ကလေးငယ်များအတွက် ပျားရည်က တကယ်ကောင်းသလား

မိုးကလေး တဖွဲဖွဲနဲ့ မီးပျက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်အတိဖုံးနေသော ညတစ်ညဝယ် ။စာရေးသူလည်း ည ၉နာရီ ဆေးခန်းပိတ်ချိန် နီးပြီမို့ တပည့်ကျော်ကို မှာစရာရှိတာ မှာနေခိုက် ဝတ်ဆန်ဆိုသည့် ကလေးမ တံခါးရွက်ကြားက ဘွားခနဲ ခေါင်းပြူကာ ဝတ်ဆန်။ ။ ဆရာ ၊ဆေးခန်း ပိတ်တော့မလို့လား ။ ဇီဝက ။ ။ ဟဲ့ ၊လန့်လိုက်တာဟယ် ။အသံလေး ဘာလေး ပြုပါဦး ဟ ၊မိ ဝတ်ဆန်ရ ။အေး ပိတ်တော့မလို့ ။ ဆို ဘာဖြစ်လို့လဲ ။ ဝတ်ဆန်။ ။ ဆောရီးနော် ၊ဆရာ ။စက်ရုံဖယ်ရီကား ပေါ်က ဆင်းဆင်းချင်း ဆရာ့ဆီ အပြေးလာခဲ့တာ ။မမီတော့မှာစိုးလို့။ မေးစရာလေး ရှိလို့ပါ […]

Read More

ကလေး ငယ်ထိပ် ဘယ်တော့ပိတ်နဲ့ ကျန်းမာရေးသုတ

ဇီဝက့ ကို အမေးများတဲ့ မိဘများရဲ့ အမေးတွေက “ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။” “ကလေး ငယ်ထိပ် တဒုတ်ဒုတ်နဲ့ လှုပ်နေတာ ဘာကြောင့်ပါလဲ ။” “ကလေး ငယ်ထိပ် ဖောင်းလာတာ စိုးရိမ်ရသလား ။” “ကလေး ငယ်ထိပ် ချိုင့်နေတာ ပုံမှန်ပဲလား ။” “ကလေး ငယ်ထိပ် ဘယ်တော့ပိတ် ။” ထိုထိုသော သောကဗျာပါဒများစွာနဲ့ မေးလာတာတွေကို ဒီဆောင်းပါးလေးမှာ ဖြေပေးလိုက်မယ်နော် ။ “ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။” ဦးခေါင်းခွံကို အရိုးပေါင်းများစွာနဲ့ တည်ဆောက်ထားတာပါ။ ဦးခေါင်းခွံမှာတင် အရိုးပေါင်း ၈ခု ၊မျက်နှာပြင်မှာ အရိုးပေါင်း ၁၄ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ထိုအရိုးတွေ စုပေါင်းပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းခွံဖြစ်လာပြီး ဦးနှောက်ကို […]

Read More

မီးဖွားပြီးစ လုံမတို့ အမေး အဖုံဖုံ အမျိုးအစားစုံ

“ကလေး မီးဖွားပြီးရင် ဘယ်အချိန်မှ အနာကျက်မလဲ” “ဘယ်နှကြိမ်ထိ ဗိုက်ခွဲမွေးလို့ ရသလဲ” “မီးဖွားပြီးရင် ဘယ်အချိန်အထိ သွေးဆင်းတတ်လဲ” “မီးဖွားပြီးရင် သားအိမ်ခေါင်း ဘယ်အချိန်မှ ပိတ်မလဲ” “မီးဖွားပြီးရင် သားအိမ် ဘယ်အချိန်မှ ပုံမှန် အရွယ်အစား ပြန်ရောက်မလဲ” “ဘယ်အချိန်မှ ရာသီသွေး ပြန်ပေါ်မလဲ” “ဘယ်အချိန် စပြီး သားဆက်ခြားသင့်သလဲ” “ဘယ်အချိန်မှ ကလေးယူသင့်သလဲ” “ဘယ်အချိန်မှ လိင်ဆက်ဆံသင့်သလဲ” “ဘယ်အချိန်မှ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သင့်သလဲ” ထိုထိုသော အမေးများကို ဖြေပေးပါ့မယ် ။ “ကလေး မီးဖွားပြီးရင် ဘယ်အချိန်မှ အနာကျက်မလဲ” -မွေးလမ်းကြောင်းမှ မွေးရင် မွေးလမ်းကြောင်း ချုပ်ရိုးသည် ၂ပတ်လောက်ဆိုရင် အနာကျပ်ပါတယ်။အများအားဖြင့် ချုပ်ရိုးသည် ပျော်ဝင်စေတဲ့ အမျိုးအစား ဖြစ်တဲ့အတွက် ချုပ်ရိုးဖြည်စရာ မလိုတတ်။ပထမ ၁ပတ်လောက်မှာ […]

