ဆီးလမ်းကြောင်းပိုးဝင်ခြင်း (အပိုင်း ၂)

ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
ကျောက်ကပ်အထိ ပိုးဝင်တာဖြစ်လွယ်တယ်။ ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။ ကြီးလာတဲ့ သားအိမ်က ဆီးလမ်းကို ဖိနေလို့ ဆီးကို အောင့်ထားအောင်းထားသလိုဖြစ်နေစေတယ်။

ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်းနည်းလာတယ်။ ဆီးအိမ်နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။ အသက် ကြီးသူတွေ ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာဆိုရင် ဆီးကိုစစ်ဘို့ မမေ့ရပါ။

ဆေးရုံလူနာ
ရောဂါတစ်ခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေချာပေါက် ဖြစ်နိုင်တယ်။

ကလေးငယ်လေးတွေ
မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ။ ဘာလို့မှန်းမသိဘဲ ကိုယ်ပူမယ်၊ ဆီးအနံ့ မကောင်းဖြစ်မယ်။ အစား ပျက်မယ်။ အန်မယ်၊ အမူအယာ တမျိုးဖြစ်မယ်။ အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်းပိုးဝင်တယ်။ အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။ တချို့ ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။ ရေအိမ်သွားနည်း သင်ထားပေးပါ။

ဘယ်လိုကုမလဲ
ပဋိဇီဝဆေးနဲ့ ပျောက်တယ်။ ရေ-အရည်များများသောက်ပါ။ ဆီးသွားချင်ရင် အောင့်မထားပါနဲ့။ ကျောက်ကပ်ပိုး ဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။ ပြန်ပြန်ဖြစ်နေရင် ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။ လိင်ဆက်ဆံ ပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်းပဋိဇီဝဆေးသောက်လိုက်ပါ။

ဆီးလမ်းကြောင်းရောဂါဆေးများ
– Urethritis and Cervicitis caused by Chlamydia (ကလာမိုင်ဒီယား) ကြောင့်ဖြစ်သော သားအိမ်အဝ ဆီးပြွန်အဝရောင်ခြင်း၊ Erythromycin 250 – 500 mg QID, Doxycycline 100 mg BD or Azithromycin 500 mg OD
– ကျောက်ကပ်ပြွန် ရောင်ခြင်း။ Ciprofloxcain 400 mg IV BD or 750 mg BD Orally or Levofloxacin 500 mg IV OD or Ampicillin 1 Gm QID and Gentamycin 1 mg/kg TDS IV X 21 days ထိုးဆေး။
Ciprofloxacin 500 – 750 mg တစ်နေ့၂ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Ofloxacin 200 – 300 400 mg တနေ့ ၂ကြိမ်၊ ၂၁ ရက်၊ ဒါမှမဟုတ် Trimethoprim – Sulpfamethoxazole 160 – 800 mg တနေ့၂ကြိမ် ၂၁ ရက်။
– ရက်တို ဆီးလမ်း၊ ဆီးအိမ်ရောင်ခြင်း၊ ကျား-ဆီးကြိတ်ရောင်ခြင်း။
Cephalexin 250 – 500 mg QID Orally x 1-3 days တစ်နေ့၎ကြိမ်၊ ၁-၃ ရက်၊ ဒါမှမဟုတ်
Ciprofloxacin 250-500mg BD x 1-3 days တစ်နေ့ ၂ကြိမ်၊ -၁-၃ ရက်၊ ဒါမှမဟုတ်
Nitrofurantion 100 mg BD QID PC x 7 days တစ်နေ့ ၂-၄ကြိမ် (အစာနဲ့ )၊ ၇ရက်။ ဒါမှမဟုတ်
Ofloxacin 200 mg BD x 1-3 days တစ်နေ့ ၂ကြိမ်၊ ၁-၃လ၊ ဒါမှမဟုတ် Ofloxacin 200-400mg တနေ့ ၂ကြိမ်၊ ၁-၃ လ၊ တစ်နေ့ ၂ကြိမ်၊ ၁-၃လ၊ Trimethoprim Sulfamethoxazole 160/800 mg တနေ့ ၂ ကြိမ်၊ ၁-၃လ၊
– ဆီးလမ်းပြွန်အဝရောင်ခြင်း။ Cefixime 400 mg တစ်ကြိမ်တည်း။ Ciprofloxacin 500mg တစ်ကြိမ် တည်း။ Ceftriaxone 250 mg IM တစ်ကြိမ်တည်း။
– Acute Interstitial Nephritis (Penicillins, Cephalosporins, Sulfonamides, NSAID, Rifampin, Phenytoin, Allopurinol and Infections) ဆေးများကြောင့် ကျောက်ကပ်ရောင်ခြင်းများ Methylpe dnisolone 0.5 – 1 Gm / day x 1-4 days or Prednisolone 60 mg/ day ၁-၂ ပါတ်ပေးပါ။
– Acute Glmerulonephritis = စာတီရွိုက်ဆေး အဆများများပေးပါ။

ဘယ်လိုကာကွယ်မလဲ
ရေများများသောက်ပါ။ လိင်ကိစ္စမတိုင်ခင်နဲ့ ပြီးတိုင်မှာ ဆီးသွားပါ။ သန့်ရှင်းရေးလုပ်ရာမှာ လက်ကိုရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ။ မိန်းမကိုယ်သန့်ရှင်းရေးဆေးရည်တွေ မသုံးပါနဲ့။ ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုး ဘဲ အထက်ကနေ မိုးရွာသလိုကျနေတဲ့ ရေချိုးနည်းလုပ်ပါ။ (ခရင်ဘယ်ရီ) သီးကောင်းတယ်လို့ ပြောကြတယ်။ ကာကွယ်ရာ မှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 34 (8.9.17)