မီးဖြားၿပီးစ လုံမတို႔ အေမး အဖုံဖုံ အမ်ိဳးအစားစုံ

“ကေလး မီးဖြားၿပီးရင္ ဘယ္အခ်ိန္မွ အနာက်က္မလဲ”
“ဘယ္ႏွႀကိမ္ထိ ဗိုက္ခြဲေမြးလို႔ ရသလဲ”
“မီးဖြားၿပီးရင္ ဘယ္အခ်ိန္အထိ ေသြးဆင္းတတ္လဲ”
“မီးဖြားၿပီးရင္ သားအိမ္ေခါင္း ဘယ္အခ်ိန္မွ ပိတ္မလဲ”
“မီးဖြားၿပီးရင္ သားအိမ္ ဘယ္အခ်ိန္မွ ပုံမွန္ အ႐ြယ္အစား ျပန္ေရာက္မလဲ”
“ဘယ္အခ်ိန္မွ ရာသီေသြး ျပန္ေပၚမလဲ”
“ဘယ္အခ်ိန္ စၿပီး သားဆက္ျခားသင့္သလဲ”
“ဘယ္အခ်ိန္မွ ကေလးယူသင့္သလဲ”
“ဘယ္အခ်ိန္မွ လိင္ဆက္ဆံသင့္သလဲ”
“ဘယ္အခ်ိန္မွ ကိုယ္လက္လႈပ္ရွား အားကစား လုပ္သင့္္သလဲ”
ထိုထိုေသာ အေမးမ်ားကို ေျဖေပးပါ့မယ္ ။

“ကေလး မီးဖြားၿပီးရင္ ဘယ္အခ်ိန္မွ အနာက်က္မလဲ”
-ေမြးလမ္းေၾကာင္းမွ ေမြးရင္ ေမြးလမ္းေၾကာင္း ခ်ဳပ္႐ိုးသည္ ၂ပတ္ေလာက္ဆိုရင္ အနာက်ပ္ပါတယ္။အမ်ားအားျဖင့္ ခ်ဳပ္႐ိုးသည္ ေပ်ာ္ဝင္ေစတဲ့ အမ်ိဳးအစား ျဖစ္တဲ့အတြက္ ခ်ဳပ္႐ိုးျဖည္စရာ မလိုတတ္။ပထမ ၁ပတ္ေလာက္မွာ မီးေနသည္ အမ်ားစုသည္ မိန္းမကိုယ္နာတတ္ ၊ အနည္းငယ္ အေနရအထိုင္ရ ခက္တတ္။ ဗိုက္ခြဲေမြးက အနာက်က္ဖို႔က ၆ပတ္ေလာက္ လိုပါတယ္။ ေဆး႐ုံမွာ ဗိုက္ခြဲေမြးၿပီး
၄-၅ ရက္ေလာက္အထိ ေဆး႐ုံမွာ ေစာင့္ၾကည့္ဖို႔ လိုတတ္ပါတယ္။

“ဘယ္ႏွႀကိမ္ထိ ဗိုက္ခြဲေမြးလို႔ ရသလဲ”
-အမ်ားအားျဖင့္ ၃ႀကိမ္ထက္ ပိုၿပီး ဗိုက္ခြဲ မေမြးသင့္ပါ။ ၃ႀကိမ္ထိ ဗိုက္ခြဲေမြးၿပီးရင္လည္း ထပ္ၿပီး ကိုယ္ဝန္မေဆာင္သင့္ေတာ့ပါ ၊ ေမြးလမ္းေၾကာင္းကေနလည္း မေမြးသင့္ပါ။