Read More

သန်ထခြင်းနဲ့ အစားအသောက်

ဇီဝကတို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သန်ကြောင့်ဖြစ်တဲ့ ရောဂါတွေ ဖြစ်ပွားနေဆဲပါ။ အထူးသဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှု နည်းလို့ရယ် ၊ အစားအသောက်တွေ ချက်ပြုတ်ရာမှာ သေချာ ချက်ပြုတ်တတ်မှု အားနည်းလို့ပါ ။ သန်ထခြင်းဟာ ကလေးငယ်တွေမှာ ပိုဖြစ်ပါတယ်။ ကလေးတွေဟာ ညစ်ပေတဲ့အထိ ဆော့တတ် ကစားတတ်ကြပါတယ်။ ဆော့ကစားပြီး သေချာ ဆေးကြောမှုမရှိက လက်သည်းကြားက သန်ကောင်ဥတွေဟာ ကိုယ်ထဲကို ရောက်သွားပါတော့တယ်။ တစ်ခါတလေကျတော့ သေချာ ကျက်အောင် မချက်ထားတဲ့ အသားတွေကနေတဆင့်လည်း လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ် ။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ သင့်လျော်တဲ့ ကုသမှုတွေဟာ သန်ထခြင်းကို ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။ ဒါ့အပြင် သန်ထတဲ့အခါ အစားအသောက်တွေကို ဂရုတစိုက် ရွေးချယ် စားသောက်သင့်ပါတယ် ။ ဘာတွေ စားသောက်သင့်သလဲ ဆိုရင် […]

Read More

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်လို စစ်ကြမယ်

“ဆရာ ၊သမီးချစ်သူနဲ့ အကာအကွယ်မဲ့ အတူနေမိတာ ကိုယ်ဝန်ရှိ ၊မရှိ ဘယ်လို စစ်ရမလဲ” “ဆရာ ၊ကျွန်မ ရာသီသွေးမပေါ်တော့ဘူး ။တားဆေးလည်း မသုံးထားဘူး ။ကိုယ် ဝန်များ ရှိနေမလား မသိဘူး ။ဘယ်လို စစ်ဆေးရမလဲ ။အကြံပေးပါဦး ။” “ကိုယ်ဝန် ရှိ ၊မရှိ ဆီးဘယ်လိုစစ်ရမလဲ ။” ထိုထိုသော အမေးများကို ဒီဆောင်းပါးလေးမှာ ရှင်းပြပါ့မယ် ။   ကိုယ်ဝန် ရှိ ၊မရှိဆိုတာ ဘာကိုစစ်တာလဲ ။ ကိုယ်ဝန်ရှိပြီ ၊သန္ဓေအောင်ပြီဆိုတာနဲ့ အချင်းကထွက်တဲ့ ဟိုမုန်းလ် ဖြစ်တဲ့ hCG (Human Chorionic Gonadotropin) ကို စစ်ဆေးတာပါ ။ မ မျိုးဥနဲ့ ကျားရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ […]

