ကာကွယ်ဆေးထိုးပြီး ဒီလို လက္ခဏာတွေ ရှိနေရင်

ဇီဝကတို့ ပြည်သူများအနေနဲ့ ဘေးစကား အရပ်စကားများကြောင့် “ကာကွယ်ဆေးများကို မိမိတို့ကလေးကို ထိုးသင့်သလား ၊ ကာကွယ်ဆေးဆိုတာဘာလဲ ၊ ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်သလဲ ၊ ကလေးကို တစ်ကြိမ်တည်းနဲ့ ကာကွယ်ဆေးအများကြီး ထိုးတာကရော အဆင်ပြေရဲ့လား ၊ ကာကွယ်ဆေး မထိုးဘဲ နဲ့ရော နေလို့ဖြစ်သလား” ထိုထိုသော ဒွိဟ သံသယ အမေးများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖြေကြားချက်များကို မှီငြမ်းပြီး ယခုဆောင်းပါးမှာဖော်ပြလိုက်ပါတယ်။ Vaccine ကာကွယ်ဆေးဆိုတာ ဘာလဲ -Vaccine ကာကွယ်ဆေးဆိုတာ ဇီဝပစ္စည်း တစ်ခုပါ။ ထိုပစ္စည်းကို ရောဂါကို ဖြစ်စေတဲ့ ပိုးမွှားကလေးများနဲ့ အတူဆုံးဖြစ်အောင် ပြုပြင်ပြင်ဆင်ထားတာပါ။ ဘယ်လို ပြုပြင်ထားသလဲ ဆိုရင် ထိုပိုးမွှား အသေကောင်လေးများ ၊ ရောဂါ မဖြစ်လောက်တဲ့အထိ အားနည်းအောင် ပြုပြင်ထားတဲ့ ပစ္စည်းများ […]

Read More

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ လုံမတို့မေးသမျှ

လုံမတို့အမေးများတဲ့ “သားအိမ်ခေါင်းကင်ဆာဆိုတာ ဘာလဲ” “Human Papilloma Virus ဆိုတာဘာလဲ” “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုတာ ဘာလဲ” “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်အရွယ်တွေ ထိုးသင့်သလဲ” “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်နှကြိမ် ထိုးသင့်သလဲ” “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးသင့်သလဲ” စတဲ့ ထိုထိုသော အမေးများကို ဇီဝကအနေနဲ့ ဒီဆောင်းပါးလေးနဲ့ ဖြေကြားပေးလိုက်ပါတယ်။ “သားအိမ်ခေါင်းကင်ဆာဆိုတာ ဘာလဲ” သားအိမ်ခေါင်းကင်ဆာဆိုတာ သားအိမ်ခေါင်းမှာ အနာတွေဖြစ်ပြီး အဖြူဆင်း ၊ အနီဆင်း ၊ အနံ့မကောင်း ၊ အမျိုးသားနဲ့ အတူနေပြီးတိုင်း သွေးဆင်းတတ်တဲ့ ရောဂါပါ ။ သားအိမ်ခေါင်းမှတဆင့် ကင်ဆာသည် နီးစပ်ရာ ဆီးအိမ် ၊အစာအိမ်ဟောင်းတို့ဆီ ပျံ့နှံ့သွားကာ မိန်းမကိုယ်မှတဆင့် ဆီးထွက်ကျ ၊မစင်ထွက်ကျတဲ့ အထိ ဖြစ်တတ်ပါတယ် […]