“မီးဖြားၿပီးရင္ ဘယ္အခ်ိန္အထိ ေသြးဆင္းတတ္လဲ”
-ကေလး မီးဖြားၿပီးရင္ ပထမ ၄-၅ ရက္ေလာက္အထိ ေသြးဆင္းတတ္ပါတယ္။ ဘာလို႔လဲ ဆိုရင္ ေမြးလမ္းေၾကာင္းဆီကို ေသြးစီးမႈ မ်ားေနဆဲမို႔ပါ။ မိန္းမကိုယ္ ဆြတ္႐ုံကို ေမြးၿပီး ၄-၆ ပတ္အထိလည္း ဆင္းတတ္ေသးတယ္။ ေသြးဆင္းတာမ်ားရင္ ၊ ေသြးဆင္းတာ ၅ရက္ထက္ေက်ာ္ရင္ ၊ မိန္းမကိုယ္ဆြတ္႐ုံကို ၆ပတ္ေက်ာ္ထိ ဆင္းက၊ ေသြးဆင္းတာ အနံ႔ မေကာင္းက သက္ဆိုင္ရာ ဆရာဝန္
နဲ႔ တိုင္ပင္ပါ။

“မီးဖြားၿပီးရင္ သားအိမ္ေခါင္း ဘယ္အခ်ိန္မွ ပိတ္မလဲ”
-မီးဖြားၿပီး ၆ပတ္ေက်ာ္ရင္ သားအိမ္ေခါင္း ပိတ္တတ္ပါတယ္ ။

“မီးဖြားၿပီးရင္ သားအိမ္ ဘယ္အခ်ိန္မွ ပုံမွန္ အ႐ြယ္အစားျပန္ေရာက္မလဲ”
-မီးဖြားစမွာ သားအိမ္သည္ ခ်က္နားအထိ ရွိတတ္တယ္။ မီးဖြားၿပီး ပထမ ၅ရက္မွာ ၁ရက္ကို ၂လက္မခြဲႏႈန္းနဲ႔ ျပန္ေသးသြားပါတယ္။ တစ္ပတ္ေလာက္ရွိတာနဲ႔ ဆီးခုံစပ္ေလာက္တင္ စမ္းမိ႐ုံေလာက္ အ႐ြယ္အစားပဲ ရွိပါေတာ့တယ္ ။

“ဘယ္အခ်ိန္မွ ရာသီေသြး ျပန္ေပၚမလဲ”
-မိခင္ႏို႔မတိုက္ဘဲ ႏို႔ဘူးတစ္မ်ိဳးတည္း တိုက္မယ္ဆိုရင္ မီးဖြားၿပီး ၅ပတ္ကေန ၃လအတြင္း ရာသီေသြးျပန္ေပၚတတ္တယ္။ သတိျပဳရန္မွာ ရာသီေသြး မေပၚမီ ၂ပတ္ေလာက္ အလိုကတည္းက ကိုယ္ဝန္ရႏိုင္ေျခရွိတယ္။ မိခင္ႏို႔ တစ္မ်ိဳးတည္း အသက္၆လအထိ တိုက္ရင္ မိခင္ႏို႔ျဖတ္မွ ရာသီေသြး
ျပန္ေပၚတတ္တယ္ ။

“ဘယ္အခ်ိန္ စၿပီး သားဆက္ျခားသင့္သလဲ”
ကေလးကို မိခင္ႏို႔ မတိုက္က သားဆက္ျခားနည္းတစ္မ်ိဳးကို ကေလးမီးဖြားၿပီးတာ
နဲ႔ သုံးႏိုင္တယ္။ ကေလးကို မိခင္ႏို႔ တစ္မ်ိဳးတည္း တိုက္က ၆ပတ္ၾကာ (၄၂ရက္ၾကာ)မွ သားဆက္
ျခားနည္း စတင္ သုံးႏိုင္တယ္ ။

“ဘယ္အခ်ိန္မွ ကေလးယူသင့္သလဲ”
-ကေလး မီးဖြားၿပီး အနည္း ၆လေနမွ ကေလးျပန္ယူဖို႔ စဥ္းစားသင့္ပါတယ္။ အေကာင္းဆုံးက ၁ႏွစ္ေနမွ ကေလးျပန္ယူပါ ။

“ဘယ္အခ်ိန္မွ လိင္ဆက္ဆံသင့္သလဲ”
-ကေလးကို မည္သည့္နည္းနဲ႔ ေမြးပါေစ အနည္းဆုံး ၆ပတ္ၾကာမွ လိင္ဆက္ဆံသင့္ပါတယ္။ ဒါေပမယ့္ ေသြးဆင္းမေနရပါ ။