Read More

သားသားမီးမီးတို့ ဖွံ့ဖြိုးကြီးထွားတာ နောက်ကျနေပြီလား

ဇီဝက ဆေးခန်းမှာ လာပြနေကျ မိခင် ဖခင်တွေမေးလေ့ ရှိတာက “ဆရာ ၊ကျွန်တော် ကျွန်မ ကလေးက အသက် ဘယ်လောက်ရှိပြီ ၊ခုထိ စကား မပြောသေးဘူး” “ကျွန်တော် ကျွန်မ ကလေးက ခုထိ တခြားကလေးတွေလို လမ်းကောင်းကောင်း မလျှောက်သေးဘူး” ထိုထိုသော စိုးရိမ်စွာဖြင့်မေးသော မိဘများအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးလေး ကို ရေးဖြစ်ပါတယ် ။အောက်မှာ ကလေးအသက်အလိုက် ဘာတွေ ဖွံ့ဖြိုးကြီးထွားပုံ အဆင့်ဆင့်ကို ဖော်ပြထားဒပါတယ် ။ မွေးစမှ အသက် ၄လအရွယ် ကလေးများ -ဒီအရွယ်တွေမှာ ခေါင်းစခိုင်ပါတယ် ။မွေးမွေးချင်းတော့ ဘယ်ခိုင်မလဲ ။အသက် ၄လလောက်ဆိုရင် ခေါင်းကို မတ်မတ်ထောင်နိုင်ပါပြီ ။ -အရာဝတ္ထု ဒါမှမဟုတ် အမေ့မျက်နှာကို လိုက်ကြည့်တာမျိုး လုပ်တတ်ကြပါတယ်။ -ကလေး […]

Read More

အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တာ ဘာတွေ စားရပါ့

အစာမကြေ ရင်ပြည့်ရင်ကယ်ကို ဇီဝကတို့တတွေ တစ်ကြိမ်မဟုတ်တစ်ကြိမ် ခံစားကြဖူးမှာပါ ။တစ်ခါတစ်ရံမှာတော့ အစာမကြေခြင်းကနေ အစာအိမ်ထဲ အက်ဆစ်ဓာတ်တွေ အထွက်များပြီး အစာအိမ်နဲ့ အူသိမ်ဦးပိုင်းနေရာတွေမှာအနာဖြစ်ကာ အစာအိမ်ရောဂါတွေ ဖြစ်စေတတ်ပါတယ် ။ ပုံမှန်အားဖြင့် အစာအိမ်ထဲမှာ အက်ဆစ်ဓာတ်ဟာ အစာချေဖို့ရာထွက်လာပါတယ် ။အစာအိမ်နံရံက အက်ဆစ်ဓာတ်မစားအောင် ထူထဲတဲ့ အချွဲဓာတ်တွေ ထုတ်ကာ ကာကွယ်လေ့ရှိပါတယ် ။ဒါပေမယ့် အက်ဆစ်ဓာတ် လိုအပ်တာထက်များလာတဲ့ အခါ အစာအိမ်နံရံကို စားကာ အနာတွေ ဖြစ်လာစေပါတယ်။ အစားစားချိန်မမှန်ခြင်း ၊အပူအစပ်တွေနဲ့ အရက် ၊ကဖင်းဓာတ်တွေ ၊အကိုက်အခဲပျောက်ဆေးတွေဟာ အက်ဆစ်ဓာတ်ကို အထွက်များစေပါတယ် ။ ဒါ့အပြင် အိပ်ခ်ျ ပိုင်လိုရီ H.pylori လို့ခေါ်တဲ့ ပိုးကြောင့်လည်း အစာအိမ်ရောဂါဖြစ်စေပါတယ် ။အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းအတွက် ဘာတွေ စားသောက်သင့်သလဲ။ -ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် […]

Read More

အအေးမိခြင်း ၊တုပ်ကွေးဖျားနာနဲ့ အစားအသောက်

ဇီဝကကို လူနာတွေ အမေးများတဲ့အထဲက တစ်ခုက “ဆရာ ၊ကျွန်မအအေးမိနေလို့ ဘာစားလို့ရလဲ” ၊ “ဆရာ ၊ကျွန်တော် တုပ်ကွေးမိနေလို့ ဘာ တွေ ရှောင်စရာလိုလဲ” စတဲ့ တိုတိုထွာထွာ အမေးများပင် ။ဦးစွာ ထိုအမေးများကို မဖြေ ခင် ဘာလို့ အအေးမိတုပ်ကွေး ဖြစ်ရတာလဲ ဆိုတာ အကြမ်းဖျင်း ပြောပြပါ့မယ် ။ အဓိကကတော့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ဖြစ်တာပါ ။ထိုပိုး ဇီဝကတို့ ကိုယ်ထဲကို ဝင် ရောက်ပြီး ၁ရက် ၂ရက်ကြာတာနဲ့ ဖျားမယ် ၊ကိုယ်လက်ကိုက်ခဲမယ် ၊လည်ချောင်းနာ ၊ချောင်းဆိုး ၊နှာစေး စတာတွေ ခံစားရတော့တာပဲ ။ အအေးမိတုပ်ကွေးဖြစ်ခြင်းကို လူတိုင်း ခံစားရနိုင်ပါတယ် ။ဒါကြောင့် အအေးမိတုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ခုခံနိုင်တဲ့ စွမ်းအားကို မြှင့်တင်ပေးတဲ့ […]

