ရာသီမလာ

`ရာသီမလာဘူး ဆရာမ´`ရာသီရပ်သွားပြီး ဆရာမ´ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်လဲ ဆရာမရယ်ဟု Ondr မှာ မေးတတ်ပါတယ်။ အပျိုဖော် မဖြစ်သေးအချိန်၊ သွေးဆုံးချိန် ၊ ကိုယ်ဝန်ရှိနေချိန်နှင့် သားအိမ်ထုတ် ခွဲစိတ်ထားခြင်း တို့တွင် ရာသီမလာခြင်းက ပုံမှန်အခြေအနေတစ်ခုပါ။ ရာသီမလာခြင်းတွင် (၁)ပင်ရင်းအခြေအနေနှင့် (၂)ဆင့်ပွားအခြေအနေများကြောင့် ဖြစ်တတ်ပါတယ်။ (၁)ပင်ရင်းအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ အပျိုဖော်ဝင်ရန် နောက်ကျခြင်း ဥပမာ ၁၄နှစ်နှင့် ရာသီမလာရခြင်းသည် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ မပေါ်ခဲ့လျှင် ၁၆နှစ်ထိစောင့်ကြည့်၍ ရနိုင်သည်။ (၂)ဆင့်ပွားအခြေအနေကြောင့် ရာသီမလာခြင်းဆိုသည်မှာ ရာသီပုံမှန်လာခဲ့သော်လည်း အခုအခါ ရာသီမလာခြင်းသည် ၆လဆက်တိုက် ဖြစ်ခြင်းကို ဆိုလိုပါသည်။ ပင်ရင်းအခြေအနေကြောင့် ရာသီမလာခဲ့သော် အခြားသော အပျိုဖော်ဝင် လက္ခာဏာများ ရှိ မရှိရှာဖွေစမ်းသပ်ရန် လိုအပ်ပါတယ်။ မိခင်နှင့်အစ်မ များသည်လည်း အပျိုဖော်ဝင်ရန် […]

Read More

ကလေး ငယ်ထိပ် ဘယ်တော့ပိတ်နဲ့ ကျန်းမာရေးသုတ

ဇီဝက့ ကို အမေးများတဲ့ မိဘများရဲ့ အမေးတွေက “ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။” “ကလေး ငယ်ထိပ် တဒုတ်ဒုတ်နဲ့ လှုပ်နေတာ ဘာကြောင့်ပါလဲ ။” “ကလေး ငယ်ထိပ် ဖောင်းလာတာ စိုးရိမ်ရသလား ။” “ကလေး ငယ်ထိပ် ချိုင့်နေတာ ပုံမှန်ပဲလား ။” “ကလေး ငယ်ထိပ် ဘယ်တော့ပိတ် ။” ထိုထိုသော သောကဗျာပါဒများစွာနဲ့ မေးလာတာတွေကို ဒီဆောင်းပါးလေးမှာ ဖြေပေးလိုက်မယ်နော် ။ “ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။” ဦးခေါင်းခွံကို အရိုးပေါင်းများစွာနဲ့ တည်ဆောက်ထားတာပါ။ ဦးခေါင်းခွံမှာတင် အရိုးပေါင်း ၈ခု ၊မျက်နှာပြင်မှာ အရိုးပေါင်း ၁၄ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ထိုအရိုးတွေ စုပေါင်းပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းခွံဖြစ်လာပြီး ဦးနှောက်ကို […]

