ရောဂါကူးစက်ပုံအမျိုးမျိုး

ရောဂါလို့ ပြောတဲ့အခါ ကူးစက်နိုင်တဲ့ ရောဂါနဲ့ မကူးစက်နိုင်တဲ့ ရောဂါရယ် ဆိုပြီး နှစ်မျိုးရှိပါတယ်။ ကူးစက်နိုင်တဲ့ ရောဂါတွေက ရောဂါပိုးမျိုးစုံကြောင့် ဖြစ်တာပါ။ ရောဂါပိုးလို့ ပြောတဲ့အခါ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ parasites လို့ခေါ်တဲ့ ကပ်ပါးပိုးတွေ၊ မှိုပိုးတွေ စသဖြင့် စသဖြင့်ပါ။ ဒီပိုးတွေက တိရစ္ဆာန် အချင်းချင်းသော်လည်းကောင်း တိရစ္ဆာန်ကနေ လူကို သော်လည်းကောင်း လူအချင်းချင်းသော်လည်းကောင်း တဆင့်ပြီးတဆင့် ကူးစက်နိုင်ကြပါတယ်။ ရောဂါပိုးတွေ ဘယ်လိုကူးစက်နိုင်လဲ ဆိုတာသိထားခြင်းအားဖြင့်တော့ ရောဂါပိုးမကူးစက်ရအောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်တာတွေ လုပ်ဆောင်လို့ရပါတယ်။ ရောဂါကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့ အသက်ရှူလမ်းကြောင်းကတဆင့်၊ အစာလမ်းကြောင်းကတဆင့်၊ တိုက်ရိုက်ထိတွေ့ခြင်းကတဆင့်၊ အကောင်တစ်ကောင်ကောင်ကိုက်ခြင်းကတဆင့်၊ သွေးကတဆင့်၊ လိင်ဆက်ဆံခြင်းကတဆင့်၊ ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကိုကူးတာ စသဖြင့်ပါ။ အသက်ရှူလမ်းကြောင်းက တဆင့်ကူးတယ်လို့ပြောတဲ့အခါမှာ လေထဲကရောဂါပိုးက နှာချေချောင်းဆိုးရင်း ကူးတာအပြင် ရောဂါပိုးရှိသူရဲ့ […]

Read More