ရေသောက်ခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူပြုခြင်းအကြောင်း

ရေအသက် တစ်မနက်ဆိုသည့်အတိုင်းရေဟာ ကျွန်တော်တို့ လူသားတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ပါ နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့အရာတစ်ခုပါ။ လူ့ ခန္ဓာကိုယ်ရဲ့ ၆ဝ မှ ၇ဝ ရာခိုင်နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့ စည်းထားတာပါ ။

လူတစ်ယောက်ရဲ့နေ့စဉ်ရေလိုအပ်ချက်ကတော့ အကြမ်းအားဖြင့် ၂လီတာပါ။ ထိုထက်ပိုသောက်ပါကလည်း ကျောက်ကပ်ကောင်းရင် ဘာပြသာနာမှ မရှိပါဘူး။ ထိုမရှိမဖြစ် လိုအပ်သောရေသည် နည်းလမ်းတကျသာ သောက်သုံးပါက ကျန်းမာရေးအတွက်ပါ တဖက်တလမ်းက အထောက်အကူပြုနိုင်ပေသည်။ ရေတွင် အစွမ်းထက်သော တန်ခိုးအာနိသင်များရှိသည်။ တချို့သော လေ့လာချက်များတွင် ဆေးဝါးဖြင့် ကုသမရနိုင်သော ရောဂါများကိုပင် ရေသောက်ခြင်းဖြင့် ပျောက်ကင်းသွားကြသည်ဟု ပြောထားတာတွေလည်း ရှိပါတယ်။ သန့်ရှင်းသောရေ ဖြစ်ဖို့တော့လိုပါသည်။

နံနက်စောစော အိပ်ရာထထခြင်း ရေသောက်တာဟာ ကျန်းမာစေတယ်လို့ အားလုံးနီးပါး သိထားကြပြီးဖြစ်ပါတယ်။ နံနက်စောစော ရေသောက်ပြီးနောက် နာရီဝက်လောက်ထိ အစာမစားဘဲ နေရန်လိုပါတယ်။ နံနက်စောစော ရေသောက်ပေးခြင်း၏ အကျိုးကျေးဇူးမှာ အူမကြီးကိုသန့်စင်စေပြီး အူမကြီးသန့် စင်ပါက အစားအစာများမှ အာဟာရကို ခန္ဓာကိုယ်က များစွာပို၍ စုပ်ယူလာနိုင်မည် ဖြစ်သည်။ ယင်းသို့ နံနက်စောစော ရေသောက် ပေးခြင်းကြောင့် ရောဂါအများအပြား ဖြစ်ပွားနိုင်သည့် အန္တရာယ် များကို လျော့ကျစေနိုင်ရုံသာမကဘဲ အာဟာရဓာတ်များကို အစာအိမ်က ကောင်းစွာစုပ်ယူနိုင်မှုကို အားကောင်းလာစေသည်။ ထိုအခါမှာ လူကပို ကျန်းမာလာပါတယ်။

ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအားလည်း တားဆီးနိုင်ပါတယ်။ သို့သော် ထုံးဓါတ်များသော ရေကိုများများသောက်ပါက ကျောက်တည်နိုင်သည့်အတွက် ရေသန့် သို့မဟုတ် ရေကိုကျိုချက် သောက်ရန်လိုပါတယ်။ ရေများများသောက်ပြီး ဆီးများများသွားပါက အနယ်ထိုင်နှုန်း နည်းသွားပြီး ကျောက်ဖြစ်ပွားနိုင် ခြေလည်းလျော့နည်းလာပါတယ်။

ရေသည် ခန္ဓာကိုယ်တွင်းအပူချိန်ကို လျှော့ချရာတွင်လည်း အသုံးဝင်သည်။ အဖျားကြီးသည့် အခါမျိုးတွင် ကိုယ်တွင်းအပူချိန်တက်လာပြီး ရေဓာတ်ဆုံးရှုံးမှုကိုဖြစ်စေပါတယ်။ ထိုအခါမျိုးတွင် ရေများများသောက်ပါက ကိုယ်ပူကျ ပိုမြန်စေပါတယ်။
တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုး ဖြစ်သောအခါတွင်လည်း ရေများများသောက်သင့်သည်။ ရေသည် လည်ချောင်းထဲရှိ ချွဲသလိပ်များ ကျဲသွားစေပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူ နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည့် အပြင်ဝမ်းမှန်စေပါတယ်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါသည်။

ရေများများသောက်ခြင်းဖြင့် အသားအရည်လည်း စိုပြေလာနိုင်သည်။

ဘယ်အချိန်တွေမှာ ရေသောက်တာက ဘာအကျိုးကျေးဇူးတွေကိုရစေလဲ။

နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ အဂါင်္တွေကို တက်ကြွစွာလည်ပတ် လှုပ်ရှားပေးဖို့အတွက် လှုံ့ဆော်ရာမှာ အထောက်အကူပေးပါတယ်။ အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာချေဖျက်မှု ကောင်းမွန်စေရန် ကူညီပေးပါတယ်။
ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ခြင်းကလည်း သွေးတိုးခြင်းကို အတိုင်းအတာ တစ်ခုထိ ကာကွယ်ပေးပါတယ်။ ညအိပ်ရာမ၀င်ခင် ရေတစ်ဖန်ခွက်လောက် သောက်ခြင်းဟာလည်း နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

မနက်အိပ်ရာထ ရေနှစ်ခွက်သောက်ဖို့ဆိုတာက စသောက်သောက်ခြင်းမှာ ခက်ခဲနိုင်ပါတယ်။ စစခြင်းများများမသောက်နိုင်လျှင် ကိုယ်သောက်နိုင်သလောက်ကိုပဲသောက်ပါ။ နောက်မှတဖြည်းဖြည်းချင်းကြိုးစားပြီးတိုးသောက်ပါ။

Author : Dr. 528