Read More

ကလေးငယ်ခေါင်းချွေးထွက်ခြင်း

မိခင်များအနေနဲ့ မိမိကလေးငယ် ချစ်စဖွယ် အိပ်နေပုံကြည့်ပြီး နတ်သမီးလေး အိပ်နေသကဲ့သို့ထင်ကြပါတယ်။ မိမိတရေးနိုး၍ သမီးငယ်၊သားငယ်သည် ချွေးများရွဲနေလျှင် အလွန်ပင် စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ ညဘက်ကလေးငယ် ချွေးထွက်နေခြင်းသည် ပုံမှန်ဟုတ်မဟုတ် Ondrမှာ စိုးရိမ်စွာမေးတတ်ကြပါတယ်။ ညဘက်ချွေးထွက်ခြင်းဆိုသည်မှာ ကလေးငယ်များ အိပ်နေစဉ်အတောအတွင်း ကလေးငယ်များ အလွန်အမင်းချွေးထွက်ခြင်းကို ဆိုလိုပါသည်။ အိပ်နေစဉ် ကလေးငယ်ချွေးထွက်ရသော အဖြစ်များသောအကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁)မွေးရာပါ နှလုံးရောဂါရှိခြင်း မွေးရာပါ နှလုံးရောဂါရှိသူမျာသည် အထူးသဖြင့် အိပ်နေစဉ် ချွေးထွက်များတတ်ပါတယ်။ အဆိုပါကလေးငယ်များသည် စားနေစဉ် ကစားနေစဉ်တွင်လည်း ချွေးထွက်များတတ်ပါတယ်။ ကလေးငယ် တစ်ရာနှစ်ဆယ်ငါးယောက်မှာ တစ်ယောက်နူန်း ခံစားရတတ်ပါတယ်။ ကလေးငယ်တွင် နှလုံးဖွံဖြိုးမှု ချို့ယွင်းချက်ရှိသောကြောင့် ဖြစ်ပါတယ်။ (၂)အိပ်နေစဉ်အသက်ရှူရပ်ခြင်း ကလေးငယ်များတွင် အိပ်နေစဉ်အသက်ရှူရပ်ခြင်းသည်လည်း အဖြစ်များဆုံး အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ကလေးငယ်သည် အသက်ရှူနေစဉ် […]

Read More

ပျိုမေများနဲ့ အဖြူကတစ်မျိုး အနီကတစ်မျိုး အပိုင်း(၁)

မိန်းမသားရယ်လို့ဖြစ်လာရင် အပျိုဖော်ဝင်စအရွယ်ကနေ သွေးဆုံးချိန်ထိ အဖြူဆင်းတာတွေ တစ်လတစ်ခါအနီဆင်းတာ(ရာသီပေါ်တာ)တွေ ဖြစ်လေ့ရှိပါတယ်။ မိန်းမသားတွေဟာ ထိုအဖြူဆင်းတာ အနီဆင်းတာတွေမှာမှ နည်းတာ၊ များတာ မဆင်းရမယ့်အချိန်မှာဆင်းတာ ဆင်းရမယ့်အချိန်မှာ မဆင်းတာ စတဲ့အခြေအနေတွေ ဖြစ်လာရင် စိုးရိမ်ပူပန်ကြရပြန်ပါတယ်။ အခုတခေါက် ပျိုမေတွေကို ပြောပြချင်တာကတော့ အဖြူဆင်းတဲ့အကြောင်းပါ။ အဖြူဆင်းတယ်ဆိုတာ ဘာလဲ။ ဘာဖြစ်လို့ အဖြူဆင်းရတာလဲ။ လူ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ရှိတဲ့ဆဲလ်အများစုက အချိန်တိုင်း အချိန်တိုင်း သေကြေပျက်စီးပြီး ကွာကျလိုက်၊ သေသွားတဲ့ ဆဲလ်နေရာမှာ အစားထိုးဖို့ အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။ အဲ့ဒီလိုပဲ မမျိုးပွား အင်္ဂါအဖွဲ့အစည်းမှာ ရှိတဲ့ဆဲလ်တွေကလည်း သေကြေပျက်စီးလိုက် အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။ အဲ့ဒီဆဲလ်အသေတွေကို ရှင်းလင်းဖို့ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ ဂလင်း ခေါ် အကျိတ်လေးတွေရှိတယ်။ အဲ့ဒါတွေက ဆဲလ်အသေတွေကို ခန္ဓာကိုယ် အပြင်ဘက်ရောက်အောင် […]

