ပန္းသီးရွာလကာ

ပန္းသီးရွာလကာရည္ ေသာက္မယ္ဆိုရင္ ဘာေတြေကာင္းလဲ ဆိုၿပီး Ondr မွာေမးေလ့ရွိတဲ့ ပ်ိဳေမတို႔အတြက္ ဒီေဆာင္းပါးေလး ေရးလိုက္ပါတယ္။ ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္ေရာစပ္ ေသာက္သုံးပါက ရရွိႏိုင္ေသာေကာင္းက်ိဳးမ်ားကေတာ့

(၁)ရင္ပူျခင္း ကင္းေဝးေစျခင္း
ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္ေရာစပ္ေသာက္သုံးပါက ရင္ပူျခင္းႏွင့္ အစာအိမ္ပူျခင္းတိုကို သက္သာေစပါတယ္။ ႏွစ္ခုစလုံးကေတာ့ အစာအိမ္အက္ဆစ္ဓာတ္ကို ထိန္းညႇိေပးပါတယ္။ ပ်ားရည္သည္ သဘာဝအားျဖင့္ ေရာင္ရမ္းမႈ႕ သက္သာေစၿပီး အစာႁပြန္အေပၚ ေခ်ာေမြ႕မႈ ေပးပါတယ္။

(၂)အစာေခ်ဖ်က္မႈ အားေပးျခင္း
ရင္ပူျခင္းအျပင္ ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္အေရာသည္ အစာအိမ္လမ္းေၾကာင္းကို ပိုမိုကာကြယ္မႈ႕ ေပးပါတယ္။ အစာေခ်ဖ်က္မႈအတြက္ လိုအပ္တဲ့ အင္ဇိုင္းမ်ားကို ထြက္ေစပါတယ္။ အသားဓာတ္ကို ၿဖိဳခြဲ ၿပီး အစာအိမ္လမ္းေၾကာင္းအတြင္းရွိ မလိုအပ္တဲ့အဆီမ်ားကို ေခ်ဖ်က္မႈကို အားေပးပါတယ္။ပ်ားရည္သည္ အစာအိမ္ႏွင့္ အူလမ္းေၾကာင္း လုပ္ေဆာင္မႈ႕ ေတြအတြက္ ေခ်ာေမြ႕ေစပါတယ္။

(၃)ေသြးတိုးက်ေစျခင္း
ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္သည္ သဘာဝနည္းျဖင့္ ေသြးတိုးက်ေစႏိုင္ေသာ အေကာင္းဆုံးေဆးနည္းတစ္ခု ျဖစ္ပါတယ္။ သူတို႔တြင္ ပါဝင္ေသာပစၥည္းမ်ားက ေသြးတိုးက်ေစေသာ အစြမ္းသတၱိ ပါဝင္ပါတယ္။

(၄)ကိုယ္အေလးခ်ိန္က်ေစျခင္း
ပုံမွန္ေသာက္သုံးျခင္းျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။ ပန္းသီးရွာလကာရည္သည္ အစာစားခ်င္စိတ္ကိုထိန္းၿပီး အဆီစုျခင္း ကာကြယ္ပါသည္။ ေသြးတြင္းအခ်ိဳဓာတ္ကို ထိန္းေပးပါတယ္။ကိုယ္ခႏၶာအတြင္း မလိုအပ္တဲ့ အဆိပ္အေတာက္မ်ားကို ဖယ္ရွားေပးပါတယ္။

(၅)အားအင္ျပည့္ေစျခင္း
မနက္တိုင္း ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္ေသာက္သုံးျခင္းသည္ တစ္ေန႔တာအတြက္ လိုအပ္တဲ့အားအင္ေတြ ရရွိေစႏိုင္ပါတယ္။ ကိုယ္ခံအားေကာင္းေစၿပီး ပ်ားရည္မွာပါဝင္တဲ့ အခ်ိဳဓာတ္ အက်ိဳးျပဳကာဗြန္ဟိုက္ဒရိတ္တစ္မ်ိဳးျဖစ္ပါတယ္။ ေလ့က်င့္ခန္းမလုပ္ခင္ ေသာက္သုံးလွ်င္ ပိုမိုအက်ိဳးရွိေစပါတယ္။

