အဖြေရှာမရတဲ့ ပုစ္ဆာများ

ဟူး…

ငါ့ယောက်ျားထွက်သွားတာကြာပြီ၊ အခုထိပေါ်မလာသေးဘူး။

ဗိုက်အရမ်းအောင့်နေတဲ့သမီးငယ်ကို အိပ်ယာပေါ်မှာပြုစုပေးရင်း စိုရိမ်သောကတွေပြည့်နေတဲ့ မေခင်တစ်ယောက် ခင်ပွန်းဖြစ်သူကို စောင့်မျှော်နေသည်မှာ နာရီဝက်ကျော်မျှရှိနေပြီ။

နေမကောင်းဖြစ်နေတဲ့သမီးကိုလဲ စိတ်ပူရ မိုးရာသီဆိုတော့ အိမ်ခေါင်မိုး မိုးယိုနေတဲ့ ပြဿနာကိုဖြေရှင်းနေရတဲ့ မိခင်တစ်ယောက်ဖို့ စိတ်မအေးနိုင်ပေ။

ခဏအကြာ သူနာပြုနှင့်အတူ ရေးကြီးသုတ်ပြာရောက်လာတဲ့ ခင်ပွန်းသည်ကို မြင်မှ မေခင် စိတ်အေးနိုင်ပါတော့တယ်။ ကျေးလက်ဒေသဆိုတော့ ဆရာဝန်မရှိ။ ကျန်းမာရေးအတွက် အားကိုးရာဆိုလို့ သူနာပြုတွေပင်။

မေခင်။     ။ဆရာမရေလုပ်ပါဦး သမီးတော်တော်နေမကောင်းဖြစ်နေတယ်။  မနေ့ညက အဲဒီလောက်မဖြစ်သေးဘူး။ အခုမှ အပူအရမ်းတက်နေပြီးဗိုက်လည်းအရမ်းအောင့်တယ်ဆရာ။

သူနာပြု။      ။သမီးဖျားတာက ရိုးရိုးအဖျားနဲ့မတူဘူး အစ်မ။ ဘာဆေးတွေ တိုက်ထားလဲမသိဘူး။

မေခင်။     ။သမီးရိုးရိုးသာမှန် နေမကောင်းဖြစ်နေတယ်ထင်ပြီး အိမ်မှာရှိတဲ့ အဖျားပျောက်ဆေးတွေ တိုက်ထားတယ်ဆရာ။

သူနာပြု။      ။မမေခင်ရေ သမီးက သာမန်ထက်ကိုပိုပြီးဖျားနေတယ်။ ကျွန်မအနေနဲ့ ဒီမှာပဲ ကုမဲ့အစား မြို့ဆေးရုံသွားပြဖို့အကြံပေးချင်တယ်။ ဒီတိုင်းထားရင် ကလေးဒီထက်ဆိုးမှာစိုးတယ်။

ဆေးရုံဆေးခန်း သွားရမယ်ဆိုတာကြောင့် မေခင်တို့ လင်မယားနှစ်ဦးသား မျက်နှာမကောင်းကြပေ။ အကြောင်းက အခြားမဟုတ် ငွေကြေးပြဿနာကြောင့်ပင်။

မြို့ဆေးရုံးသွားပြဖို့အတွက် ပိုက်ဆံအနည်းငယ်ဖြင့်မရနိုင်ပေ။ မေခင်တို့ လင်မယားနှစ်ယောက်အတွက် အခက်အခဲဖြစ်လေပြီ။ သမီးငယ်အတွက်ဆိုတော့ ဘာဖြစ်ဖြစ် ရင်ဆိုင်ရတော့မည်။ ဒီလိုနဲ့ပဲ လင်မယားနှစ်ယောက်မြို့ဆေးရုံးသွားဖို့ဆုံးဖြတ်ရတော့တယ်။ သည်လိုနဲ့ပဲ မြို့ကဆေးရုံကိုရောက်လာခဲ့တာပေါ့။

ကံကောင်းတယ်လို့ပဲဆိုရလား ရွာကသူနာပြုကိုပဲကျေးဇူးတင်ရမလား သမီးငယ်လေးဖြစ်နေတာ ရိုးရိုးအဖျားမဟုတ်ပေ။ အူအတက်ရောင်တဲ့ရောဂါဖြစ်နေသည်။ သူတို့ဆေးရုံရောက်တာ အချိန်စောခဲ့လို သမီးလေးအတွက် စိတ်အေးနိုင်တော့သည်။  သို့ပေမယ့် ခွဲဖို့စိတ်ဖို့တော့ လိုလိမ့်မယ်။ဒီတော့

စိတ်မအေးနိုင်တာက ငွေကြးပြဿနာပင်။ ပါလာတဲ့ ငွေအနည်းငယ်ဖြင့် လောက်လားမလောက်လားမသိ။ ငွေရှင်းမဲ့အချိန်ကို စောင့်ရန်သာရှိတော့တယ်…။

ထို့အတူ…

မမေခင်တို့လို မိသားစုမျိုး ကျေးလက်ဒေသတွေမှာ ဘယ်လောက်များများရှိလဲမသိ။ ကျန်းမာရေးရာအခက်အခဲ တစ်ခုခုကြုံလာလျင် ဖြေရှင်းဖို့ ရုတ်တရက် အရေးတကြီး လိုအပ်လာတဲ့ ငွေကြေး ပြဿနာကို ဘယ်သူတွေက ကူညီဖြေရှင်းပေးနိုင်မှာလဲ…။

သည်လိုပြဿနာတွေ ကြုံတွေ့လာတဲ့အခါ

ဘယ်သူတွေက ကူညီဖြေရှင်းပေးမှာလဲ…

ဘယ်သူတွေက ကိုယ့်ဘေးမှာရှိနေမှာလဲ…

“ကျန်းမာရေးဆိုတာ အချိန်နေရာမရွေး ဖောက်ပြန် ပျက်စီးနိုင်ပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ ကြုံလာတဲ့အခါ စိတ်ပူပင်စရာမျိုးစုံနဲ့ရင်ဆိုင်ရသလို အကူညီတွေလိုအပ်လာမှာပါ။ ဒါတွေကိုရင်ဆိုင်ဖို့အတွက် ကူညီပေးမယ့် ကျန်းမာရေးအာမခံဆိုတာရှိနေပါပြီ။ အသေးစိတ်သိရှိလိုပါက အောက်ကပုံကိုနှိပ်၍ မေးမြန်းနိုင်ပါတယ်”

Author – ဒေါက်တာရှမ်းလေး