သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ အပြင်ထုတ်ခြင်းနှင့် တခြား အရပ်စကား စိတ်မချရသည့် နည်းများ

ဇီဝကတို့တတွေ မိမိတို့ ချစ်သူခင်သူ ဇနီးသားမယားတို့နှင့် ပျော်ပျော်ရွှင်ရွှင် ဘဝခရီးဆက်ချင်ကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မိမိတို့မမျှော် လင့်ထားတဲ့ အခြေအနေတွေ ကြုံရတတ်ပါတယ်။ အဲ့သည်အချိန်တွေမှာ မကြံသင့်
မကြံအပ်တာတွေ လုပ်မိတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ အရပ်ထဲ တစ်ဆင့် စကားနဲ့ ကျင့်သုံးနေတဲ့ အပြုအမူများကို ကျန်းမာရေးရှူထောင့်က ပြောပြချင်ပါ တယ်။ သုတ်မလွှတ်ခင် မိန်းမကိုယ်ထဲမှ ယောကျာင်္းအင်္ဂါကို အပြင်ထုတ်ခြင်း။

ဤနည်းသည် လိင်ဆက်ဆံရာတွင် လုံးဝအောင့်အည်းနိုင်ရပေသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် လုံးဝ မညီညွတ်ပါ ။ ဒါ့အပြင် သုတ်မထွက်အောင် အောင့်အည်းနေရခြင်းထက် ထွက်သောသုက်ကို ယောနိ ၊ တစ်နည်း မိန်းမကိုယ်ထဲ မရောက်အောင် သုတ်ထွက်ခါနီးတါင် လိင်တံကို အပြင်သို့ထုတ်ကာ သုတ်ထွက်စေ ရသည်။ ထို့ကြောင့် အမျိုးသားရော ၊ အမျိုးသမီးပါ ကာမကျေနပ်မှုမရနိုင်။ ထို့အပြင် ယောနိအတွင်းမှ အပြင်သို့ လိင်တံမထုတ်မီ ပဏာမအရည်ကြည်ထွက်ရာတွင် သုက် တစ်ကောင် သို့မဟုတ် နှစ်ကောင် ၊ တစ်နည်းအားဖြင့် သုက်ရည် တစ်စက် ၊ နှစ်စက်မျှ ပါသွားရုံဖြင့် ကိုယ်ဝန် ရသွားတတ်ပေသည် ။ ထို့ကြောင့် လုံးဝ စိတ်မချရပါ။

မိန်းမကိုယ်ထဲဖြစ်စေ ၊မိန်းမကိုယ် အဝတွင်ဖြစ်စေ သုတ်လွှတ်ပြီး မိန်းမကိုယ်ကို ဆေးကြောခြင်း
ဤနည်းသည် လိင်ဆက်ဆံပြီး ပြီးချင်း မိန်းမကိုယ်ကို ရေဖြင့်ဖြစ်စေ ဆေးကြောခြင်း ၊ လက်ဖြင့် ကလော်ထုတ်ခြင်းတို့ကိုပါ ဆိုလိုသည်။ ထို့ကြောင့် လုံးဝ စိတ်မချရသော နည်းတစ်မျိုးပင်ဖြစ်သည်။ ထို့အပြင် အမျိုးသား ရင်ခွင်တွင်
မှိန်းကာ ကာမသုခ ခံစားလိုသော အမျိုးသမီးများအဖို့ အဆင်မပြေနိုင်ပေ။

သို့ဖြစ် ၍ ဤနည်းကို အခြားနည်းများ ပျက်သွားပါမှ (ဥပမာ-ကွန်ဒုံးစုတ်ပြဲ သွားသည့်အခါ များတွင်သာ) အသုံးပြုသင့်ပေသည်။ ဒါပေမယ့် ထိုအခြေအနေမျိုးတွင် အရေးပေါ် တားဆေးပါ သောက်သင့်သည်။ အသုံးပြုသော ရေမှာ ခပ်နွေးနွေးရှိအပ်၏ ။ ဘိုးရစ် အက်ဆစ် ၁၀ရာခိုင်နှုန်းထည့်ထားနိုင်က ပိုကောင်း၏ ။ ဘိုးရစ် အက်ဆစ်မရက နှစ်ပိုင်းတစ်ပိုင်း ဒက်တောရည် ၊ သို့မဟုတ် တစ်ရာခိုင်နှုန်း ပိုတက်စီယမ် ပါမန်ဂနိတ်ရည် တို့ကို အသုံးပြုနိုင်ပေသည်။

ရေကိုသွင်းသောပြွတ် (ပီပတ်) တွင် ကြက်ပေါင်စေးဖြင့်လုပ်ထားသော အလုံးတစ်ခုရှိ၏။ တခြားတစ်ဖက်တွင် အပေါက်ပါသော ပြွတ်တံရှိ၏ ။ပြွတ်တံကို မိန်းမကိုယ်ထဲ ကျွံမထိုးမိအောင် ကော်လာတစ်ခု ခံထားပါ ။ကြက်ပေါင်လုံးထဲသို့ ရေစုပ်ထည့်လိုက် ၊ မိန်းမကိုယ်ထဲ ညှစ်ထည့်လိုက်ဖြင့် ဆေးကြောနိုင်သည်။

အထက်ပါနည်းများသည် ကာမသုခ အပြည့်အ၀ မခံစားရသလို လုံးဝ စိတ်ချရသော နည်းများ မဟုတ်ပါ။

ဆက်ပါဦးမည်။

Author – ခေတ်သစ်ဇီဝက

Leave a Reply