ရာသီပြောင်းတိုင်း မကွေးရလေအောင်

ရာသီအကူးအ​ပြောင်းကာလမှာ ဖြစ်​​လေ့ရှိတဲ့ တုပ်​​ကွေး​ရောဂါ ​ဖြစ်​ပွားလျှင်​ အလွန်​ခံရခက်​လှပါတယ်​။ အလုပ်​မလုပ်​နိုင်​ ၊ ကျောင်းမသွားနိုင်​သည်​ အထိ ခံစားရ ဆိုးရွားပါတယ်​။ (1)အဖြစ်​များ​သောတုပ်​​ကွေးလက္ခဏာများက​တော့ -လည်​​ချောင်းနာ -နှာ​ပိတ်​ -နှာ​ရည်​ကျ -​ချောင်းဆိုး -ခေါင်းကိုက်​ -ဖျား -ကိုက်​လက်​ကိုက်​ခဲခြင်းစ​သော​ လက္ခဏာများသည်​ ကူးစက်​ခံရသူအဖို့ အလွန်​ခံရခက်​​သော လက္ခဏာများပင်​ဖြစ်​ပါတယ်​။ (2) ကူးစက်​ပုံ အ​အေးမိနှာ​စေးခြင်းသည်​ သာမန်​​ရောဂါ​လေးမှစ၍ အဆုတ်​ပွအဆုတ်​​ရောင်​၍ ​ဆေးရုံတက်​ကုသရသည်​အထိ ပြင်းထန်​နိုင်​ပါတယ်​။ အ​အေးမိတုပ်​​ကွေး​ရောဂါသည်​ ဗိုင်းရပ်​စ်​ပိုးများ​ကြောင့်ဖြစ်​ပွား​လေ့ရှိပြီး ​ရောဂါဖြစ်ပွားသူ​ချောင်းဆိုး၊ နှာ​စေးခြင်းမှတဆင့်​​ ​သေးငယ်​​သော အမှုန်​အမွှားများ​လေထဲသို့ ပျံနှံ့ကူးစက်​နိုင်​ပါတယ်​။ ထိုအမှုန်​အမွှားများ ကပ်​ငြိ​နေနိုင်​​​သောအရာပစ္စည်းများ ထိ​တွေ့ကိုင်​တွယ်​ခြင်းမှ တဆင့်​လည်း ကူးစက်​ခံရတတ်​ပါတယ်​။ ထို့​ကြောင့်​ တစ်​​ယောက်​ဖြစ်​လျှင်​ တစ်​အိမ်​လုံး အလျင်​အမြန်​ ကူးစက်​နိုင်​ပါတယ်​။ တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားနည်း​သော အချိန်​တွင် ​ပိုမိုကူးစက်​တတ်​ပါတယ်​။ တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားမ​ကောင်းသာ က​လေးသူငယ်​များ၊ […]

Read More