ကလေးများ ဓာတ်မတည့်ခြင်း ပြဿနာ 

ပန်းနာရင်ကြပ်ရောဂါနှင့် ဆင်တူပေမယ့် ဓာတ်မတည့်ခြင်းကို ရင်ဘတ် အတွင်းမှ ခံစားရခြင်းမဟုတ်ဘဲ နှာခေါင်းနှင့်မျက်လုံးရှိ အပေါ်ယံအမြှေးပါးတို့မှ ခံစားရခြင်းဖြစ်တယ်။ နှာမွန်ခြင်း၊ ယားယံခြင်းခေါ်ဆိုနိုင်ပြီး နှာချေခြင်း၊ နှာရည် ယိုခြင်း၊ မျက်လုံးယားပြီး မျက်ရည်ယိုခြင်း ခံစားရတယ်။ နွေဦးပေါက်နှင့် နွေရာသီမှာ ဖြစ်ပွားလေ့ရှိပြီး ပန်းပွင့်၊ မြက်ခင်းနှင့် သစ်ပင်များမှ ထွက်လာတဲ့ ပန်းဝတ်မှုန်များနဲ့ အမှုန်အမွှားတွေကြောင့် ရောဂါ ဖြစ်တတ်တယ်။

ဓာတ်မတည့်သူတစ်ဦးဟာ ပန်းဝတ်မှုန်တစ်မျိုးထက်ပိုပြီး မတည့်ခြင်းဖြစ် တတ်တယ်။ ကလေးငယ် နှာခေါင်းပိတ်နေတဲ့အတွက် ပါးစပ်ဟပြီး အသက်ရှူနေတာ တွေ့ရမယ်။ သည်လို ဓာတ်မတည့်ခြင်းဟာ မျိုးရိုးလိုက်လေ့ရှိပြီး ငါးနှစ်အောက် ကလေးများမှာ သိပ်ဖြစ်လေ့မရှိဘူး။ အချို့ကလေးတွေမှာ တိရစ္ဆာန်ရဲ့ အမွှေးအမျှင် တွေရှူမိရင် စိုးရိမ်ရတယ်။ ဓာတ်မတည့်အဖျားရောဂါဟာ ခဏသာခံစားရတဲ့ ကျန်းမာရေး ပြဿနာ ဖြစ်ပြီး ဆိုးဝါးတဲ့ နောက်ဆက်တွဲ မရှိဘူး။

ရောဂါလက္ခဏာများ- နှာချေခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးယားခြင်း၊ နီခြင်း၊ မျက်ရည်ယိုခြင်းဖြစ်တယ်။

မိဘလုပ်ပေးရန် -ကလေးထပ်ခါတလဲလဲ နှာချေနေရင် တုပ်ကွေးရောဂါ၊ အအေးမိရောဂါဖြစ်နေလား။ သေချာအောင် ကိုယ်အပူချိန် တက်ခြင်းရှိမရှိ အဖျား တိုင်းကြည့်သင့်တယ်။ ကလေးရဲ့ မျက်စိကိုပွတ်ခြင်းကြောင့် မျက်စိကိုထိခိုက်မှုရှိနိုင် တဲ့အတွက် မျက်စိမပွတ်မိစေဖို့ သတိပေးရမယ်။ မျက်စိယားတာသက်သာအောင် သန့်ရှင်းတဲ့ ရေအေးအေး နဲ့ မျက်စိဆေးပေးရမယ်။

ဆရာဝန်နဲ့ပြ – ဆရာဝန်နှင့် ပြသဖို့လိုမယ်။ ကလေးဟာ ငြိမ်ငြိမ်မနေနိုင် အောင် ခံစားနေရင် ဆရာဝန်နဲ့ ပြသရမယ်။