Read More

ကလေးတွေကို ဆူမှာလား

တစ်ခါတစ်လေ အပြင်သွားတဲ့အခါမှာ တချို့သောလူကြီးမိဘတွေ ကလေးငယ်လေးတွေကို ဆူပူကြိမ်းမောင်းနေတတ်တာတွေ တွေ့ရတတ်ပါတယ်။ ကလေးငယ်လေးတွေကလည်း မခေဘူး လိုချင်တာမရတာဆို ပေကပ်ပြီး ဆူပူဆောင့်အောင့်နေတတ်ကြတယ်။ ဒီလိုအခါတွေဆို မိဘတွေက ပိုဆူတတ်ကြတယ်။ ကလေးတွေကို ဆူမှာလား လို့ ပြောထားတော့ မဆူရဘူးလားဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ မဆူရင် ပိုဆိုးသွားမှာပေါ့ ဆိုပြီး ပြန်ပြောကြပါလိမ့်မယ်။ ကလေးဆိုတာ ငယ်ရွယ်စဉ်တည်းက သတိနဲ့ ထိန်းပေးရပါတယ်။ ငယ်တုန်းတော့ငြိမ်ရင် ပြီးရောဆိုပြီး လုပ်ချင်တာပေးလုပ်ခဲ့တယ်ဆိုရင် ဒီကလေးလေးတွေ ကြီးလာတဲ့ အခါ လိုချင်တာမရရင် ဆူပူဆောင့်အောင့်ကြမှာပဲ ဂျီတိုက်ကြမှာပါပဲ။ ငယ်ရွယ်စဉ်မှာတည်းက လိုချင်တာဆို ဒီလို အော်ပြလိုက်ရင် ရတယ်ဆိုတဲ့ အသိလေးက ကလေးတွေ ခေါင်းထဲ ရိုက်သွင်းလိုက်သလိုပါပဲ။ ဒီအကျင့်ကို ကြီးတဲ့ အထိမှတ်သွားတတ်ကြတယ်။ အပြင်သွားတဲ့အခါ ကစားစရာပစ္စည်း တစ်ခုခုလိုချင်တာ တစ်နေရာရာ သွားချင်တာတွေဆို လူကြီးမိဘတွေကို […]

Read More

ကလေးတွေဒေါသထွက်ခြင်းနှင့်လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှု

ကလေးတွေ ဒေါသထွက်ရင် ကလေးမိဘတွေက သူတို့ထက် အပြိုင်အဆိုင် ဒေါသပိုထွက်ကြတယ်။ ဒါကိုအချို့မိဘတွေက မှန်တယ်ထင်ကြတယ်။ ကလေးက စိတ်ဆိုးနေတယ်။ မအိပ်ချင်ပဲ အိပ်ခိုင်း၊ ဆော့နေတာ ဖုန်းကနေ “ဂိမ်း” ဆော့တာ စိတ်မပါပဲ အပိတ်ခံရတာတွေ၊ ကလေးက အလိုမပြည့်တာတွေရှိတယ်။ကလေးဒေါသထွက်နေရင် မိဘတွေ ချော့မော့တတ်ရဲ့လား။ ကလေးမှာ သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး မပြေလည်ရင်၊ အနိုင်ကျင့်ခံရရင်၊ အိမ်စာ၊ စာမေးပွဲကိစ္စတွေ အခက်အခဲဖြစ်နေရင် စိတ်ဖိစီးမှုများရင်၊ စိုးရိမ်စိတ်ကြောက်စိတ်ဝင်ရင်၊ ကြီးကောင်ဝင်ချိန်ဟော်မုန်းတွေ ပြောင်းလဲပြီး ပရမ်းပတာဖြစ်ရင်၊ အိပ်ရေးမဝရင် ကလေးတွေ ဒေါသထွက်လွယ်တယ်။ ဒေါသကို ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ကိုယ့်ကလေးဟာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိသင့်တယ်။ မိဘကစည်းကမ်းပေးထားတာထက် ကိုယ့်ကလေးကို ပူးပေါင်းဆောင်ရွက်မှု ရှိစေသင့်တယ်။ ကလေးကို အိမ်မှာ ဆိုးနေတာ ဂုဏ်ယူဖို့မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု ရှိရမယ်။ ယနေ့ […]