“ဘယ္အခ်ိန္မွ ကိုယ္လက္လႈပ္ရွား အားကစား လုပ္သင့္္သလဲ”
-အနည္းဆုံး အနာက်က္ၿပီးခ်ိန္ ကေလး မီးဖြားၿပီး ၆ပတ္ေက်ာ္မွ ေပါ့ေပါ့ပါးပါး ကိုယ္လက္လႈပ္ရွားမႈမ်ား လုပ္ပါ။

Author : ေခတ္သစ္ဇီဝက

unicode version

“ကလေး မီးဖွားပြီးရင် ဘယ်အချိန်မှ အနာကျက်မလဲ”
“ဘယ်နှကြိမ်ထိ ဗိုက်ခွဲမွေးလို့ ရသလဲ”
“မီးဖွားပြီးရင် ဘယ်အချိန်အထိ သွေးဆင်းတတ်လဲ”
“မီးဖွားပြီးရင် သားအိမ်ခေါင်း ဘယ်အချိန်မှ ပိတ်မလဲ”
“မီးဖွားပြီးရင် သားအိမ် ဘယ်အချိန်မှ ပုံမှန် အရွယ်အစား ပြန်ရောက်မလဲ”
“ဘယ်အချိန်မှ ရာသီသွေး ပြန်ပေါ်မလဲ”
“ဘယ်အချိန် စပြီး သားဆက်ခြားသင့်သလဲ”
“ဘယ်အချိန်မှ ကလေးယူသင့်သလဲ”
“ဘယ်အချိန်မှ လိင်ဆက်ဆံသင့်သလဲ”
“ဘယ်အချိန်မှ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သင့်သလဲ”
ထိုထိုသော အမေးများကို ဖြေပေးပါ့မယ် ။

“ကလေး မီးဖွားပြီးရင် ဘယ်အချိန်မှ အနာကျက်မလဲ”
-မွေးလမ်းကြောင်းမှ မွေးရင် မွေးလမ်းကြောင်း ချုပ်ရိုးသည် ၂ပတ်လောက်ဆိုရင် အနာကျပ်ပါတယ်။အများအားဖြင့် ချုပ်ရိုးသည် ပျော်ဝင်စေတဲ့ အမျိုးအစား ဖြစ်တဲ့အတွက် ချုပ်ရိုးဖြည်စရာ မလိုတတ်။ပထမ ၁ပတ်လောက်မှာ မီးနေသည် အများစုသည် မိန်းမကိုယ်နာတတ် ၊ အနည်းငယ် အနေရအထိုင်ရ ခက်တတ်။ ဗိုက်ခွဲမွေးက အနာကျက်ဖို့က ၆ပတ်လောက် လိုပါတယ်။ ဆေးရုံမှာ ဗိုက်ခွဲမွေးပြီး
၄-၅ ရက်လောက်အထိ ဆေးရုံမှာ စောင့်ကြည့်ဖို့ လိုတတ်ပါတယ်။

“ဘယ်နှကြိမ်ထိ ဗိုက်ခွဲမွေးလို့ ရသလဲ”
-အများအားဖြင့် ၃ကြိမ်ထက် ပိုပြီး ဗိုက်ခွဲ မမွေးသင့်ပါ။ ၃ကြိမ်ထိ ဗိုက်ခွဲမွေးပြီးရင်လည်း ထပ်ပြီး ကိုယ်ဝန်မဆောင်သင့်တော့ပါ ၊ မွေးလမ်းကြောင်းကနေလည်း မမွေးသင့်ပါ။

