ကလေးမရခြင်း

အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြလို့ပါ။ တစ်အိုးတစ်အိမ်နဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ဖြစ်ချင်ကြလို့ပါ။ အိမ်ထောင်သည်ဖြစ်လာရင် ချက်ချင်းမဟုတ်တောင် တစ်ချိန်ချိန်တော့ သားသမီးလိုချင်လာတတ်ကြပါတယ်။ လိုချင်တဲ့အခါ ကလေးမရရင်စိတ်ဆင်းရဲတတ်ကြတယ်။ ငါ့အပြစ်လား၊ သူ့အပြစ်လားတွေးတတ်ကြတယ်။ ဘာကြောင့်ကလေးမ ရကြတာလဲ။ ကလေးမရဘူးဆိုတဲ့နေရာမှာ တားနည်းတစ်စုံတစ်ရာမှမသုံးဘဲ တစ်နှစ်ကျော်လောက်ပုံမှန်လိင်ဆက်ဆံနေကြ ပါလျက်နဲ့ က လေးမရတဲ့အခါမှဆိုလိုတာပါ။ တစ်ခါမှမရဘူးတာလား။ ပထမကလေးရပြီးမှ ထပ်မရတော့တာ လား လည်းရှိတတ်ကြပါတယ်။ နှစ်ယောက်လုံးနဲ့ဆိုင်တဲ့အချက်တွေကတော့ အတူနေတဲ့အခါအဆင်မပြေခြင်းတွေ၊ အတူနေတဲ့ရက် အပိုင်းအခြားနဲ့အတူနေပြီး ရေဆေးမိခြင်းတွေနဲ့လည်း ဆိုင်တတ်တယ်။ နှစ်ယောက်စလုံးမှာ စိတ်ဖိစီးမှုတွေများနေရင် လည်းဖြစ်နိုင်တယ်။ အမျိုးသားကြောင့်ဖြစ်နိုင်တဲ့အချက်တွေက သုက်လွှတ်မြန်နေခြင်း၊ သုက်လွှတ်ပေမယ့်နောက်ပြန်စီးနေခြင်း၊ သုက်ပိုးလုံးဝမပါ ခြင်း၊ သုက်ပိုးမပြည့်မီခြင်း၊ မွေးရာပါဝှေးစေ့မပါခြင်း၊ သေးခြင်း၊ ပိုးဝင်ဖူးခြင်း၊ ထိခိုက်ဒဏ်ရာရ ဖူးခြင်း၊ ခွဲစိပ်ဖူးခြင်း၊ ဓာတ်ရောင် ခြည်ခံဖူးခြင်း၊ ဂနိုရောဂါနဲ့ TB ရောဂါများ၊ တချို့သောဆေးတွေစွဲသောက်နေရ […]

Read More