(၆)အသားအရည္ ေကာင္းမြန္မႈ
အေရျပားေပၚရွိ ႏွင္းခူ၊ ယားနာ စသည္တို႔အတြက္ သက္သာေပ်ာက္ကင္းေစၿပီး အသားအရည္ၾကည္လင္ရွင္းသန႔္ေစရန္ အေထာက္အကူ ျပဳပါတယ္။ ပ်ားရည္၊ ရွာလကာရည္သည္ အေရျပားေရာဂါမ်ားကိုကာကြယ္ၿပီး အသားအရည္အတြက္ ေရဓာတ္ ထိန္းညႇိေပးပါတယ္။ သဘာဝေခ်းခြၽတ္မႈအေနျဖင့္ မေကာင္းေသာဆဲလ္အေသမ်ား ဖယ္ရွားၿပီး ေခြၽးေပါက္ပိတ္ေစကာ အသားအရည္ ပိုမိုေကာင္းမြန္ေစပါတယ္။

ပ်ားရည္က သဘာဝ အနာက်က္ေဆးအေနျဖင့္ အသားအရည္ ေခ်ာေမြ႕ေစၿပီး ေရဓာတ္ျဖည့္ေပးပါတယ္။ က်န္းမာေသာ အသားအေရအတြက္ လိုအပ္တဲ့အသားဓာတ္၊ အမိုင္ႏိုအက္ဆစ္ႏွင့္ ဗီတာမင္မ်ား ပါဝင္ေသာေၾကာင့္ အသားအေရ လွပေစပါတယ္။ ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္သည္ ဝက္ၿခံမ်ား ဖယ္ရွားကုသရာတြင္ အလြန္အသုံးဝင္ပါတယ္။

(၇)ေရာင္ရမ္းမႈ သက္သာေစျခင္း
ပန္းသီးရွာလကာႏွင့္ ပ်ားရည္သည္ ကိုယ္ခႏၶာpHကို ထိန္းေပးၿပီး ေရာင္ရမ္းမႈ ေလ်ာ့က်ေစပါတယ္။

(၈)ကိုလက္စထေရာ ေလ်ာ့က်ေစျခင္း
ေန႔စဥ္ေသာက္သုံးျခင္းျဖင့္ ကိုလက္စထေရာပမာဏ ေလ်ာ့ခ်ေပးၿပီး အက်ိဳးျပဳHDL ပမာဏကို ျမႇင့္တင္ေပးပါတယ္။ မေကာင္းတဲ့အဆီေတြ ဖယ္ရွားၿပီး ေကာင္းတဲ့အဆီေတြ တိုးေစပါတယ္။

(၉)ကိုယ္လက္အ႐ိုး ကိုက္ခဲမႈ ေလ်ာက်ေစျခင္း
ေန႔စဥ္ေသာက္သုံးျခင္းျဖင့္ အ႐ိုးအဆစ္ေရာင္ရမ္းမႈ သက္သာေစၿပီး နာက်င္မႈ ေဝဒနာေတြကို ဖယ္ရွားေပးပါတယ္။

(၁၀)ခံတြင္းနံ႔ဆိုး သက္သာျခင္း
ပန္းသီးရွာလကာရည္ႏွင့္ ပ်ားရည္သည္ ပိုးမႊားမ်ား ေသေစႏိုင္ေသာ အစြမ္းေၾကာင့္ ခံတြင္းနံဆိုးျခင္းကို ဖယ္ရွားေပးပါတယ္။ ေသာက္သုံးနည္းကေတာ့ ေရတစ္ခြက္တြင္ ပန္းသီးရွာလကာရည္တစ္ဇြန္းႏွင့္ ပ်ားရည္တစ္ဇြန္း ေရာစပ္ေသာက္သုံးပါ။ ေသာက္သုံးၿပီး နာရီဝက္အတြင္း အစာမစားပါနဲ႔။

ပန္းသီးရွာလကာရည္သည္ ပန္းသီးမွ အခ်ဥ္ေဖာက္ထားေသာေၾကာင့္ ေဖာလစ္အက္ဆစ္၊ ဘိုအိုအက္တင္း၊ ဘီဝမ္း၊ ဘီတူး၊ ဘီစစ္၊ ဗီတာမင္စီ၊ သံဓာတ္၊ မက္ဂနီစီယမ္၊ ႏိုင္ရာစင္ ပါဝင္ပါတယ္။ ကယ္စီယမ္၊ ေဖာစရိတ္၊ ပိုတက္စီယမ္ ပါဝင္ပါတယ္။ ပ်ားရည္သည္လည္း ထိုဓာတ္မ်ား ပါဝင္ေသာေၾကာင့္အာဟာရျပည့္ဝၿပီး ကိုယ္ခႏၶာအတြက္ အက်ိဳးျပဳေစပါတယ္။ ေန႔စဥ္ ေသာက္သုံးျခင္းျဖင့္ ပိုမိုက်န္းမာတဲ့ ေန႔ရက္မ်ား ပိုင္ဆိုင္လာႏိုင္ပါတယ္။

