ကလေးငယ်များအတွက် ပျားရည်က တကယ်ကောင်းသလား

မိုးကလေး တဖွဲဖွဲနဲ့ မီးပျက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိဖုံးနေသော ညတစ်ညဝယ် ။စာရေးသူလည်း ည ၉နာရီ ဆေးခန်းပိတ်ချိန် နီးပြီမို့ တပည့်ကျော်ကို မှာစရာရှိတာ မှာနေခိုက် ဝတ်ဆန်ဆိုသည့် ကလေးမ တံခါးရွက်ကြားက ဘွားခနဲ ခေါင်းပြူကာ ဝတ်ဆန်။ ။ ဆရာ ၊ဆေးခန်း ပိတ်တော့မလို့လား ။ ဇီဝက ။ ။ ဟဲ့ ၊လန့်လိုက်တာဟယ် ။အသံလေး ဘာလေး ပြုပါဦး ဟ ၊မိ ဝတ်ဆန်ရ ။အေး ပိတ်တော့မလို့ ။ ဆို ဘာဖြစ်လို့လဲ ။ ဝတ်ဆန်။ ။ ဆောရီးနော် ၊ဆရာ ။စက်ရုံဖယ်ရီကား ပေါ်က ဆင်းဆင်းချင်း ဆရာ့ဆီ အပြေးလာခဲ့တာ ။မမီတော့မှာစိုးလို့။ မေးစရာလေး ရှိလို့ပါ […]

Read More

ကလေးငယ်တွေ ထမင်းကျွေးခက်တဲ့အခါ

ကလေးငယ်လေးတွေကို ဖြည့်စွက်စာစတင်ကျွေးချိန်မှာ လူတိုင်းမဖြစ်မနေ ကြုံလာရမယ့် အခက်အခဲကတော့ ထမင်းကျွေးရခက်တဲ့ အခိုက်အတန့်ပါပဲ။ အစာအသစ်တစ်ခုကို စပြောင်းတဲ့အချိန်မှာ ကလေးတွေ ပုံမှန်စားဖို့ဆိုတာ တော်တော် ခက်ခဲတဲ့ကိစ္စပါ။ မွေးစအရွယ်မှာတော့ မွေးပြီးတာနဲ့ အမေနို့တိုက်တယ်။ ဘာမှမသိသေးခင်တော့ အမေနို့ပဲ အားရပါးရစို့ကြတယ်။ တစ်ချို့ကလေးလေးတွေမှာတော့ အမေနို့မဟုတ်ဘဲ နို့ဗူးလည်း သောက်ရတတ်တယ်။ ဘာပဲပြောပြောတော့ ကလေးငယ်လေးတွေက နို့တော့ ကောင်းကောင်းစို့တတ်ကြတယ်။ ကလေးလေးတွေ အသက် ၆လလည်းပြည့်ရော ဖြည့်စွက်စာစပြီး ကျွေးရတော့မယ်လည်းဆိုရော မိဘတွေကတော့ ကလေးအသက်အလိုက် ဘာလေးတွေ ကျွေးရမယ် ဆိုပြီး တစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ကျွေးမွေးတတ်ကြတယ်။ ကလေးလေးတွေက အရသာသစ်တစ်ခု စပြီးကျွေးရင်တော့ ခဏတစ်ဖြုတ်မှာ တော်တော်လေးစားတတ်ကြပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါတော့ အစားကျွေးရခက်လာပြန်ရော ဖြစ်တတ်ပါတယ်။ ဒါကလေးတိုင်းနီးပါးပါပဲ။ ကလေးလေးတွေမှာ အစာကျွေးရခက်တဲ့အခါ ဘယ်အားဆေးလိုလို့ပါလဲ ဆိုပြီးမေးတတ်ကြတာလည်းရှိပါတယ်။ တကယ်တမ်းပြောရင် ထမင်း […]

