ကိုယ်ဝန်ဆောင်စဉ် ကလေးတိုးသည် ဆိုရာဝယ်

ကိုယ်ဝန်ဆောင်တွေ ဇီဝက့ကို ပြောပြတတ်တာက “ဗိုက်ထဲမှာ လှုပ်တုတ်တုတ် နဲ့ ကလေးတိုးတာလား ဆရာ” “ကလေးက အခုချိန်ထိ မတိုးသေးဘူး ၊ဆရာ ။ဘာလုပ်ရမလဲ ။” “ကလေးက တစ်ချိန်လုံးလှုပ်နေတာပဲ ၊အဲ့တာကောင်းလား ၊ဆရာ ။” ထိုထိုသော အမေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအပြင် စာဖတ်သူတွေပါ ဗဟုသုတရအောင် ဒီဆောင်းပါးမှာ ကိုယ်ဝန်ဆောင်နေစဉ် ကလေးတိုးခြင်းအကြောင်း ဖော်ပြလိုက်ပါတယ်။ ကလေးတိုးတယ် ဆိုတာ ဘာလဲ -မိခင်အနေနဲ့ မိမိ ဗိုက်ထဲက ကလေးလှုပ်နေတာ ကန်ကျောက်တာကို ကလေးတိုးတယ်လို့ ခေါ်ပါတယ်။ ကလေး ဘာကြောင့် တိုးရတာလဲ -ကလေးတိုးတယ်ဆိုတာ ကလေးအနေနဲ့ အကြောအချဉ် ဆန့်လှုပ်ရှားတာပါ ။ -ဒါ့အပြင် ပတ်ဝန်းကျင်က အသံ ၊မိခင်စားလိုက်တဲ့ အစားအသောက်တွေကြောင့်လည်း ကလေးက တုန့်ပြန်တဲ့အနေနဲ့ […]

Read More

ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

တုပ်ကွေးရာသီမှာကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးနားလည်ပြီး ထိုးဖို့ကြိုးပမ်းကြသော်လည်း ကိုယ်ဝန်ဆောင်သည်များ အဖို့ထိုးသင့်မထိုးသင့် Ondr မှာအမေးများကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကလေးရောမိခင်ပါ အချို့ရောဂါပိုးများ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားလျှင် ရောဂါပိုးများကို ကူးစက်မှု ကာကွယ်နိုင်လို့ ကြိုတင်ထိုးရန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးသင့်လား မထိုးသင့်လား ဘယ်လို ကာကွယ်ဆေးမျိုးက မထိုးသင့်လဲ နားလည်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်မဆောင်စဉ်ကတည်းက ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများ ရှိပါတယ်။ ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများကတော့ (၁)တုပ်ကွေးရောဂါကာကွယ်ဆေး တုပ်ကွေရောဂါ ကာကွယ်ဆေးသည် တစ်နှစ်တစ်ခါထိုးရန် လိုအပ်ပါသဖြင့် ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားပါ။ သို့မှသာ မိခင်ရော ကလေးပါ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ပြီး ကလေးကို ပြင်းပြင်းထန်ထန်ထိခိုက်မှု့ကို ကာကွယ်ပါတယ်။ (၂)ကြွက်နို့ကာကွယ်ဆေး(HPV) မိန်းမကိုယ်မှာပေါက်တတ်တဲ့ကြွက်နို့ကို ဖြစ်စေသော ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကိုလည်း ကာကွယ်ပေးပါတယ်။ (၃)ဝက်သက်၊ပါးချိတ်ရောင်၊ဂျာမန်ဝက်သက်(MMR) အဆိုပါ ရောဂါ၃ […]

Read More

ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးတို့၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲခြင်းများ

ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးတို့၏ ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများအကြောင်း ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ် ။ ၁)ဟော်မုန်းလ်ဓာတ်များပြောင်းလဲခြင်း အချင်းခွက်ကထွက်တဲ့ ဟိုမုန်းလ်ဓာတ်သည် သားအိမ်နံရံကြွက်သားများ ကြီးထွားမှု ၊ မမျိုးပွားအင်္ဂါများကို သွေးရောက်ရှိမှုများခြင်း ၊ရင်သားရှိ နို့ပြွန်ချောင်းများ ဖွံ့ထွားခြင်းနဲ့ အတူ ကလေးနို့တိုက်ဖို့ အသင့်ပြင်ဆင်ပေးခြင်း ၊ခန္ဓာကိုယ်အတွင်း ရေဓာတ်များခြင်း ၊ ဆီးလမ်းကြောင်းရှိ ကြွက်သားများ နဲ့ မွေးလမ်းကြောင်းရှိ အရွတ်များ ပြေလျောစေခြင်း တို့ကို ဖြစ်စေတယ် ။လည်ပင်းအကြိတ် သိုင်းရွိုက်အကြိတ်တွေလည်း ကြီးလာတတ်ပါ တယ် ။ ၂) သားအိမ်ကြီးထွားခြင်း သားအိမ်ကြီးထွားလာတာနဲ့ အမျှ သားအိမ်သို့ သွေးလည်ပတ်မှုလည်း များလာပါ တယ် ။ထို့အတူ သာမန်အချိန်တွင် သားအိမ်သည် ၆၅ဂရမ်ရှိရာကနေ မွေးခါနီးတွင် ၁ကီလိုဂရမ်ထိ ရှိပါတယ် ။ကိုယ်ဝန်ဆောင်နေစဉ် တောက်လျှောက်မှာ […]

Read More