အမှတ်တရ လည်ချောင်းနာခြင်း

မနက်ခင်းရဲ့ နေရောင်ခြည်နဲ့ တူတူ အိပ်ယာထစမှာ အဆင်မပြေတာ တစ်ခုကို ကြုံလိုက်ရတယ်။ လည်ပင်းထဲမှာ နေရတာတစ်မျိုးကြီးရယ်။ တစ်စို့စို့ကြီးလိုလို၊ ခြောက်ကပ်နေတာလိုလိုနဲ့ အတင်းမြိုချဖို့ ကြိုးစားကြည့်တော့ တစ်ခါမြိုချဖို့အရေး တော်တော် အနာခံလိုက်ရတယ်။ ကိုယ့်အဖြစ်ကို ဘယ်အချိန်တည်းက သိနေလဲမသိတဲ့ ခင်ပွန်းသည်က ‘ခင် ဘာဖြစ်လို့လဲ မောင်ကြည့်နေတာကြာပြီ။ နိုးလာတည်းက မျက်နှာကြီးကို ရှုံ့မဲ့နေတာပဲ။ နေမကောင်းဘူးလား’။ ‘ လည်ချောင်းထဲကနာနေလို့ မောင်။ တံတွေးတောင် မနည်းမြိုချရတယ် ‘ မနေ့ညနေက လင်မယားနှစ်ယောက် ပျော်ပျော်ပါးပါးနဲ့ လူတွေကြားထဲ တိုးပြီး ဘုရားပွဲဈေးလျှောက်ခဲ့ကြတာကို သတိရလိုက်တယ်။ နှစ်ယောက်သား ရဟတ်စီး အကြော်မျိုးစုံလျှောက်စား ကြံရည်လည်းသောက်ရင်း တစ်မေ့တစ်မောနဲ့ အိမ်ပြန်ရောက်တော့လည်း ရေအေးချိုးလိုက်သေးတယ်။   ဒါတွေပြန်စဉ်းစားရင်း ‘ မနေ့က အစားစုံသွားတာတွေကြောင့်လား မသိဘူးနော် ‘ ‘ […]

Read More