ဆီးချို ဆီးချို ဆီးချို

ဒီဘက်ခေတ်မှာ လူနေမှုပုံစံပြောင်းလာတာ စိတ်ဖိစီးမှုတွေများလာတာ၊ အသင့်စားအစားအသောက်တွေ များ လာတာ စတာတွေကြောင့် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ အဖြစ်များလာကြပါတယ်။ ဒီအထဲကမှ ဆီးချိုဘာ ကြောင့်ဖြစ်လဲ စဉ်းစားကြည့်ကြရအောင်။ ကိုယ်ခန္ဓာမှာသကြားဓာတ်ကို ထိန်းပေးနေတာက အင်ဆူလင်ဟော်မုန်းပါ။ Pancreas လို့ခေါ်တဲ့ မုန့်ချိုအိတ်က နေထုတ်ပါတယ်။ အင်ဆူလင် လုံးဝမထွက်တာဖြစ်စေ၊ အထွက်နည်းတာဖြစ်စေ၊ ဆီးချိုဖြစ်နိုင်တယ်။ အင်ဆူ လင်လုံးဝမထွက်လို့ ဖြစ်တဲ့ ဆီးချိုရောဂါက အသက်ငယ်ငယ်မှာကတည်းက တွေ့ရတတ်တယ်။ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေပျက်စီးလို့ ဖြစ်ရတာပါ။ အဲဒါမျိုးမှာ အင်ဆူလင်ပြန်တိုးပေးဖို့ လိုပါတယ်။ သောက်ဆေးနဲ့ ထိန်းပေးလို့မရပါဘူး။ နောက်တစ်မျိုးကတော့ အင်ဆူလင်ထွက်ပေမယ့် နည်းတဲ့အခါ၊ အင်ဆူလင်ကို ခံနိုင်ရည်အားများနေတာ ကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက်၄၀ ကျော်မှ ဖြစ်တတ်ပေမယ့် ဒီထက်ငယ်တဲ့သူတွေမှာ လည်း ဖြစ်နိုင်တယ်။ […]

Read More

Hb A1c ဟေမိုဂလိုဘင် အေဝမ်းဆီ ဆိုတာ ဘာလဲ

သွေးချိုဆီးချိုသမားတွေ သွေးစစ်ရင် ဟေမိုဂလိုဘင် အေ၀မ်းဆီဆို တာ အနည်းနဲ့ အများ ကြားဖူးကြမှာပါ ။ ဒါဆိုရင် Hb A1c ဆိုတာ ဘာလဲ ။ ရိုးရိုး လက်ထိပ်ဖောက်ပြီး အချိုဓာတ်စစ်တာနဲ့ ဘာကွာလဲ ။Hb A1c ရဲ့ အရေးပါပုံက ဘာတွေလဲ ဆိုပြီး သိချင်ကြမယ် ထင်တယ် ။   Hb A1c ဆိုတာ ဘာလဲ Hb A1c ဆိုတာ မပြောခင် ဟေမိုဂလိုဘင် Hb ဆိုတာ သွေးထဲမှာ ရှိတဲ့ အောက်ဆီဂျင်တွေကို သယ်ပေးတဲ့ အနီရောင် ခြယ်ဓာတ်ပါတဲ့ သွေးဆဲလ် တစ်မျိုးပါ ။ ထို ဟေမိုဂလိုဘင်တွေ သကြားဓာတ်ကို သယ်လာတဲ့အခါ Hb A1c […]

Read More