Read More

နို့စို့အရွယ်ကလေးကို နွားနို့တိုက်တာ ကောင်းသလား

တစ်နေ့သော ညနေခင်းတွင် လွန်စွာ အမေးအမြန်းထူလှသော ဝတ်ဆန်ဆိုတဲ့ ကလေးမ ဇီဝကဆေးခန်းဆီ ခြေဦးလှည့်လာပြန်ချေသည်။ ဝတ်ဆန်။ ။ဆရာ နေကောင်းလား ၊မတွေ့တာကြာပြီနော်။ ဇီဝက ။ ။အေး ၊ကောင်းပါ့။ဆိုစမ်းပါဦး လာရင်း ကိစ္စ။ ဝတ်ဆန်။ ။ညီမလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ ဆရာ့ဆီ မရောက်ဖြစ်တာ။ အခုက ဆရာ့ကို မေးချင်တာလေးတွေ ရှိလို့၊အခု မေးလို့အဆင်ပြေရဲ့လား ၊ဆရာ။ ဇီဝက ။ ။အေးပါ ၊ ရပါတယ်။မေး ၊ မေး။ ဝတ်ဆန်။ ။ဟုတ် ၊ညီမ အမဝမ်းကွဲ တစ်ယောက် ခုမီးဖွားပြီးတာ ၁ပတ်ကျော်ပြီနို့ မထွက်သေးလို့။ အဲတာ ကလေးကို နွားနို့တိုက်တာ ကောင်းမလား၊ နို့ဘူးတိုက်တာ ကောင်းမလား၊ ဘာက ပိုကောင်းမလဲ သိချင်လို့ ပါဆရာ။ […]

Read More

မွေးကင်းစကလေးနဲ့ ချက်ပုပ်နာ

သားသားမီးမီးတို့ရဲ့ ဖေဖေ မေမေတို့အနေနဲ့ မွေးကင်းစကလေးရဲ့ ချက်ပုပ်နာအကြောင်းကို သိထားသင့်ပါတယ်။ ပုံမှန်အားဖြင့် ကလေးချက်သည် ၅ရက် ၁ပတ်ဆို ကြွေတတ်တယ်။ ချက်မကြွေခင် ဖြစ်ဖြစ်၊ ချက်ကြွေပြီးပြီး ဖြစ်ဖြစ် အောက်ပါလက္ခဏာတွေ တွေ့ရင် ချက်ပုပ်နာလို့ ခေါ်နိုင်တယ်။ -ချက်မှာ စိုနေတယ် -ချက်မှာ ပြည်တည်မယ် -ချက်ကနေ အနံ့တွေ ထွက်မယ် -ချက်ပတ်လည် နီမြန်း ရောင်ရမ်းတယ် ဘာကြောင့် ချက်ပုပ်နာ ဖြစ်ရတာလဲ -ချက်ကို ဘာမှုန့် ညာမှုန့် အမှုန့်မျိုးစုံ မိမိဘာသာ ထည့်ကြတာ (ဥပမာ-နနွင်းမှုန့်များ ၊ဆေးတို့ဖတ်ကြီးများ) -ချက်ကို သန့်သန့် ရှင်းရှင်း မထားတာ -ကလေး မွေးစဉ်က ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများနဲ့ မမွေးတဲ့အခါ မသန့်ရှင်းတဲ့ အရာများနဲ့ ချက်ကြိုးချည်ခြင်း မသန့်ရှင်းတဲ့ ကတ်ကြေးများနဲ့ ချက်ကြိုးညှပ်ခြင်း […]

Read More

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (အပိုင်း ၂)

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန် ကျောက်ကပ်အထိ ပိုးဝင်တာဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကြီးလာတဲ့ သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထားအောင်းထားသလိုဖြစ်နေစေတယ်။ ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ်နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။ အသက် ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့ မမေ့ရပါ။ ဆေးရုံလူနာ ရောဂါတစ်ခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက် ဖြစ်နိုင်တယ်။ ကလေးငယ်လေးတွေ မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ။ ဘာလို့မှန်းမသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်။ အစား ပျက်မယ်။ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ အသက် ၁၁ […]

Read More

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (အပိုင်း ၂)

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန် ကျောက်ကပ်အထိ ပိုးဝင်တာဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကြီးလာတဲ့ သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထားအောင်းထားသလိုဖြစ်နေစေတယ်။ ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ်နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။ အသက် ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့ မမေ့ရပါ။ ဆေးရုံလူနာ ရောဂါတစ်ခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက် ဖြစ်နိုင်တယ်။ ကလေးငယ်လေးတွေ မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ။ ဘာလို့မှန်းမသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်။ အစား ပျက်မယ်။ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ အသက် ၁၁ […]

Read More