Hb A1c ဟေမိုဂလိုဘင် အေဝမ်းဆီ ဆိုတာ ဘာလဲ

သွေးချိုဆီးချိုသမားတွေ သွေးစစ်ရင် ဟေမိုဂလိုဘင် အေ၀မ်းဆီဆို တာ အနည်းနဲ့ အများ ကြားဖူးကြမှာပါ ။ ဒါဆိုရင် Hb A1c ဆိုတာ ဘာလဲ ။ ရိုးရိုး လက်ထိပ်ဖောက်ပြီး အချိုဓာတ်စစ်တာနဲ့ ဘာကွာလဲ ။Hb A1c ရဲ့ အရေးပါပုံက ဘာတွေလဲ ဆိုပြီး သိချင်ကြမယ် ထင်တယ် ။

 

Hb A1c ဆိုတာ ဘာလဲ

Hb A1c ဆိုတာ မပြောခင် ဟေမိုဂလိုဘင် Hb ဆိုတာ သွေးထဲမှာ ရှိတဲ့ အောက်ဆီဂျင်တွေကို သယ်ပေးတဲ့ အနီရောင် ခြယ်ဓာတ်ပါတဲ့ သွေးဆဲလ် တစ်မျိုးပါ ။ ထို ဟေမိုဂလိုဘင်တွေ သကြားဓာတ်ကို သယ်လာတဲ့အခါ Hb A1c လို့ခေါ် ပါတယ် ။

 

ရိုးရိုးလက်ထိပ်ဖောက်ပြီး အချိုဓာတ်စစ်တာနဲ့ ဘာကွာလဲ

                ရိုးရိုးလက်ထိပ်ဖောက်ပြီး သွေးချိုစစ်ခြင်းသည် ထိုဖောက်လိုက်တဲ့ အချိန်မှာ ရှိတဲ့ သွေးထဲက အချိုဓာတ်ကို သိရတာပါ ။ Hb A1c စစ်ရင်တော့ ရက်ပေါင်း ၁၂၀ အတွင်းမှာ မိမိစားခဲ့တဲ့ အချိုဓာတ်ပမာဏကို သိနိုင်တယ် ။ ဘာကြောင့် လဲဆိုရင် ထို အချိုဓာတ် သယ်ဆောင်ထားတဲ့ ဟေမိုဂလိုဘင်ဆဲလ်လေးတွေဟာရက်ပေါင်း ၁၂၀ သက်တမ်းရှိလို့ပါ ။

 

 

Hb A1c နဲ့ သွေးတွင်းအချိုပမာဏ ဘယ်လိုစပ်ဆက်လဲ

 

အောက်ပါ ဇယားကွက်မှာ လေ့လာပါ ။

 

HbA1c ပမာဏ
(%)
ပျမ်းမျှသွေးတွင်းအချိုဓာတ်
(mmol/L)
13 18 mmol/L
12 17 mmol/L
11 15 mmol/L
10 13 mmol/L
9 12 mmol/L
8 10 mmol/L
7 8 mmol/L
6 7 mmol/L
5 5 mmol/L

 

Hb A1c ရဲ့ အရေးပါပုံက ဘာတွေလဲ

-Hb A1c ဟာ သွေးချို ဆီးချို ရှိ ၊မရှိ ရောဂါရှာဖွေရာမှာ

-သွေးချို ဆီးချို ကုသရာမှာ ရက်ပေါင်း ၁၂၀ အတွင်း သွေးချို ထိန်းနိုင် ၊မထိန်းနိုင် စောင့်ကြည့်ရာမှာ

-သွေးချိုသမားတွေအတွက် သွေးချို ဆီးချိုကြောင့် နောက်ဆက်တွဲ ဝေဒနာများ ခန့်မှန်းရာမှာ စတာတွေမှာ အသုံးဝင်ပါတယ် ။

 

Hb A1c နဲ့ သွေးချို ဆီးချို ရှိ ၊မရှိ

 

အောက်ပါ ဇယားကွက်ကို လေ့လာပါ ။

 

HbA1c %
Normal (ပုံမှန်) Below 6.0%
Prediabetes(သွေးချို ရောဂါ အကြိုအဆင့်) 6.0% to 6.4%
Diabetes(သွေးချို ဆီးချို ရောဂါအဆင့်) 6.5% or over

 

သွေးချို ဆီးချို ကုသရာမှာ ရက်ပေါင်း ၁၂၀ အတွင်း သွေးချို ထိန်းနိုင် ၊မထိန်းနိုင် စောင့်ကြည့်ရာတွင်

အများအားဖြင့် သွေးချိုဆီးချို ရောဂါသည်တွေ အနေဖြင့် ကုသမှု ခံယူရာမှာ Hb A1c ပမာဏကို 6.5% အောက် ထိန်းထားနိုင်ရပါ့မယ် ။

 

သွေးချိုသမားတွေအတွက် သွေးချို ဆီးချိုကြောင့် နောက်ဆက်တွဲ ဝေဒနာများ ခန့်မှန်းရာမှာ

Hb A1c ကို 1% လောက် လျော့ချနိုင်ရင် သွေးချိုဆီးချို ရောဂါသည်တွေမှာ ဆင့်ပွားဖြစ်ပေါ်လာမယ့် မျက်လုံးရောဂါ ၊ အာရုံကြောရောဂါ ၊ ကျောက်ကပ်ရောဂါတွေကို ၂၅ ရာခိုင်နှုန်းခန့် ခြေထောက်သွေးမလျှောက်တဲ့ သွေးကြောရောဂါကို ၄၀ ရာခိုင်နှုန်းခန့် ၊ နှလုံးရောဂါကို ၁၅ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ကြောင့် လေ့လာစမ်းသပ်ချက်များအရ သိရပါတယ် ။

Author : ခေတ်သစ် ဇီဝက