်လိုထိန်းသိမ်းသလဲမေးရမည်။ ညနေခင်းစောစောပိုင်းလောက်ပဲ ဆေးခန်းကိုသွားပြလိုက်သည်။ ဆေးခန်းတွင်လူရှင်းနေသည်မို့အေးအေးဆေးဆေး စကားပြောလို့ကောင်းသည်။ “ဆရာမ သမီးမျက်နှာမှာ ဝက်ခြံတွေထွက်နေလို့ပါ။” ဆရာမမှ မျက်နှာကို သေချာကြည့်လိုက်သည်။ “ဖြစ်တာကြာပြီလား။” “ဖြစ်တာ ကြာတော့ကြာပြီ။ တစ်နှစ်လောက်ရှိတော့မယ်။” ဟိုးအရင်က […]

Read More