အဖြေရှာမရတဲ့ ပုစ္ဆာများ

ဟူး… ငါ့ယောက်ျားထွက်သွားတာကြာပြီ၊ အခုထိပေါ်မလာသေးဘူး။ ဗိုက်အရမ်းအောင့်နေတဲ့သမီးငယ်ကို အိပ်ယာပေါ်မှာပြုစုပေးရင်း စိုရိမ်သောကတွေပြည့်နေတဲ့ မေခင်တစ်ယောက် ခင်ပွန်းဖြစ်သူကို စောင့်မျှော်နေသည်မှာ နာရီဝက်ကျော်မျှရှိနေပြီ။ နေမကောင်းဖြစ်နေတဲ့သမီးကိုလဲ စိတ်ပူရ မိုးရာသီဆိုတော့ အိမ်ခေါင်မိုး မိုးယိုနေတဲ့ ပြဿနာကိုဖြေရှင်းနေရတဲ့ မိခင်တစ်ယောက်ဖို့ စိတ်မအေးနိုင်ပေ။ ခဏအကြာ သူနာပြုနှင့်အတူ ရေးကြီးသုတ်ပြာရောက်လာတဲ့ ခင်ပွန်းသည်ကို မြင်မှ မေခင် စိတ်အေးနိုင်ပါတော့တယ်။ ကျေးလက်ဒေသဆိုတော့ ဆရာဝန်မရှိ။ ကျန်းမာရေးအတွက် အားကိုးရာဆိုလို့ သူနာပြုတွေပင်။ မေခင်။     ။ဆရာမရေလုပ်ပါဦး သမီးတော်တော်နေမကောင်းဖြစ်နေတယ်။  မနေ့ညက အဲဒီလောက်မဖြစ်သေးဘူး။ အခုမှ အပူအရမ်းတက်နေပြီးဗိုက်လည်းအရမ်းအောင့်တယ်ဆရာ။ သူနာပြု။      ။သမီးဖျားတာက ရိုးရိုးအဖျားနဲ့မတူဘူး အစ်မ။ ဘာဆေးတွေ တိုက်ထားလဲမသိဘူး။ မေခင်။     ။သမီးရိုးရိုးသာမှန် နေမကောင်းဖြစ်နေတယ်ထင်ပြီး အိမ်မှာရှိတဲ့ အဖျားပျောက်ဆေးတွေ တိုက်ထားတယ်ဆရာ။ သူနာပြု။      ။မမေခင်ရေ သမီးက သာမန်ထက်ကိုပိုပြီးဖျားနေတယ်။ ကျွန်မအနေနဲ့ ဒီမှာပဲ […]

Read More

မြွေဆိုးမြွေဟောက်အန္တရာယ်

ကျွန်တော်တို့နေထိုင်ရာ ပြည်မြန်မာသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် စိမ်းစိုသော လယ်ကွင်းများ များစွာရှိသည်။ ထိုလယ်ကွင်းထဲတွင် စပါးပင်များသာမက လယ်ကြွက်များလည်းရှိသည်။ထိုကြောင့်လယ်ကြွက်များကို စားသုံးသော မြွေဆိုးများလည်းရှိနေတတ်သည်။ထိုမြွေဆိုးများသည် ကျေးဇူးရှင်တောင်သူဦးကြီးများကို အသက်သေဆုံးသည် အထိ အန္တရာယ်ပေးနိုင်သည်။အထူးသဖြင့်စပါးရိတ်ချိန်တွင် မြွေကိုက်ခံရမှုများ ပိုမိုဖြစ်ပွားသည်။ များသောအားဖြင့် လက် သို့မဟုတ် ခြေထောက်ကို အကိုက်ခံရတတ်သည်။ အဓိက ကိုက်သောမြွေအမျိုးအစားမှာ မြွေပွေးဖြစ်ပြီး ပင်ကိုယ်သဘာဝအရ အဆိပ်ပြင်းသော တွား သွားသတ္တဝါ အမျိုးအစားဖြစ်သည်။ အပူပိုင်းဇုန်ဒေသများနှင့် မုတ်သုံတောများတွင် နေထိုင်ကျက်စား မျိုးပွားသော မြွေမျိုးဖြစ်သည်။ ရေမြေသဘာဝ အရောင်အသွေးအတိုင်း အပေါ်ယံအရေခွံ အရောင်ပြောင်း လဲသွားသော သတ္တဝါဖြစ်သည်။ အစာရှာချိန်မှလွဲ၍ ပင်ကိုယ်သဘာဝအတိုင်း ရစ်ခွေနေတတ်သည်။ မြွေ ပွေးမတစ်ကောင်မှ သားလောင်းအကောင်ရေ အမြောက်အမြား မွေးဖွားနိုင်သည်။ ပူအိုက်သော အချိန်များ တွင် ခိုအောင်းရာနေရာမှ အပြင်သို့ထွက်ကာ စိုစွတ်သောနေရာများ၊ […]

