ချောင်းဆိုးခြင်း

ချောင်းဆိုးတာ၊ နှာချေတာ၊ လေလည်ချင်တာ ဆိုတာတွေဟာ လူကြားသူကြားထဲမှာ အောင့်ထားပြီး ထိန်းချူပ်ထားဖို့ ခက်ခဲတဲ့ အရာတွေပါ။ သင့်ရဲ့အသက်ရှူလမ်းကြောင်းစနစ်ထဲက တစ်နေရာရာကို မိမိနဲ့ဓာတ်မတည့်တဲ့ အမှုန်အမွှားတွေက သို့မဟုတ် အခိုးအငွေ့တွေက သို့မဟုတ် အကျိအချွဲတွေက ကလိလို့ယားတာပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်ပိုးတို့ ဘက်တီးရီးယားပိုးတို့ ဝင်ရောက်ကူးစက်လို့ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အကျိအချွဲတွေများလာတာပဲဖြစ်ဖြစ် ဖြစ်လာရင် ချောင်းဆိုးခြင်းကို ဖြစ်စေပါတယ်။ ချောင်းဆိုးတာဟာ အသက်ရှူလမ်းကြောင်း ကို ယားယံအောင်လုပ်နေတဲ့ ထိုအရာများကို အသက်ရှူလမ်းကြောင်းမှ ဖယ်ရှားပေးတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တစ်ခုပါ။ ချောင်းကိုအကြမ်းအားဖြင့် အမျိုးအစားနှစ်ခုခွဲထားပါတယ်။ သလိပ်မရဘဲ လည်ချောင်းယားပြီး တဟွတ်ဟွတ်နဲ့ ဆိုးတဲ့ချောင်း နဲ့ သလိပ်ထွက်ပြီး ဆိုးတဲ့ချောင်းဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ချောင်းခြောက်အကြောင်းစပြောပါ့မယ်။ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးတာဟာ ဆေးလိပ်သောက်တာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်၊ မီးခိုးငွေ့တွေ၊ မိမိနဲ့ဓါတ်မတည့်တဲ့ အမှုန်အမွှားတွေ […]

Read More