ရာသီပြောင်းတိုင်း မကွေးရလေအောင်

ရာသီအကူးအ​ပြောင်းကာလမှာ ဖြစ်​​လေ့ရှိတဲ့ တုပ်​​ကွေး​ရောဂါ ​ဖြစ်​ပွားလျှင်​ အလွန်​ခံရခက်​လှပါတယ်​။ အလုပ်​မလုပ်​နိုင်​ ၊ ကျောင်းမသွားနိုင်​သည်​ အထိ ခံစားရ ဆိုးရွားပါတယ်​။

(1)အဖြစ်​များ​သောတုပ်​​ကွေးလက္ခဏာများက​တော့
-လည်​​ချောင်းနာ
-နှာ​ပိတ်
-နှာ​ရည်​ကျ
-​ချောင်းဆိုး
-ခေါင်းကိုက်
-ဖျား
-ကိုက်​လက်​ကိုက်​ခဲခြင်းစ​သော​ လက္ခဏာများသည်​ ကူးစက်​ခံရသူအဖို့ အလွန်​ခံရခက်​​သော လက္ခဏာများပင်​ဖြစ်​ပါတယ်​။

(2) ကူးစက်​ပုံ
အ​အေးမိနှာ​စေးခြင်းသည်​ သာမန်​​ရောဂါ​လေးမှစ၍ အဆုတ်​ပွအဆုတ်​​ရောင်​၍ ​ဆေးရုံတက်​ကုသရသည်​အထိ ပြင်းထန်​နိုင်​ပါတယ်​။ အ​အေးမိတုပ်​​ကွေး​ရောဂါသည်​ ဗိုင်းရပ်​စ်​ပိုးများ​ကြောင့်ဖြစ်​ပွား​လေ့ရှိပြီး ​ရောဂါဖြစ်ပွားသူ​ချောင်းဆိုး၊ နှာ​စေးခြင်းမှတဆင့်​​ ​သေးငယ်​​သော အမှုန်​အမွှားများ​လေထဲသို့ ပျံနှံ့ကူးစက်​နိုင်​ပါတယ်​။ ထိုအမှုန်​အမွှားများ ကပ်​ငြိ​နေနိုင်​​​သောအရာပစ္စည်းများ ထိ​တွေ့ကိုင်​တွယ်​ခြင်းမှ တဆင့်​လည်း ကူးစက်​ခံရတတ်​ပါတယ်​။ ထို့​ကြောင့်​ တစ်​​ယောက်​ဖြစ်​လျှင်​ တစ်​အိမ်​လုံး အလျင်​အမြန်​ ကူးစက်​နိုင်​ပါတယ်​။ တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားနည်း​သော အချိန်​တွင် ​ပိုမိုကူးစက်​တတ်​ပါတယ်​။ တုပ်​​ကွေး​ရောဂါသည်​ ကိုယ်​ခံအားမ​ကောင်းသာ က​လေးသူငယ်​များ၊ သက်​ ကြီးရွယ်​အိုများနှင့်နာတာရှည်​​ရောဂါသည်​များ မကူးစက်​​အောင် ​အထူးဂရုစိုက်​ရပါတယ်​။

(3) ​ရောဂါအ​ခြေအ​နေ
တုပ်​​ကွေးကူးစက်​သူများသည်​ အနည်းဆုံး ၅ရက်​မှ တစ်ပတ်​ထိ ကြာမြင့်​တတ်​ပါတယ်​။ ကိုယ်​လက်​ကိုက်​ခဲ၊ ဖျားနာမှု့ ​ပျောက်​သည်​​တိုင်​​အောင် ​ရက်​သတ္တပတ်​ အနည်းငယ်​ထိ နွမ်းလျ​နေတတ်​ပါတယ်​။

(4) ကုသနည်းများက​တော့
တုပ်​​ကွေးကုသနည်းများက​တော့ မိမိဖြစ်​တဲ့လက္ခဏာ​​ပေါ် မူတည်​ ကုသရပါတယ်​။

(၁) နှာပိတ်​ခြင်းအတွက်​ နှာ​ခေါင်း​ရောင်​ရမ်းမှု သက်​သာ​စေ​သော နှာ​ခေါင်းဖြန်း​ဆေးများ အသုံးပြုနိုင်​ပါတယ်​။ သို့​သော်​ အချိန်​အတန်​ကြာသည်​အထိ မသက်​သာလျှင် ​ဆက်​မသုံးသင့်​ပါ။ နှာ​ရည်​ကျ၊ နှာ​ချေခဲ့လျှင်​ Antihistamines ​ဆေးကို ​သောက်​သုံးနိုင်​ပါတယ်​။
ဆေးနှင့်​ နှာ​ခေါင်းဖြန်း​ဆေးကို​တော့ တွဲမသုံးသင့်​ပါ။

(၂) ချောင်းဆိုးခြင်း
ချောင်းဆိုးသက်​သာ​စေရန်​ ​ချောင်းဆိုးသက်​သာ ​ပျောက်​​ဆေးအမျိုးမျိုး ရှိပါတယ်​။ သလိပ်​​ပျော်​​ဆေးများလည်း ရှိပါတယ်​။ နှာ​စေးနှာပိတ်​ဆေးနှင့်​ တွဲလျက်​လည်း ရှိပါတယ်​။