Read More

ကိုယ်ဝန်ဆောင်နှင့် ကာကွယ်ဆေး

တုပ်ကွေးရာသီမှာကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးနားလည်ပြီး ထိုးဖို့ကြိုးပမ်းကြသော်လည်း ကိုယ်ဝန်ဆောင်သည်များ အဖို့ထိုးသင့်မထိုးသင့် Ondr မှာအမေးများကြပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကလေးရောမိခင်ပါ အချို့ရောဂါပိုးများ ကူးစက်နိုင်ပါတယ်။ ကာကွယ်ဆေးထိုးထားလျှင် ရောဂါပိုးများကို ကူးစက်မှု ကာကွယ်နိုင်လို့ ကြိုတင်ထိုးရန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ကာကွယ်ဆေးထိုးသင့်လား မထိုးသင့်လား ဘယ်လို ကာကွယ်ဆေးမျိုးက မထိုးသင့်လဲ နားလည်ဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်မဆောင်စဉ်ကတည်းက ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများ ရှိပါတယ်။ ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားသင့်သော ကာကွယ်ဆေးများကတော့ (၁)တုပ်ကွေးရောဂါကာကွယ်ဆေး တုပ်ကွေရောဂါ ကာကွယ်ဆေးသည် တစ်နှစ်တစ်ခါထိုးရန် လိုအပ်ပါသဖြင့် ကိုယ်ဝန်မဆောင်စဉ်ကြိုတင်ထိုးထားပါ။ သို့မှသာ မိခင်ရော ကလေးပါ တုပ်ကွေးဗိုင်းရပ်စ်ကို ကာကွယ်ပြီး ကလေးကို ပြင်းပြင်းထန်ထန်ထိခိုက်မှု့ကို ကာကွယ်ပါတယ်။ (၂)ကြွက်နို့ကာကွယ်ဆေး(HPV) မိန်းမကိုယ်မှာပေါက်တတ်တဲ့ကြွက်နို့ကို ဖြစ်စေသော ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကြိုတင်ထိုးထားသင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကိုလည်း ကာကွယ်ပေးပါတယ်။ (၃)ဝက်သက်၊ပါးချိတ်ရောင်၊ဂျာမန်ဝက်သက်(MMR) အဆိုပါ ရောဂါ၃ […]

Read More

ကလေးဘဝကာကွယ်ဆေးများ

ကလေးဘဝကာကွယ်ဆေးဆိုတာ ကလေးအရွယ်ခုခံအား မပြည့်စုံသေးတဲ့နုနယ်နေစဉ် ပုံမှန်ထိုးနေကျ ကာကွယ်ဆေးတွေဆိုလိုရင်းဖြစ်တယ်။ ယခင်က ဆေးသုံးမျိုးပါကာကွယ်ဆေးသုံးခဲ့ပါတယ်။ ကြက်ညှာ၊ ဆုံဆို့ နှင့်မေးခိုင်ကာကွယ်ဆေးသုံးမျိုးဖြစ်တယ်။ အသည်းရောင်ဘီကာကွယ်ဆေးအပြင် ပိုလီယိုအစက်ချဆေးပါးစပ်မှ တိုက်ပါတယ်။ ကလေးအသက်တစ်လခွဲ၊ နှစ်လခွဲအချိန်တွေမှာ ထိုးနှံပေးတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်ကစလို့ ဆေးငါးမျိုးပါကာကွယ်ဆေး ပင်တာဗဲလိက်ကိုအသက် နှစ်လ၊ လေးလနှင့် ခြောက်လအရွယ်တွေမှာ ထိုးပေးပြီးပါးစပ်မှပိုလီယိုအစက်ချပေးတယ်။ အသက်နှစ်လမှာ အဆုတ်တီဘီကာ ကွယ်ဆေးဘီစီဂျီထိုးနှံစေတယ်။ အသက်ကိုးလနဲ့ တစ်နှစ်ခွဲအရွယ်တွေမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပေးပါ တယ်။ ပင်တာဗဲလိက်ကာကွယ်ဆေးငါးမျိုးမှာ ကြက်ညှာ၊ ဆုံဆို့၊ မေးခိုင်၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေး ရောင်ရောဂါငါးမျိုးကာကွယ်ဆေးဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာအသက်ကိုးလမှ အသက်၁၅နှစ်အထိ ကလေး၊ လူငယ်တွေဝက်သက်နှင့် ဂျိုင့်သိုးရောဂါ ကာကွယ်ဆေးများထိုးနှံပေးတယ်။ Measles and Rubella Vaccine ထိုးနှံပေးခြင်းဖြစ်ပါသည်။ အဓိကအားဖြင့် ရပ်ရွာအခြေပြုနဲ့စာသင်ကျောင်းအခြေပြုဆေးထိုးဆေးတိုက်လုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်လာတာတွေ့ရ တယ်။ ၂၀၁၆ […]

