တဝီဝီနဲ့ ကျန်းမာရေးကို ဆိုးဝါးစေသော ခြင်အကြောင်းတစေ့တစောင်း

မြို့ပြရဲ့ နိစ္စဓူဝ လူနေမှုအရ နေညိုချိန်ဆို လူတွေလည်း ပျားပန်းခတ်မျှ ဆိုင်ရာ ဆိုင်ရာ အလုပ်ခွင်မှ မိမိတို့ နေအိမ်ဆီ အစီစီပြန်လျက်ရှိပေသည် ။ မီးရောင်မှိတ်တုတ် မှိတ်တုတ်ကျနေသော လမ်းမထက်မှ အရိပ်နှစ်ခုသည် ဇီဝက ရှိရာ ဆေးခန်းလေးသို့ တစိုက်မတ်မတ် ၀င်လာပေသည်။ “ဆရာ ၊ဆေးခန်းပြချင်လို့ ။ဆရာရှိလား ။” တပည့်ကျော် အောင်မောင်းက “ဆရာရှိတယ် ။အထဲ ၀င်သွားလိုက် ။” ဟု လောကွတ်ပြုလိုက်သည် ။ ဇီဝက။      ။ လာဟေ့ ။ဝတ်ဆန် ။ ဆိုပါဦး ။လာရင်း ကိစ္စ က။ ၀တ်ဆန်။   ။ ဟောဒီ့ ဖိုးသာထူးပေါ့ ၊ဆရာရေ ။ကိုယ်မှာ အနီစက်ဖုတွေ ပေါ်လာပြီး               ယားနေတာ ၂/၃ ရက်ရှိပြီ […]

Read More

ခံတွင်း အနံ့ ဆိုးခြင်း Bad Breath

ဇီဝကတို့တတွေ စကားပြောရင်း ခံတွင်း အနံ့ဆိုးတွေကို အနည်းနဲ့ အများကြုံဖူးကြမှာပါ ။ဆေးပညာ အခေါ်အဝေါ်အရတော့ ဟေလီတိုးဆစ် Halitosis ရယ်လို့ သမုတ်ကြတယ်။ ဘယ်လိုကြောင့်ဖြစ်လဲ အဓိက ကတော့ သွားကြားတွေထဲ ညပ်နေသည့် စားကြွင်းစားကျန်တွေ ကို ခံတွင်းထဲရှိ ဘတ်တီးရီးယား ပိုးမွှားတွေက ချေဖျက်စားရာ ခံတွင်းမှ အနံ့ဆိုး တွေ ထွက်ပေါ်လာရခြင်းဖြစ်သည်။ ဘာအကြောင်းတွေကြောင့်ဖြစ်လဲ အဓိက ကတော့ သွားနှင့် ခံတွင်း မသန့်ရှင်းခြင်းကြောင့် ဖြစ်တယ် ။ အပူအစပ် ၊ကြက်သွန်ဖြူ ဘီယာ ၊အရက် လက်ဖက်ရည် ၊ကော်ဖီ သွားနှင့် ခံတွင်းမှာ ပိုးဝင်တာ လည်ချောင်း ပိုးဝင်နာ ထိပ်ခတ်နာ အချို့ အဆုတ် ရောဂါအချို့ ဆေးတချို့ သွေးချို ဆီးချို ရောဂါ အာခေါင်ခြောက်ခြင်း […]

Read More

မျက်စိက ကျိန်းစပ်စပ် မျက်စိနာနေပြီလား ဆရာ

မျက်စိနာခြင်း ဆိုတာ ဘာလဲ ။ မျက်စိနာခြင်းကို ဆေးပညာ အရ ကွန်ဂျန်တီဗိုင်းတစ် Conjunctivitis လို့ခေါ်တယ် ။မျက်မြှေးရောင်ခြင်း ၊မျက်စိနာခြင်း လို့ အလွယ်ခေါ်နိုင်တယ် ။ မျက်ကြည်လွှာလို့ ခေါ်တဲ့ မျက်လုံး အပေါ်ယံမှ ဖုံးထားတဲ့ အလွှာပါး လေး ပိုးဝင်ရောင်ရမ်းသော ဝေဒနာပါ ။ ဘာတွေကြောင့် မျက်စိနာတတ်သလဲ ။ အများအားဖြင့်တော့ ပိုးဝင်ရောက်လို့ ဖြစ်တတ်တယ် ။ဘတ်တီးရီးယား ပိုးတို့ ၊ဗိုင်းရပ်စ်ပိုး တို့ပေါ့ ။တချို့ ကျတော့ ဓာတ်မတည့်လို့ ဖြစ်တတ်တယ် ။ Allergic Conjunctivitis ရယ်လို့အမည်တွင်တယ် ။ဘာတွေနဲ့ ဓာတ်မတည့်ဘူးလဲ ဆိုရင် အိမ်ရှိ ပိုးမွှား ၊မှက်တို့ ၊အိမ်မွေးတိရိစ္ဆာန်များရဲ့ အမွှေးအမျှင်တွေ ၊အိုင်းရှဲဒိုး ၊မက်စ်ကာရာ စတဲ့ အလှခြယ်ပစ္စည်းတွေ […]

Read More

သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ အပြင်ထုတ်ခြင်းနှင့် တခြား အရပ်စကား စိတ်မချရသည့် နည်းများ

ဇီဝကတို့တတွေ မိမိတို့ ချစ်သူခင်သူ ဇနီးသားမယားတို့နှင့် ပျော်ပျော်ရွှင်ရွှင် ဘဝခရီးဆက်ချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မိမိတို့မမျှော် လင့်ထားတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။ အဲ့သည်အချိန်တွေမှာ မကြံသင့် မကြံအပ်တာတွေ လုပ်မိတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ အရပ်ထဲ တစ်ဆင့် စကားနဲ့ ကျင့်သုံးနေတဲ့ အပြုအမူများကို ကျန်းမာရေးရှူထောင့်က ပြောပြချင်ပါ တယ်။ သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ ယောကျာင်္းအင်္ဂါကို အပြင်ထုတ်ခြင်း။ ဤနည်းသည် လိင်ဆက်ဆံရာတွင် လုံးဝအောင့်အည်းနိုင်ရပေသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် လုံးဝ မညီညွတ်ပါ ။ ဒါ့အပြင် သုတ်မထွက်အောင် အောင့်အည်းနေရခြင်းထက် ထွက်သောသုက်ကို ယောနိ ၊ တစ်နည်း မိန်းမကိုယ်ထဲ မရောက်အောင် သုတ်ထွက်ခါနီးတါင် လိင်တံကို အပြင်သို့ထုတ်ကာ သုတ်ထွက်စေ ရသည်။ ထို့ကြောင့် အမျိုးသားရော ၊ အမျိုးသမီးပါ […]

Read More