ကလေးချောင်းဆိုးလျှင်

ကလေးငယ်များ အကြောင်းအမျိုးမျိုးကြောင့် ချောင်းဆိုးတတ်ကြတယ်။ အများအားဖြင့် ရောဂါကြောင့်ဖြစ်တယ်။ အချို့ကလည်း မိဘတွေကိုယ်တိုင် ရင်ကျပ် ချောင်းဆိုးရှိလို့ မျိုးရိုးကြောင့်ဖြစ်တယ်။ ရောဂါကြောင့်ဖြစ်ရင်

(၁)တုပ်ကွေးရောဂါ။ ။ တုပ်ကွေးရောဂါကိုယ်၌က ဗြုန်းကနဲဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်ကိုက်ခြင်း၊ နှာရည်ယိုခြင်းတို့ ရှိနိုင်တယ်။
ကူးစက်ခြင်း။ လေကြောင့် ထွက်သက်ဝင်သက် ထိတွေ့ရာမှ ရောဂါရှိသူရဲ့ အခန်း၊ အသုံးအဆောင်ပစ္စည်း၊ ပန်းကန်ခွက်ယောက်များ၊ အိပ်ရာခင်း၊ ခြင်ထောင်၊ အဝတ်အစားများ၊ ရောဂါဖြစ်သူရဲ့ ကျန်တဲ့အစားအစာများမှ ကူးစက်တယ်။ တုပ်ကွေး အတွက် ကိုယ်ပူလာရင် ကိုယ်ပူကျဆေး ပါရာစီတမော၊ အမောက်ဆလင်၊ (၁)လုံး (၄)ကြိမ်စီနဲ့ (၅-၇) ရက်အထိ ပေးနိုင်တယ်။ ချောင်းဆိုးပျောက်ဆေးရည် (cough syrup) ပေးနိုင်တယ်။
ကာကွယ်ဆေး- တုပ်ကွေးကာကွယ်ဆေးပေါ်ပြီဖြစ်လို့ နှစ်စဉ်တစ်ကြိမ် ထိုးထားသင့်တယ်။

(၂)အအေးမိနှာစေး။ ။ အအေးမိနှာစေး၍ ချောင်းဆိုးတာဖြစ်နိုင်တယ်။ အအေးမိခြင်း လက္ခဏာတွေက ခေါင်းမူးဝေခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးခြင်းတို့ကို တွေ့ရတယ်။ အအေးမိ ဖျားတာကနေ ဒုတိယ ဘက်တီးရီးယား ကူးစက်ရောဂါ ဝင်နိုင်လို့ သေချာဆေးသောက်ကုသသင့်တယ်။ အမောက်ဆလင် (၂၅၀) မီလီဂရမ် တစ်နေ့တစ်လုံး (၄)ကြိမ်နဲ့ဘိုက်ဆိုဗင် (၁) ဗင်တိုလင် (၁)လုံး၊ (၃)ကြိမ် (၄-၇)ရက် ပေးရမယ်။ ချောင်းဆိုးပျောက်ဆေးရည် (cough syrup)ပေးရမယ်။

(၃) ကြက်ညှာချောင်းဆိုး (Pertussis)။ ။ အကြောင်းပြရင် ကိုယ်အနည်းငယ်ပူ၍ ဖျားခြင်း၊ နှာရည်များစွာယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးခြင်း ၊ချောင်းခြောက်ဆိုးခြင်း၊ တဖြည်းဖြည်း ပြင်းထန်လာကာ ညဘက်ပိုဆိုးခြင်း၊ တစ်ပတ်ကြာရင် မရပ်မနား ချောင်းဆိုးခြင်း၊ ချောင်းသလိပ်ကပ်၍ သလိပ်မရှိခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ နားကပင် သွေးထွက်အောင်ဆိုးခြင်း၊ အခြားသူများ ကူးစက်နိုင်ခြင်းတို့ဖြစ်သည်။
မွေးစကာလ (ဆ-က-မ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ကာကွယ်ဆေး (သို့) ဆေးငါးမျိုး ကာကွယ်သော ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးကို ကလေး (၂)လ၊ (၄)လနဲ့ (၆)လသား တွေမှာ သုံးကြိမ်ဖြည့်ထိုးနှံပေးသင့်တယ်။ မကူးစက်နိုင်အောင် လူနာသီးခြားထားပေး ကုသသင့်တယ်။ နို့စို့ကလေးနဲ့ (၁-၅)နှစ်ကြား ကလေးများ လူနာနဲ့ ထိတွေ့ချိန် မှစ၍ (၃)ပတ်ကြာစောင့်ကြည့်ရမယ်။ ရောဂါဖြစ်စမှ ပျောက်ထဲ့ထိ ခွင့်ယူရမယ်။ သေချာတိကျကုသမှု ခံယူရမယ်။