Author : Dr. ျပည့္ရွင္း

unicode version

ပန်းသီးရှာလကာရည် သောက်မယ်ဆိုရင် ဘာတွေကောင်းလဲ ဆိုပြီး Ondr မှာမေးလေ့ရှိတဲ့ ပျိုမေတို့အတွက် ဒီဆောင်းပါးလေး ရေးလိုက်ပါတယ်။ ပန်းသီးရှာလကာရည်နှင့် ပျားရည်ရောစပ် သောက်သုံးပါက ရရှိနိုင်သောကောင်းကျိုးများကတော့

(၁)ရင်ပူခြင်း ကင်းဝေးစေခြင်း
ပန်းသီးရှာလကာရည်နှင့် ပျားရည်ရောစပ်သောက်သုံးပါက ရင်ပူခြင်းနှင့် အစာအိမ်ပူခြင်းတိုကို သက်သာစေပါတယ်။ နှစ်ခုစလုံးကတော့ အစာအိမ်အက်ဆစ်ဓာတ်ကို ထိန်းညှိပေးပါတယ်။ ပျားရည်သည် သဘာဝအားဖြင့် ရောင်ရမ်းမှု့ သက်သာစေပြီး အစာပြွန်အပေါ် ချောမွေ့မှု ပေးပါတယ်။

(၂)အစာချေဖျက်မှု အားပေးခြင်း
ရင်ပူခြင်းအပြင် ပန်းသီးရှာလကာရည်နှင့် ပျားရည်အရောသည် အစာအိမ်လမ်းကြောင်းကို ပိုမိုကာကွယ်မှု့ ပေးပါတယ်။ အစာချေဖျက်မှုအတွက် လိုအပ်တဲ့ အင်ဇိုင်းများကို ထွက်စေပါတယ်။ အသားဓာတ်ကို ဖြိုခွဲ ပြီး အစာအိမ်လမ်းကြောင်းအတွင်းရှိ မလိုအပ်တဲ့အဆီများကို ချေဖျက်မှုကို အားပေးပါတယ်။ပျားရည်သည် အစာအိမ်နှင့် အူလမ်းကြောင်း လုပ်ဆောင်မှု့ တွေအတွက် ချောမွေ့စေပါတယ်။

(၃)သွေးတိုးကျစေခြင်း
ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် သဘာဝနည်းဖြင့် သွေးတိုးကျစေနိုင်သော အကောင်းဆုံးဆေးနည်းတစ်ခု ဖြစ်ပါတယ်။ သူတို့တွင် ပါဝင်သောပစ္စည်းများက သွေးတိုးကျစေသော အစွမ်းသတ္တိ ပါဝင်ပါတယ်။

(၄)ကိုယ်အလေးချိန်ကျစေခြင်း
ပုံမှန်သောက်သုံးခြင်းဖြင့် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။ ပန်းသီးရှာလကာရည်သည် အစာစားချင်စိတ်ကိုထိန်းပြီး အဆီစုခြင်း ကာကွယ်ပါသည်။ သွေးတွင်းအချိုဓာတ်ကို ထိန်းပေးပါတယ်။ကိုယ်ခန္ဓာအတွင်း မလိုအပ်တဲ့ အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

(၅)အားအင်ပြည့်စေခြင်း
မနက်တိုင်း ပန်းသီးရှာလကာရည်နှင့် ပျားရည်သောက်သုံးခြင်းသည် တစ်နေ့တာအတွက် လိုအပ်တဲ့အားအင်တွေ ရရှိစေနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေပြီး ပျားရည်မှာပါဝင်တဲ့ အချိုဓာတ် အကျိုးပြုကာဗွန်ဟိုက်ဒရိတ်တစ်မျိုးဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် သောက်သုံးလျှင် ပိုမိုအကျိုးရှိစေပါတယ်။