Read More

ဝမ်းချုပ်တတ်သောကလေးငယ်

`ဆရာမ ကျွန်မကလေး လသားအရွယ်ဆိုပေမယ့် ဝမ်းချုပ်တတ်လို့ ဘာလိုလုပ်မရလဲ´ OnDoctor မှာအမြဲမေးလေ့ရှိပါတယ်။ ဟုတ်ပါတယ် မွေးကင်းစအရွယ်မှာလည်း ဝမ်းချုပ်တတ်ကြပါတယ်။ မိဘများအနေနဲ့ကလေးငယ် ရယ်မောပျော်ရွှင်မယ်၊ အိပ်မယ်၊ နို့စို့မယ်၊ အချိန်မှန်ဝမ်းသွားမယ်ဆို စိတ်ချမ်းသာကြပါတယ်။ ဝမ်းမှန်မှန်သွားခြင်းဟာ အာဟာရပြည့်စုံလုံလောက်တယ်လို့ယူဆရပါတယ်။ ဝမ်းမသွားရင် စိတ်ညစ်ကြရပါတယ်။ မိဘများအနေနဲ့ မိမိကလေးငယ် ဝမ်းချုပ်လား မချုပ်လား ဘယ်လိုကြည့်ရမလဲ? မိခင်နို့ပဲစို့တဲ့ကလေးငယ်များအတွက် ဝမ်းအပျော့လား၊ အမာလား ခွဲခြားခြင်းဖြင့် သိနိုင်ပါတယ်။ ဝမ်းဟာ အရည်လား၊ အစေ့လား၊ အပျစ်လား၊ ရွံ့လုံးလေးလိုလား စသည်ဖြင့် ကြည့်ရပါတယ်။ မိခင်နို့ပဲအဓိကစို့ပြီး တခြားဘာမှမတိုက်တဲ့ကလေးငယ်များမှာ ဝမ်းချုပ်ခြင်း ဖြစ်ခဲပါတယ်။ နို့မူန့်တိုက်တဲ့ ကလေးငယ်တွေဟာ ဝမ်းချုပ်ဖို့လွယ်ပါတယ်။ မွေးစ မှ လေးလထိ ကလေးငယ်များဟာ တစ်နေ့ကို ဝမ်း၃ကြိမ်မှ ၄ကြိမ်ထိသွားတတ်သော်လည်း ဖြည့်စွက်စာစားတဲ့ အရွယ်မှာတော့ တစ်နေ့တစ်ကြိမ်ခန့်ထိ လျော့လာနိုင်ပါတယ်။ […]

Read More

ကလေးချောင်းဆိုးလျှင်

ကလေးငယ်များ အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးတတ်ကြတယ်။ အများအားဖြင့် ရောဂါကြောင့်ဖြစ်တယ်။ အချို့ကလည်း မိဘတွေကိုယ်တိုင် ရင်ကျပ် ချောင်းဆိုးရှိလို့ မျိုးရိုးကြောင့်ဖြစ်တယ်။ ရောဂါကြောင့်ဖြစ်ရင် (၁)တုပ်ကွေးရောဂါ။ ။ တုပ်ကွေးရောဂါကိုယ်၌က ဗြုန်းကနဲဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ကိုက်ခြင်း၊ နှာရည်ယိုခြင်းတို့ ရှိနိုင်တယ်။ ကူးစက်ခြင်း။ လေကြောင့် ထွက်သက်ဝင်သက် ထိတွေ့ရာမှ ရောဂါရှိသူရဲ့ အခန်း၊ အသုံးအဆောင်ပစ္စည်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ရာခင်း၊ ခြင်ထောင်၊ အဝတ်အစားများ၊ ရောဂါဖြစ်သူရဲ့ ကျန်တဲ့အစားအစာများမှ ကူးစက်တယ်။ တုပ်ကွေး အတွက် ကိုယ်ပူလာရင် ကိုယ်ပူကျဆေး ပါရာစီတမော၊ အမောက်ဆလင်၊ (၁)လုံး (၄)ကြိမ်စီနဲ့ (၅-၇) ရက်အထိ ပေးနိုင်တယ်။ ချောင်းဆိုးပျောက်ဆေးရည် (cough syrup) ပေးနိုင်တယ်။ ကာကွယ်ဆေး- တုပ်ကွေးကာကွယ်ဆေးပေါ်ပြီဖြစ်လို့ နှစ်စဉ်တစ်ကြိမ် ထိုးထားသင့်တယ်။ (၂)အအေးမိနှာစေး။ ။ အအေးမိနှာစေး၍ […]

Read More