လိင်အင်္ဂါကြွက်နို့

လိင်အင်္ဂါကြွက်နို့ရောဂါကလည်း လိင်ဆက်ဆံရာကနေ ကူးစက်ပျံ့ပွားတတ်တဲ့ရောဂါ (Sexually Transmitted Diseases) တွေထဲကတစ်ခုပါပဲ။ သူကတော့ ဘက်တီးရီးယားပိုးကြောင့်မဟုတ်ဘဲ လူမှာကြွက်နိ့ရောဂါဖြစ်စေ တတ်တဲ့ဗိုင်းရပ်စ် (Human Papilloma Virus, HPV) ကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ ကလူတွေမှာ လိင်အင်္ဂါကြွက်နို့ရောဂါကို ဖြစ်စေတတ်တာပါ။ ဒါကြောင့် HPV မျိုးစိတ် ၆ နဲ့ ၁၁ ကိုကာကွယ်တဲ့ ကာကွယ်ဆေးထိုးထားရင် လူမှာဖြစ်တဲ့ လိင်အင်္ဂါကြွက်နို့တွေကို ကာ ကွယ်ပြီးဖြစ်ပါတယ်။ ကူးစက်ပုံကတော့ အကာအကွယ်မဲ့ ထိုးသွင်းလိင်ဆက်ဆံခြင်းကနေ ကူးစက်တာအများ ဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းလိင်ဆက်ဆံတာကြောင့်မဟုတ်ဘဲ လိင်အင်္ဂါခြင်းသာမန်ပွတ်သပ်ခြင်းကနေ တစ်ဆင့်လည်းကူးစက်စေနိုင်ပါတယ်။ ဒါပေမယ့် ထိုးသွင်းလိင်ဆက်ဆံတာလောက်တော့ ကူးစက်မှုနှုန်းမမြင့်ပါဘူး။ ရောဂါရှိသူရဲ့ လိင်အင်္ဂါကိုပွတ်သပ်ထားတဲ့လက်ကို မသန့်ရှင်းဘဲ မိမိလိင်အင်္ဂါကိုထပ်မံပွတ်သပ်မိရင်လည်း ရောဂါကူးစက်နိုင်ခြေ ရှိပါသေးတယ်။ […]

Read More

ပါးချိတ်ရောင်နာ မကြောက်ပါနဲ့

ပါးချိတ်ရောင်နာ (Parotitis) ဆိုတာက ကျနော်တို့လူတွေရဲ့ ပါးချိတ်နှစ်ဘက်အတွင်းမှာရှိတဲ့ တံတွေးထုတ်ပေးတဲ့အကျိတ်ဂလင်း (Parotid Salivary Glands) တွေ တစ်ဘက် ဒါမှမဟုတ် နှစ်ဘက်စလုံးရောင်တာကိုခေါ်ကြတာပါ… ဒီ ပါးချိတ်တံတွေးကျိတ်တွေက အများဆုံးရောင်ကြတဲ့ အကျိတ်ဂလင်းတွေဖြစ်ပြီး ရောင်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်… စတက်ဖိုင်လိုကော့ကပ်အောရီးယပ်စ် (Staphylococcus aureus) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးအပါအဝင် အကျိုးပြုဘက်တီးရီးယားအချို့ကြောင့်လည်းရောင်တတ်သလို၊ အဆုတ်ပြင်ပတီဘီ (Extrapulmonary Tuberculosis)  နဲ့ တီဘီရောဂါကိုဖြစ်စေတဲ့ Mycobacterium Tuberculosis ဘက်တီးရီးယားပိုးကြောင့်လည်း ရောင်တတ်ပါတယ်… အဲ့ဒါအပြင် ကိုယ့်ရဲ့ ကိုယ်ခံအားကြောင့်ဖြစ်တဲ့ Sjogren’s syndrome လို၊ Mikulicz disease လိုရောဂါမျိုးကြောင့်လည်း ပါးချိတ်ရောင်တတ်သလို တံတွေးကျိတ်ကနေထွက်တဲ့ပြွန်မှာ တံတွေးကနေဖြစ်တဲ့ကျောက် (salivary stone) တွေ၊ ချွဲတွေဆို့နေရင်လည်း ရောင်တတ်ပါတယ်… ဒါပေမယ့် အဖြစ်အများဆုံးက Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ […]

Read More

မေးခိုင်ရောဂါ ကြောက်စရာ

မေးခိုင်ရောဂါ (tetanus) ဆိုတာကို လူတိုင်းကြားဖူးကြမယ်ထင်ပါတယ်… ဘာလို့ မေးခိုင်ရောဂါလို့ ခေါ်တာလဲဆိုရင် မေးခိုင်ရောဂါဖြစ်ရင် မေးရိုးတွေကစပြီး မာတောင့်လာပြီး တစ်ကိုယ်လုံးက ကြွက်သားတွေပါ တောင့်တင်းလာတတ်တာမျိုးမို့ပါ… အခုခေတ်မှာ မေးခိုင်ကာကွယ်ဆေးတွေ ပေါ်လာပြီဆိုပေမယ့် မေးခိုင်ရောဂါရဲ့ အန္တရာယ်ဟာ အခုထိ ရှိနေဆဲ၊ ရှိနေလတ္တံ့၊ ဒုက္ခပေးနေဆဲ၊ ဒုက္ခပေးလတ္တံ့ပါပဲ… မေးခိုင်ရောဂါပိုး ကူးစက်ခံရပြီး မေးခိုင်ရောဂါဖြစ်ပွားတဲ့သူတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကုသမှုခံယူခွင့် ရရင်တောင်မှ အသက်မရှင်ကြပါဘူး… ဒီလောက်ဆိုးတဲ့ မေးခိုင်ရောဂါကိုဖြစ်စေတဲ့အကောင်က မြေဆီတွေ၊ မြေဆွေးတွေ၊ ဖုန်မှုန့်တွေ၊ သံချေးတွေထဲမှာ ပေါက်ပွားနေထိုင်ကြတဲ့ လေမရှိဘဲ အသက်ရှင်နေထိုင်နိုင်ကြတဲ့ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေပါပဲ… အဲ့ဒီပိုးတွေဟာ ကိုယ်ခန္ဓာထဲကို ဘယ်လိုဝင်ကြသလဲဆိုရင် ချေးတက်နေတဲ့ ညှောင့်စူး၊ သံစူးမိတာအပြင် ကြောင်ကုတ်၊ ခွေးကိုက်၊ မျောက်ကုတ်မိတာတွေကနေတဆင့် ပေါက်ပြဲနေတဲ့ အရေပြားကိုဖြတ်ပြီး […]

Read More