“မီးဖွားပြီးရင် ဘယ်အချိန်အထိ သွေးဆင်းတတ်လဲ”
-ကလေး မီးဖွားပြီးရင် ပထမ ၄-၅ ရက်လောက်အထိ သွေးဆင်းတတ်ပါတယ်။ ဘာလို့လဲ ဆိုရင် မွေးလမ်းကြောင်းဆီကို သွေးစီးမှု များနေဆဲမို့ပါ။ မိန်းမကိုယ် ဆွတ်ရုံကို မွေးပြီး ၄-၆ ပတ်အထိလည်း ဆင်းတတ်သေးတယ်။ သွေးဆင်းတာများရင် ၊ သွေးဆင်းတာ ၅ရက်ထက်ကျော်ရင် ၊ မိန်းမကိုယ်ဆွတ်ရုံကို ၆ပတ်ကျော်ထိ ဆင်းက၊ သွေးဆင်းတာ အနံ့ မကောင်းက သက်ဆိုင်ရာ ဆရာဝန်
နဲ့ တိုင်ပင်ပါ။

“မီးဖွားပြီးရင် သားအိမ်ခေါင်း ဘယ်အချိန်မှ ပိတ်မလဲ”
-မီးဖွားပြီး ၆ပတ်ကျော်ရင် သားအိမ်ခေါင်း ပိတ်တတ်ပါတယ် ။

“မီးဖွားပြီးရင် သားအိမ် ဘယ်အချိန်မှ ပုံမှန် အရွယ်အစားပြန်ရောက်မလဲ”
-မီးဖွားစမှာ သားအိမ်သည် ချက်နားအထိ ရှိတတ်တယ်။ မီးဖွားပြီး ပထမ ၅ရက်မှာ ၁ရက်ကို ၂လက်မခွဲနှုန်းနဲ့ ပြန်သေးသွားပါတယ်။ တစ်ပတ်လောက်ရှိတာနဲ့ ဆီးခုံစပ်လောက်တင် စမ်းမိရုံလောက် အရွယ်အစားပဲ ရှိပါတော့တယ် ။

“ဘယ်အချိန်မှ ရာသီသွေး ပြန်ပေါ်မလဲ”
-မိခင်နို့မတိုက်ဘဲ နို့ဘူးတစ်မျိုးတည်း တိုက်မယ်ဆိုရင် မီးဖွားပြီး ၅ပတ်ကနေ ၃လအတွင်း ရာသီသွေးပြန်ပေါ်တတ်တယ်။ သတိပြုရန်မှာ ရာသီသွေး မပေါ်မီ ၂ပတ်လောက် အလိုကတည်းက ကိုယ်ဝန်ရနိုင်ခြေရှိတယ်။ မိခင်နို့ တစ်မျိုးတည်း အသက်၆လအထိ တိုက်ရင် မိခင်နို့ဖြတ်မှ ရာသီသွေး
ပြန်ပေါ်တတ်တယ် ။

“ဘယ်အချိန် စပြီး သားဆက်ခြားသင့်သလဲ”
ကလေးကို မိခင်နို့ မတိုက်က သားဆက်ခြားနည်းတစ်မျိုးကို ကလေးမီးဖွားပြီးတာ
နဲ့ သုံးနိုင်တယ်။ ကလေးကို မိခင်နို့ တစ်မျိုးတည်း တိုက်က ၆ပတ်ကြာ (၄၂ရက်ကြာ)မှ သားဆက်
ခြားနည်း စတင် သုံးနိုင်တယ် ။

“ဘယ်အချိန်မှ ကလေးယူသင့်သလဲ”
-ကလေး မီးဖွားပြီး အနည်း ၆လနေမှ ကလေးပြန်ယူဖို့ စဉ်းစားသင့်ပါတယ်။ အကောင်းဆုံးက ၁နှစ်နေမှ ကလေးပြန်ယူပါ ။

“ဘယ်အချိန်မှ လိင်ဆက်ဆံသင့်သလဲ”
-ကလေးကို မည်သည့်နည်းနဲ့ မွေးပါစေ အနည်းဆုံး ၆ပတ်ကြာမှ လိင်ဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် သွေးဆင်းမနေရပါ ။

“ဘယ်အချိန်မှ ကိုယ်လက်လှုပ်ရှား အားကစား လုပ်သင့်သလဲ”
-အနည်းဆုံး အနာကျက်ပြီးချိန် ကလေး မီးဖွားပြီး ၆ပတ်ကျော်မှ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုများ လုပ်ပါ။