Read More

ကလေးငယ်များနဲ့ကာကွယ်ဆေး

ကလေးငယ်လေးတစ်ယောက်မွေးဖွားလာပြီဆိုတာနဲ့ ဖေဖေမေမေတို့ရဲ့တာဝန်က ဒီကလေးငယ်ကိုကျန်းမာတဲ့ ကလေးလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ပါပဲ။ ကျန်းမာတဲ့ကလေးဖြစ်ဖို့ ပြုစုစောင့်ရှောက်တဲ့အ ခါ အစာအာဟာရပဲကျွေးနေလို့မရပါဘူး။ လိုအပ်တဲ့ကာကွယ်ဆေးတွေကိုလည်း သူ့အချိန်နဲ့သူထိုးပေးဖို့လိုပါ တယ်။ မြန်မာနိုင်ငံမှာမွေးစကလေးတွေ ကာကွယ်ဆေးထိုးဖို့အတွက် ဆေးရုံတွေ၊ ဒေသန္တရကျန်းမာရေးဌာနတွေမှာ ထိုးလို့ရပါတယ်။ တချို့တွေလည်း ကလေးဆရာဝန်သီးသန့်ပြပြီးထိုးကြတယ်။ ကျေးရွာတွေမှာတော့ ဆရာမ တွေလိုက်လံထိုးပေးတာတွေလည်းရှိပါတယ်။ ဘယ်လိုပုံစံပဲထိုးထိုးပါ။ အရေးကြီးတာက ကာကွယ်ဆေးဆိုတာမျိုးတွေက သတ်မှတ်အပူချိန်တွေမှာသိမ်းထား ရတာပါ။ ထိုးကာနီးမှ အပြင်ထုတ်ခွင့်ရှိပါတယ်။ တစ်နေရာမှတစ်နေရာသယ်ဖို့လိုလာတယ်ဆိုရင်လည်း ရေခဲပုံး နဲ့ထည့်သယ်ရတာပါ။ ဆေးအာနိသင်မပျက်ဖို့ပါ။ ကာကွယ်ဆေးကိုဝယ်သွားပြီး အိမ်ကျမှတစ်ယောက်ယောက် ကိုထိုးခိုင်းမယ်ဆိုတာမျိုး မရပါဘူး။ ကာကွယ်ဆေးထိုးတဲ့အခါမှာ သတ်မှတ်ထားတဲ့အသက်အရွယ်အရ ဘာဆေးထိုးရမယ်ဆိုတာတွေ ရှိပါတယ်။ အကောင်းဆုံးကတော့ ကာကွယ်ဆေးထိုးပြီးတိုင်းမှာ ကာကွယ်ဆေးထိုးတဲ့ကဒ်ပြားမှာ သေချာဖြည့်ဖို့ပါပဲ။ ကလေးအသက်ဘယ်လောက်မှာ ဘယ်ကာကွယ်ဆေးထိုးခဲ့တယ်ဆိုတာမျိုးပါ။ ဒါဆိုရင် ဆေးထိုးဖို့လည်းမမေ့ တော့ပါဘူး။ နောက်တစ်ကြိမ်ဘယ်တော့ထိုးရမယ်ဆိုတာလည်း မှတ်ထားလို့ရပါတယ်။ ဆေးတွေထိုးထားတဲ့ မှတ်တမ်းလည်းရှိနေနိုင်ပါတယ်။ တချို့နေရာတွေကဒ်ပြားမရတာတွေရှိတယ်။ […]

Read More