(၆)အသားအရည် ကောင်းမွန်မှု
အရေပြားပေါ်ရှိ နှင်းခူ၊ ယားနာ စသည်တို့အတွက် သက်သာပျောက်ကင်းစေပြီး အသားအရည်ကြည်လင်ရှင်းသန့်စေရန် အထောက်အကူ ပြုပါတယ်။ ပျားရည်ရှာလကာရည်သည် အရေပြားရောဂါများကိုကာကွယ်ပြီး အသားအရည်အတွက် ရေဓာတ် ထိန်းညှိပေးပါတယ်။ သဘာဝချေးချွတ်မှုအနေဖြင့် မကောင်းသောဆဲလ်အသေများ ဖယ်ရှားပြီး ချွေးပေါက်ပိတ်စေကာ အသားအရည် ပိုမိုကောင်းမွန်စေပါတယ်။

ပျားရည်က သဘာဝ အနာကျက်ဆေးအနေဖြင့် အသားအရည် ချောမွေ့စေပြီး ရေဓာတ်ဖြည့်ပေးပါတယ်။ ကျန်းမာသော အသားအရေအတွက် လိုအပ်တဲ့အသားဓာတ်၊ အမိုင်နိုအက်ဆစ်နှင့် ဗီတာမင်များ ပါဝင်သောကြောင့် အသားအရေ လှပစေပါတယ်။ ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် ဝက်ခြံများ ဖယ်ရှားကုသရာတွင် အလွန်အသုံးဝင်ပါတယ်။

(၇)ရောင်ရမ်းမှု သက်သာစေခြင်း
ပန်းသီးရှာလကာနှင့် ပျားရည်သည် ကိုယ်ခန္ဓာpHကို ထိန်းပေးပြီး ရောင်ရမ်းမှု လျော့ကျစေပါတယ်။

(၈)ကိုလက်စထရော လျော့ကျစေခြင်း
နေ့စဉ်သောက်သုံးခြင်းဖြင့် ကိုလက်စထရောပမာဏ လျော့ချပေးပြီး အကျိုးပြုHDL ပမာဏကို မြှင့်တင်ပေးပါတယ်။ မကောင်းတဲ့အဆီတွေ ဖယ်ရှားပြီး ကောင်းတဲ့အဆီတွေ တိုးစေပါတယ်။

(၉)ကိုယ်လက်အရိုး ကိုက်ခဲမှု လျောကျစေခြင်း
နေ့စဉ်သောက်သုံးခြင်းဖြင့် အရိုးအဆစ်ရောင်ရမ်းမှု သက်သာစေပြီး နာကျင်မှု ဝေဒနာတွေကို ဖယ်ရှားပေးပါတယ်။

(၁၀)ခံတွင်းနံ့ဆိုး သက်သာခြင်း
ပန်းသီးရှာလကာရည်နှင့် ပျားရည်သည် ပိုးမွှားများ သေစေနိုင်သော အစွမ်းကြောင့် ခံတွင်းနံဆိုးခြင်းကို ဖယ်ရှားပေးပါတယ်။ သောက်သုံးနည်းကတော့ ရေတစ်ခွက်တွင် ပန်းသီးရှာလကာရည်တစ်ဇွန်းနှင့် ပျားရည်တစ်ဇွန်း ရောစပ်သောက်သုံးပါ။ သောက်သုံးပြီး နာရီဝက်အတွင်း အစာမစားပါနဲ့။

ပန်းသီးရှာလကာရည်သည် ပန်းသီးမှ အချဉ်ဖောက်ထားသောကြောင့် ဖောလစ်အက်ဆစ်၊ ဘိုအိုအက်တင်း၊ ဘီဝမ်း၊ ဘီတူး၊ ဘီစစ်၊ ဗီတာမင်စီ၊ သံဓာတ်၊ မက်ဂနီစီယမ်၊ နိုင်ရာစင် ပါဝင်ပါတယ်။ ကယ်စီယမ်၊ ဖောစရိတ်၊ ပိုတက်စီယမ် ပါဝင်ပါတယ်။ ပျားရည်သည်လည်း ထိုဓာတ်များ ပါဝင်သောကြောင့်အာဟာရပြည့်ဝပြီး ကိုယ်ခန္ဓာအတွက် အကျိုးပြုစေပါတယ်။ နေ့စဉ် သောက်သုံးခြင်းဖြင့် ပိုမိုကျန်းမာတဲ့ နေ့ရက်များ ပိုင်ဆိုင်လာနိုင်ပါတယ်။

Author : Dr. ပြည့်ရှင်း