ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေမှာ ဘာတွေလဲ

ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ အကြောင်းမပြောခင် ကိုယ်ဝန်ရှိဖို့

လိုအပ်တဲ့ အခြေခံ အကြောင်းတရားတွေအကြောင်း အရင်ပြောပြပါ့မယ် ။

မိမိ ချစ်သူခင်သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရမယ် ၊တားဆေးလည်း

မသောက်ခဲ့ဘူး ၊လာရမယ့် ရက်မှာ တားဆေးပုံမှန်မသောက် မထိုးဘဲ ရာသီလည်း

ထိန်နေမယ် ဆိုရင် အောက်ပါ လက္ခဏာများရှိရင် ကိုယ်ဝန်ရှိဖို့ အခွင့်အလမ်း

အတော်များပါပြီ ။

-ပျို့မယ် ၊အန်မယ် ၊အစား စားချင်စိတ်ပျက်မယ်

-ဟိုဟာစားချင် ၊ဒီဟာစားချင်နဲ့ ချင်ခြင်းတွေ တပ်မယ်

-အတူနေချင်စိတ်တွေ ပြောင်းလဲမယ်

-အားကုန်ပြီး နုန်းချိသလို ဖြစ်မယ်

-အထိုင်အထ မူးသလို မော့သလို ဖြစ်မယ်

-အသားအရေပြောင်းလဲမယ်

-ရင်သားပိုပြီး ကြီးထွားမယ်

-ရင်သားပိုပြီး တင်းရင်းမယ်

-ရင်သားနာမယ်

-ရင်သားရှိ အသီးလေးတွေ ကြီးထွားလာမယ်

-နို့သီးခေါင်းကို ညှစ်ကြည့်ရင် နို့ရည်ကြည်လို ထွက်လာမယ်

-သားအိမ်ကြီးလာလို့ ဗိုက် ဆီးစပ်ကနေ စထွက်လာမယ်

-ဆီး အကြောင်းမဲ့ ခဏ ခဏ သွားချင်သလိုဖြစ်မယ် ။

ဒါပေမယ့် သေချာအောင်တော့ ကိုယ်ဝန် ရှိ ၊မရှိကို ဆီးသွေး စစ်ဖို့

လိုမယ် ။

Author: ခေတ်သစ် ဇီဝက