(၃) ကိုယ်​လက်​ကိုက်​ခဲခဲ့လျှင်​ အကိုက်​အခဲ​ပျောက်​​ဆေး​သောက်​၍​ရ​သော်​လည်း အကိုက်​ခဲ​ပျောက်​​ဆေးများ အလွန်​အကျွံမ​သောက်​မိရန်​ အ​ရေးကြီးပါတယ်​။ ကိုယ်လက် ကိုက်ခဲတာအတွက်ရော ၊ ချောင်းဆိုးတာ ၊ နှာပိတ်နှာစေးတာအတွက်ရော ပျောက်ကင်းစေတဲ့ အာနိသင်တွေပါတဲ့ အအေးမိ နှာစေးပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။

(၄) လည်​​ချောင်းနာ သက်​သာ​စေရန်​ ​ရေများများသာက်​ခြင်း၊ ဆားငန်​​ရေ ပလုတ်​ကျင်း​ပေးခြင်းများ ပြုလုပ်​နိုင်​ပါတယ်​။ ငုံ​ဆေးများ အသုံးပြုနိုင်​ပါတယ်​။ လည်​​ချောင်းဆိုးရွာစွာ နာလျှင်​ ပိုးသတ်​​ဆေး လိုနိုင်​ပါတယ်​။

(၅) ပိုးသတ်​​ဆေးနှင့်​ ဗိုင်းရပ်​သတ်​​ဆေးများက​တော့ ​ရောဂါလက္ခဏာ ပိုမိုဆိုးရွားစွာ ခံစားရလျှင်​ လိုအပ်​သဖြင့်​ ဆရာဝန်​နှင့်​ စမ်းသပ်​ပြသမှု ခံယူပြီးမှ ညွန်ကြားချက်​အတိုင်း ​သောက်​သင့်​ပါတယ်​။

သက်​သာ​စေ​သောနည်းလမ်းများက​တော့

  • အပြည့်​အဝအနားယူပါ။
  • အာဟာရရှိ​သောအရည်​များများ​သောက်​ပါ၊
  • လတ်​ဆတ်​​သောအသီး​ဖျော်​ရည်​များ​သောက်​ပါ၊
  • ဓာတ်​ဆားရည်​​သောက်​ပါ၊
  • ​ရေဓာတ်​ အလျင်​အမြန်​ဖြည့်​တင်း​ပေးပါ။
  • ကိုယ်​ခံအားတက်​​စေ​သောအစာအစားများစား​ပေးပါ။
  • ​ရေ​နွေး​ငွေ့ ရှူပါ။
  • လည်​​ချောင်းနာအတွက်​ ဆားရည်​ပလုတ် ​ကျင်းပါ။

(5) တုပ်​​ကွေး​ရောဂါ ကာကွယ်​နည်းများမှာ
-ကိုယ်​ခံအား​ကောင်း​စေရန်​ပြုမူ​နေထိုင်​ပါ
-အာဟာရပြည့်​ဝ​သောအစားအစာစားပါ
-Vitamin c ​သောက်​ပါ
-အိပ်​​ရေးဝဝအိပ်​ပါ
-အနားယူပါ
-စိတ်​ဖိစီးမှု ​လျော့ချပါ
-ကိုယ်​ခံအားတက်​​စေမည့် အစာအစားများစားသုံးပါ
-လက်​​ဆေးပါ။

 

-ချောင်းဆိုးနှာ​ချေခဲ့လျှင်​ နှာ​ခေါင်းကိုအဝတ်​စ၊တစ်​ရူးစဖြင့်​ပိတ်​ရ်ျ​ဆိုးပါ။
-နှာ​ခေါင်းစည်းတပ်​ပြီး​နေပါ။
-​တုပ်​​ကွေးရှိသူသည်​ အိမ်​သားများနဲ့​ဝေး​ဝေး​နေပါ။
-လူ​နေထူထပ်​​သော​နေရာများကို​ရှောင်​ရှားပါ။

(6)​နောက်​ဆက်​တွဲဆိုးကျိုး

တုပ်​​ကွေး​ရောဂါသည်​ အချို့လူများတွင် ​​နောက်​ဆက်​တွဲ ဆိုးကျိုးများ ခံစားရ​လေ့ရှိပါတယ်​။ အသက်​ကြီးသူများ၊ ငယ်​ရွယ်​သူများ၊ ကိုယ်​ဝန်​​ဆောင်​များ၊ နာတာရှည်​​ရောဂါသည်​များတွင်​​ အသက်​ရှူလမ်း​ကြောင်းဆိုင်​ရာ ပြဿနာများပိုမို ဖြစ်​ပွားတတ်​ပါတယ်​။ အသက်​အန္တရာယ်​ ထိခိုက်​နိုင်​ပါတယ်​။

ထို့​ကြောင်​ တုပ်​​ကွေး​ကြောင့်​ခံစားရတဲ့ ကိုယ်​လက်​ကိုက်​ခဲခြင်း၊ နှာ​စေး၊ နှာပိတ်​၊ နှာ​ချေ၊​ လည်​​ချောင်းနာ၊ ​ချောင်းဆိုးခဲ့လျှင်​ အလျင်​အမြန်​သက်​သာ​စေနိုင်​​သော ​အိမ်​သုံးဆေးဝါးများ​ သောက်​သုံးခြင်း၊ ကိုယ်​ခံအား​ကောင်း​အောင် ​​နေထိုင်​ခြင်းနှင့်​ ကူးစက်​မှု့ မပြန့်​ပွား​အောင်​ကာကွယ်​ခြင်း စသည်​တို့ဖြင့်​ ရာသီတုပ်​​ကွေး ​ဝေဒနာကို ကုသသင့်​ပါတယ်​။

Author : Dr. ပြည့်ရှင်း