Read More

နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အစားအသောက်

နှလုံးသွေးကြောကျဉ်းရောဂါဆိုတာ နှလုံးကို ထောက်ပံတဲ့ သွေးလွှတ် ကြောတွေ ကျဉ်းလို့ နှလုံးအောင့်ခြင်းဝေဒနာ ခံစားရတာပါ ။ဘာလို့ သွေးကြောလေး တွေ ကျဉ်းသလဲဆိုရင် သွေးကြောနံရံမှာ အဆီဓာတ်တွေပုံတာကြောင့် ၊ထိုအဆီချိုးတွေ ပုံဖို့ရာ free radical လို့ခေါ်တဲ့ ဓာတ်တိုးပစ္စည်းတွေက အားပေးတာကြောင့် ၊သွေးခဲ ရာက ထွက်ပေါ်လာတဲ့ အစအနတွေကြောင့် ဖြစ်ပါတယ် ။ နှလုံးသွေးကြောကျဉ်းရောဂါသည်တွေဟာ ပုံမှန်ထက်မောခြင်း ၊ရင်ဘတ် တင်းကြပ်ကြပ်ဖြစ်ကာ ဖိညှစ်ထားသလို အောင့်ခြင်း ခံစားရတတ်ပါတယ် ။အထူးသဖြင့် လှုပ်လှုပ်ရှားရှားလုပ်ရင် ၊ရာသီဥတုအေးရင် ၊အစားများများ စားပြီးတဲ့အခါ ၊စိတ်လှုပ်ရှား မှု များတဲ့အခါ ပိုခံစားရတတ်ပါတယ် ။ သွေးတိုးရောဂါ ၊နှလုံးသွေးကြောရောဂါ ၊ဆီးချိုရောဂါတို့နဲ့ ဆက်စပ်သ လို အဝလွန်ခြင်း ၊ဆေးလိပ်သောက်ခြင်း နဲ့ ကိုလက်စထရောလို့ခေါ်တဲ့ သွေးတွင်း အဆီဓာတ်များခြင်းတို့က […]

Read More

အနာပဆုပ် ၊အနာစိမ်းဆိုတာ

ဇီဝက ဆေးခန်းမှာ အပြများတဲ့ လူနာတွေထဲမှာ အနာပဆုပ် ပေါက်တဲ့ လူနာတွေလည်း ပါပါတယ် ။မေးကြည့်ရင် “ဆရာရယ် ၊ဟိုမန်းဆေး အုံလိုက် ပေါက် နိုးနိုး ၊ဒီဆေးရွက်လေး ကောင်းတယ်ဆိုပြီး အုံလိုက် ပျောက်နိုးနိုးနဲ့။” ဆိုပြီး အနာ ပဆုပ်ကနေ အနာဟောင်းလောင်းဖြစ်ပြီး အခြေအနေ ဆိုးမှ ရောက်လာကြတဲ့သူ တွေလည်း ဒုနဲ့ ဒေး ။ ဒီလို မဖြစ်ရအောင် ၊စာဖတ်သူတွေလည်း ဗဟုသုတရအောင် ဒီဆောင်းပါးလေးမှာ အနာပဆုပ် ခေါ် အနာစိမ်းရောဂါ အကြောင်းလေး ပြောပြပါ့ မယ် ။ အနာပဆုပ် ၊အနာစိမ်းဆိုတာ ဘာပါလဲ ။ အရေပြားမှာ နီရဲနေသော အဖုကလေး ထွက်လာမယ် ။ပြည်အောင်း လာရင် မန်းလိုက်ပြီး ရောင်ရမ်းလာမယ် ။နာလာမယ် ။ကိုင်ကြည့်ရင် […]

Read More