Read More

နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အစားအသောက်

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကို ထောက်ပံတဲ့ သွေးလွှတ် ကြောတွေ ကျဉ်းလို့ နှလုံးအောင့်ခြင်းဝေဒနာ ခံစားရတာပါ ။ဘာလို့ သွေးကြောလေး တွေ ကျဉ်းသလဲဆိုရင် သွေးကြောနံရံမှာ အဆီဓာတ်တွေပုံတာကြောင့် ၊ထိုအဆီချိုးတွေ ပုံဖို့ရာ free radical လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက အားပေးတာကြောင့် ၊သွေးခဲ ရာက ထွက်ပေါ်လာတဲ့ အစအနတွေကြောင့် ဖြစ်ပါတယ် ။ နှလုံးသွေးကြောကျဉ်းရောဂါသည်တွေဟာ ပုံမှန်ထက်မောခြင်း ၊ရင်ဘတ် တင်းကြပ်ကြပ်ဖြစ်ကာ ဖိညှစ်ထားသလို အောင့်ခြင်း ခံစားရတတ်ပါတယ် ။အထူးသဖြင့် လှုပ်လှုပ်ရှားရှားလုပ်ရင် ၊ရာသီဥတုအေးရင် ၊အစားများများ စားပြီးတဲ့အခါ ၊စိတ်လှုပ်ရှား မှု များတဲ့အခါ ပိုခံစားရတတ်ပါတယ် ။ သွေးတိုးရောဂါ ၊နှလုံးသွေးကြောရောဂါ ၊ဆီးချိုရောဂါတို့နဲ့ ဆက်စပ်သ လို အဝလွန်ခြင်း ၊ဆေးလိပ်သောက်ခြင်း နဲ့ ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်း အဆီဓာတ်များခြင်းတို့က […]

Read More

ကိုယ်ဝန်ဆောင်နှင့် သားပျက်ခြင်း

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဆိုရိုးရှိတာနဲ့အညီ လူမှုရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ အရာခပ်သိမ်းကို ကျန်းမာရေးပြည့်စုံမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်။ ဘဝတစ်သက်တာကျန်းမာဖို့၊ သန္ဓေတည်စကတည်းက စတင်လို့ ကျန်းမာသန်စွမ်းတဲ့ကလေးမွေးဖွားနိုင်ဖို့ ပြုစုဖို့ကာကွယ်ရပါမယ်။ မကျန်းမာ၊ အင်္ဂါမစုံဘဲ မွေးခဲ့ရင်ကာယကံရှင်ကိုယ်တိုင် လူ့လောကမှာ တင့်တင့် တယ်တယ်မရှိတဲ့အပြင် မိခင်ဖခင်ရဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီကလေးဟာ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ အချို့ကိုယ်ဝန် ပျက်ကျ၊ အချို့ကိုယ်ဝန်ဖျက်ချ၊ အချို့ အသေမွေးဖွားခြင်းတို့ အမျိုးမျိုးဖြစ်တတ်တယ်။ ပျက်ကျတဲ့ အမျိုးအစားတွေကတော့ – (က) ပျက်မည်ဖြစ်တဲ့ ကိုယ်ဝန် (Threatened Abortion) (ခ) ပျက်မည်အမှန်ဖြစ်ခြင်း (Inevitable Abortion) (ဂ) စုံလင်စွာ ပျက်ခြင်း (Complete Abortion) (ဃ) မစုံမလင် ပျက်ခြင်း (Incomplete […]

Read More

မတော်တဆမှ ရင်မနာရလေအောင်

လူ့ဘဝဟာ ပန်းခင်းမှာရှိနေတဲ့ ပန်းကလေးတွေနဲ့တူပါတယ်။ ပန်းလေးတွေလိုပဲ ဖူးငုံရာက ပွင့်လန်း နောက်ဆုံးမှာတော့ ကြွေကျကာ မြေခရရှာပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကြွေချိန်မတိုင်ဘဲ လေပြင်းတိုက်လို့ ကြွေရတဲ့ ပန်းကလေးတွေရှိသလို အချိန်မတန်ခင် မတော်တဆမှုတစ်ခုခုကြောင့် အသက်အန္တရာယ်ဆုံးရှုံးသွားရရှာတဲ့ အသက်ပေါင်းများစွာလည်း ရှိလို့နေပါတယ်။ တစ်ခါတစ်လေမှာတော့ လေပြင်းဒဏ်ကြောင့် ပွင့်ဖတ်တွေနွမ်းပြီး အလှပျက်ခဲ့ရတယ့် ပန်းကလေးတွေရှိသလို ကံကြမ္မာဆိုးတစ်ခုခုနှင့် တွေ့ကြုံပြီးတဲ့နောက် ကိုယ်လက်အဂါင်္အစိတ်အပိုင်းများ ဆုံးရှုံ့းသွားတာ ၊ အာရုံချို့ယွင်းသွားတာမျိုးကြောင့် မသန်စွမ်းဘဝကို ရောက်ရှိသွားရရှာတဲ့ သက်ရှိလူသားများသည်လည်း မိမိတို့ပတ်ဝန်းကျင်မှာ နေ့စဉ်နီးပါးတွေ့မြင်နေရမှာပါ။ အချို့စိတ်ဓာတ်ကြံခိုင်တဲ့သူတွေကတော့ ဘဝကို အရှုံးမပေးဘဲ လှဲကျရာနေရာက ပြန်ထနိုင်ကြပေမယ့် အချို့မှာတော့ နောင်တတွေရ စိတ်ဓာတ်တွေကျရင်း ကံကြမ္မာကို အပြစ်ဖို့ ဘဝကြီးဟာ ရှင်လျှက်သေသွားကြတဲ့ လူတွေလည်း ရှိပါတယ်။ မတော်တဆမှုဆိုတာကလည်း နေ့စဉ်နေရာတကာမှာ ဖြစ်ပျက်နေတဲ့ ကြောက်မက်ဖွယ်အရာတစ်ခုပါပဲ ။ […]

Read More