ဆရာဝန်လုပ်ရန် – ကလေးနှာခေါင်းပိတ်နေရာကနေ ပွင့်သွားစေမယ့် နှာခေါင်းအတွင်း အစက်ချဆေးထည့်စေခြင်း (သို့) အင်တီပါတေမင်း  ပါဆေးရည် (သို့) ဆေးပြား(သို့) လိမ်းဆေးတစ်မျိုးမျိုး ညွှန်ကြားပေးခြင်းဖြင့် ရောဂါ လက္ခဏာသက်သာအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

ကလေးခံစားရတဲ့   လက္ခဏာများ  အလွန်ပြင်းထန်နေရင်    ဆရာဝန်က ကလေးနဲ့ ဓာတ်မတည့်တဲ့ ပစ္စည်းကို ကလေးအရေပြားမှ ဓာတ်ခွဲစမ်းသပ်ခြင်းနဲ့ ရှာဖွေပေးလိမ့်မယ်။ မတည့်တဲ့ပစ္စည်းအတွက် နောက်တစ်ကြိမ် ဓာတ်မတည့်မှု မဖြစ် ရအောင် ကာကွယ်ဆေးနဲ့ အချိန်ယူပြီး ကုသပေးရလိမ့်မယ်။ ဆောင်းရာသီမှာ ဓာတ်မတည့်ရောဂါ ဖြစ်တတ်ပါတယ်။

မိဘလုပ်ရန် – ပြင်ပမှာ အမှုန်အမွှားထူပြောတဲ့အချိန်၊ မြက်ခင်းပြင်မှာ မြက်ရိတ်ပြီးစ အချိန်မျိုးမှာ ကလေးကို ထွက်မဆော့စေသင့်ဘူး။ ကလေးအိပ်ရာ ဘေးမှာ ငှက်မွေးယပ်တောင်၊ တံမြက်စည်း၊ ဂွမ်းအင်္ကျီ အမွှေးပွပွ မထားရှိသင့်ဘူး။ အိမ်အတွင်းဖုန် မထူထပ်စေသင့်ဘူး။ ဖုန်မှုန့်များကြောင့် ရောဂါပိုမိုခံစားရတယ်။ အပြင်ကို ကလေးငယ်ပါ ခေါ်သွားရင် အရေးပေါ်ပစ္စည်းလေးများ သက်ဆောင်ခဲ့ ရမယ်။ စက္ကူလက်ကိုင်ပ၀ါ၊ မျက်စဉ်းဆေး၊ ကလေးမျက်လုံးသုတ်ဖို့  မျက်နှာသုတ် ပ၀ါနှင့် လိုအပ်တဲ့ဆေးဝါး အချို့ပါဝင်ရပါမယ်။

အဖျားရောဂါဟာ ပန်းနာရင်ကြပ်နဲ့လည်းတွဲပြီး တွေ့ရတတ်တယ်။ အသက်ကို ခက်ခဲစွာ ရှူထုတ်နေရပြီး ၀မ်းဗိုက်အတွင်းဘက် ချိုင့်ဝင်သွားခြင်း၊ အသက်ရှူမ၀ခြင်း၊ အသက်ရှူရင် အသံမြည်ခြင်း၊ နှုတ်ခမ်းများပါ ပြာလာခြင်းက ပိတ်နေတဲ့ လေပြွန်များကြောင့်၊ အသက်ရှူမ၀၊ ရင်ကြပ်ရောဂါဖြစ်ကာ ဆိုးစေတယ်။

အချိန်မီကုသဖို့လိုပါတယ်- ဆရာဝန်က ရင်ကြပ်ပျောက်အောင် ဆာမျူ တစ်မောရှူဆေး (သို့) စတီးရွိုက် ရှူဆေးရှူခြင်း၊ အောက်စီဂျင်ရှူခြင်းအပြင် ရင်ကြပ်ပျောက်စေဖို့ ဆာဖျူတမောဆေးနဲ့ အမောက်ဆလင်ကိုပေးတယ်။

Author: Dr. CST