မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

မိန်းမကိုယ် သန့်စင်ဆေးကို အမျိုးသမီးတွေ ကြားဖူးနားဝနဲ့ တစ်ခါမဟုတ်
တစ်ခါ သုံးဖူးကြမှာပါ။ ဘာလို့ သုံးကြတာလဲ မေးရင် မိန်းမကိုယ် ပိုသန့်ရှင်းအောင် ၊
အနံ့ပျောက်အောင် ၊ရာသီသွေး မစွန်းထင်းအောင် ၊မိန်းမကိုယ်ထဲ ပိုးသေအောင် စသ
ဖြင့် ပြန်ဖြေတတ်ကြပါတယ်။ အဆိုပါ ထင်မြင်ချက်တွေက မှန်သလားဆိုရင် အကုန်
မမှန်ပါလို့ပဲ ဖြေရပါလိမ့်မယ် ။

မိန်းမကိုယ်ကို သန့်စင်ရာတွင် တချို့တွေက ရေနဲ့ vinegar အရည်တွေကို
ရောစပ်ပြီး သုံးသလို ၊စတိုးဆိုင် ဆေးဆိုင်တွေက အလွယ်တကူ ဝယ်နေကြတဲ့ ဘာ
Care ၊ ညာ Care ဆိုတာတွေမှာတော့ Anti-septic ပိုးသန့်ဆေးရည်နဲ့ အမွှေးနံ့သာ
တွေကို အသုံးပြုထားပါတယ် ။

ပုံမှန်အားဖြင့် မိန်းမကိုယ်ထဲ မှာ အက်ဆစ်ဓာတ် ဟာ ၄.၅ ကနေ ၅
လောက်ဝန်းကျင်ရှိပါတယ်။ သဘာဝအားဖြင့်လည်း မိန်းမကိုယ်ထဲမှာ vaginal flora
ဆိုတဲ့ ပိုးကောင်လေးတွေ ရှိနေတတ်ပါတယ်။ ပင်ကိုအားဖြင့်ကိုက မိန်းမကိုယ်က
အနံ့အသက် ရှိနိုင်ပါတယ်။ မိန်းမကိုယ်သန့်ဆေးရည် အသုံးလွန်ရင် ထိုအက်ဆစ်
မျှခြေပျက်သွားကာ ထိုပိုးကောင်လေးတွေ ပိုပွားပြီး ပိုးဝင်တဲ့ လက္ခဏာတွေ ခံစားရ
ပါတယ်။

မိန်းမကိုယ်သန့်ဆေးတွေကို ဆရာဝန်ညွှန်ကြားသလိုသာ သုံးသင့်တယ်။
အထူးသဖြင့် မိန်းမကိုယ် အက်ဆစ်ဓာတ်နည်းသူတွေဆို သုံးသင့်တယ်။ ဒါပေမယ့်
နေ့စဉ် ရက်ဆက် တောက်လျှောက် သုံးစရာမလိုပါ။ တစ်ပတ်လျှင် တစ်ရက် နှစ်ရက်
လောက်သာ သုံးသင့်တယ်။ မိန်းမကိုယ် ပိုသန့်သွားအောင်ဆိုပြီး သုံးစရာမလိုပါ။
မိန်းမကိုယ်သန့်ဖို့က ရေနဲ့ ဆပ်ပြာနဲ့ဆေးကြောရင်တောင် မိန်းမကိုယ်ကို သန့်စင်
စေပါတယ်။ အထူးတလည် ဗျာများစရာ မလိုပါ ။

မိန်းမကိုယ်သန့်စင်ဆေးကို လိုတာထက် ပိုသုံးမိရင် မိန်းမကိုယ်ထဲ
ပိုးဝင်ပြီး အဖြူဆင်းမယ်။ ကိုယ်ဝန်ဆောင်နေစဉ် အဖြူဆင်းရင် ပိုးဝင်ရင် လမစေ့ဘဲ
ကလေးတွေ မွေးနိုင်တယ်။ နောက်ပြီး အမျိုးသမီး မျိုးပွား အင်္ဂါတွေဖြစ်တဲ့ သားအိမ် ၊
သားဥပြွန် ၊သားဥ စတာတွေ ရောင်တဲ့ ရောဂါဖြစ်မယ်။ တစ်ပတ်တစ်ကြိမ်မက သုံးမိ
တာကြာတဲ့သူတွေမှာ သားအိမ်ခေါင်းကင်ဆာထိ ဖြစ်နိုင်တယ်။

မိန်းမကိုယ်သန့်စင်ဆေးကို သုံးသင့်သလားလို့ မေးရင် American
College of Obstetricians and Gynecologists (ACOG) အမေရိကန် မီးယပ်နဲ့ သား
ဖွားကောလိပ် အဆိုရဆိုရင် စွဲမသုံးသင့်ပါ။ ပုံမှန်အားဖြင့် မိန်းမကိုယ်မှာ အနံ့အသက်ရှိ
မှာပဲ။ ထိုအနံ့အသက် ပိုဆိုးရင်တော့ မိန်းမကိုယ်ထဲ ပိုးဝင်ပြီလို့ သိနိုင်တယ်။ မိန်းမကိုယ်
သန့်အောင်တော့ အထက်မှာ ပြောခဲ့သလိုပဲ ရေနဲ့ ဆပ်ပြာနဲ့ ဆေးရင်ကိုပဲ သန့်စင်
စေနိုင်ပါတယ် ။

Author : ခေတ်သစ် ဇီဝက