(၄)ဆုံဆို့နာ။ ။ ဆုံဆို့နာကြောင့် ချောင်းဆိုးနိုင်တယ်။ အခြားလက္ခဏာတွေက အနည်းငယ်ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ လည်ချောင်း တွင် အမှေးဖြူများပိတ်ဆို့ခြင်း၊ အသက်ရှူကျပ်ကာ သေဆုံးခြင်း ဖြစ်နိုင်သည်။
ကူးစက်ခြင်း- လူနာနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ ရောဂါသယ်ဆောင်သူနဲ့ တွေ့ထိကူးစက်ခြင်း၊ လူနာရဲ့ အစားအစာ၊ အသုံးအဆောင်၊ ပန်းကန်ခွက်ယောက်၊ အဝတ်အစား၊ နွားနို့က တစ်ဆင့် ကူးစက်စေတယ်။ အစာ၊ ရေ၊ အသုံးအဆောင် သီးခြားထားသင့်တယ်။ ကြက်ညှာချောင်းဆိုးကဲ့သို့ ကဘေးဘဝကာကွယ်ဆေး အပြည့် ထိုးထားရ မည်။
ရောဂါဖြစ်သူကိုဆေးရုံပို့ပြီး နှစ်ပတ်ကြာ သီးခြားကုသမှုယူရမည်။ အိမ်သား များဖြစ်ခဲ့ရင် အိမ်ရှိကလေးများ (၁၀)ရက်ကျော်တိတိ ရောဂါပျောက်ကင်းပြီး လည်ချောင်း၌ ပိုးရှိမရှိ စမ်းပြီးမှ လာရမယ်။ ရောဂါဖြစ်တဲ့နေ့မှ နှစ်ပတ်ထိ ခွင့်ယူ ရမယ်။ (သို့) ဆရာဝန်က ညွှန်ကြားရင် ကျောင်းပိတ်ရမယ်။
ကာကွယ်ခြင်း။ ရောဂါမကူးစက်နိုင်အောင် သီးသန့်ထားရမယ်။လည်ချောင်း တွင်း ပိုးရှိမရှိ စမ်းသပ်ရမယ်။ လုံလောက်တဲ့ကုသချက် အမောက်ဆလင်၊ ပါရာစီ တမောတိုလင် (၁)မျိုးစီ (၃)မျိုး၊ တစ်နေ့လေးကြိမ် (၅-၁၀) ရက် တိုက်ကျွေးရမယ်။ ပုံမှန်သွားလာနေသင့်တယ်။ ဆရာဝန်ရဲ့ တိကျသေချာတဲ့ ကုသမှုရယူရမယ်။

(၅) ရင်ကြပ်။ ။ မွေးရာပါ ရင်ကြပ်ကလေးငယ်များမှာ ရာသီဥတု ကူးပြောင်းရင်း ပတ်ဝန်းကျင်ဓာတ်မတည့်ခြင်း ဖြစ်ပြီး ချောင်းဆိုး၍ ချွှဲကျပ်လာတယ်။ တာဗျူ တမော ရှူဆေး သုံးရတယ်။ အမောက်ဆလင်၊ အမိုင်နို၊ ဘိုင်ဆိုလင် (Amoxil, Amio, Bisolum)(၃)မျိုး (၃)ကြိမ် (၅-၁၀) ရက်ပေးရမယ်။ နွေးနွေးထွေးထွေးထားပါ။

Author: Dr. လွင်သန့်