ဆီးခ်ိဳႏွင္႔ သူ၏အေပါင္းအပါမ်ား

ဆီးခ်ိဳျဖစ္ၿပီဆိုတာနဲ႔ ၾကားၾကားခ်င္းအရမ္း စိတ္ဆင္းရဲတတ္ၾကတယ္။ ဆီးခ်ိဳဆိုတာ ေပ်ာက္မွမ ေပ်ာက္တာ။ ငါေတာ့တစ္သက္လုံး ဒီေရာဂါခံစားရေတာ့မွာပါလား ဆိုၿပီး စိတ္ဓာတ္က်တတ္ၾကတယ္။ဆီးခ်ိဳေၾကာင့္ မ်က္စိထိခိုက္တာ၊ အနာမက်က္တာ၊ ေက်ာက္ကပ္ထိတာ စသျဖင့္ ၾကားဖူးေနၾကတာ ေၾကာင့္ ပိုေၾကာက္ၾကတယ္။

ဟုတ္ပါတယ္။ ဆီးခ်ိဳေရာဂါ ေၾကာက္ဖို႔ေကာင္းပါတယ္။ ဆီးခ်ိဳေၾကာင့္ ျဖစ္ႏိုင္တဲ့ ေနာက္ဆက္တြဲ ေရာဂါေတြလည္း အမ်ားႀကီးပါ။ ခ်က္ခ်င္းျဖစ္တာလည္း ရွိႏိုင္သလို ဆီးခ်ိဳၾကာမွျဖစ္တာလည္း ရွိပါတယ္။ခ်က္ခ်င္းျဖစ္တတ္တဲ့အထဲမွာ ဆီးခ်ိဳေတြမ်ားၿပီးလည္း ျဖစ္ႏိုင္သလို ဆီးခ်ိဳေတြ က်သြားတာေၾကာင့္လည္း ျဖစ္ ႏိုင္တယ္။ သတိလစ္တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။ ခ်က္ခ်င္းမကုသေပးႏိုင္ရင္ အသက္အႏၲရာယ္ရွိႏိုင္ပါတယ္။

ဆီးခ်ိဳျဖစ္တာ ငါးႏွစ္ေက်ာ္လာတာနဲ႔အမွ်လည္း ေနာက္ဆက္တြဲ တျခားေရာဂါေတြ ျဖစ္လာတတ္တယ္။ တစ္ခုသတိထားရမွာက ေနာက္ဆက္တြဲေတြျဖစ္လာရင္ တစ္ခုတည္းျဖစ္မလာတတ္ဘူး တြဲလာတတ္ တယ္။ တစ္ခုကိုခံစားရရင္ တျခားျဖစ္ႏိုင္တာေတြကိုပါ စစ္ေဆးဖို႔လိုတယ္။

ေနာက္ဆက္တြဲ ေရာဂါေတြက ဘာေတြထိမလဲေပါ့…

မ်က္စိထိပါတယ္။ မ်က္စိကြယ္သြား ႏိုင္သလုိ ဆီးခ်ိဳေၾကာင့္ မ်က္စိမွာ အတြင္းတိမ္ ေရာ၊ ေရတိမ္ေရာျဖစ္ႏိုင္တယ္။ ဒါေၾကာင့္ ဆီးခ်ိဳရွိေနၿပီဆုိရင္ မ်က္စိကို တစ္ႏွစ္တစ္ခါ ပုံမွန္စစ္ေဆးေပးဖို႔ လိုပါတယ္။

ႏွလုံးေသြးေၾကာက်ဥ္းတာေတြ၊ ႏွလုံးေသြးေၾကာပိတ္တာေတြ ျဖစ္ႏိုင္ပါတယ္။ အသက္အႏၲရာယ္လည္းရွိပါတယ္။ ဦးေႏွာက္ေသြးေၾကာ ပိတ္ၿပီး ေလျဖတ္တာလည္းျဖစ္တတ္တယ္။ အမ်ိဳးသမီးအမ်ားစု၊ အစားမေရွာင္တဲ့သူေတြ၊ ေဆးလိပ္ ေသာက္သူမ်ား၊ ေသြးတိုးရွိသူမ်ားက ပိုျဖစ္တတ္ပါတယ္။

ေက်ာက္ကပ္ထိလာရင္ ဆီးသြားတဲ့အခါ ေနာက္တာ၊ အျမႇဳပ္အရမ္းထ တာ၊ ေျခခုံေတြ ေရာင္လာတာျဖစ္ႏိုင္တယ္။

အာ႐ုံေၾကာေတြ ထိတဲ့အတြက္ ေျခေတြ၊ လက္ေတြထုံက်င္ေနတတ္တာမ်ိဳး၊ အ႐ိုးအဆစ္ေတြ ပုံပ်က္ေန တာမ်ိဳး ျဖစ္တတ္တယ္။ အာ႐ုံေၾကာ ေရာင္တတ္တယ္။ ေပါင္ကႂကြက္သားေတြ နာက်င္ကိုက္ခဲတာ၊ သိမ္ေနတာေတြလည္း ျဖစ္တတ္တယ္။ အထိုင္အထမူးတာ၊ နည္းနည္းေလးစား႐ုံ ဗိုက္ေတာင့္ေနတာေတြ၊ ဆီးမသြားႏိုင္တာေတြ၊ ပန္းေသပန္းညႇိဳးေတြလည္း ျဖစ္တတ္ပါတယ္။

ေသြးေကာင္းေကာင္း မေလွ်ာက္တာေၾကာင့္ေရာ၊ အ႐ိုးအဆစ္ေတြ ပုံမမွန္တာေတြေၾကာင့္ေရာ၊ ထုံက်င္ေနတာေတြေၾကာင့္ေရာ ေျခေထာက္မွာလည္း အနာလြယ္လြယ္ျဖစ္ႏိုင္တယ္။ ထိမွန္းမသိတာလည္း ပါတယ္။ အနာျဖစ္ၿပီးတဲ့အခါလည္း ပိုးဝင္လြယ္ပါတယ္။ ေသခ်ာကုေပးဖို႔ လိုပါတယ္။

ဆီးခ်ိဳျဖစ္တဲ့သူေတြမွာ ေသြးတိုးေရာဂါ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ၊ ေသြးအဆီမ်ားတာေတြကလည္း အေစာကတည္းက တြဲျဖစ္ေနတတ္တယ္။ ဆီးခ်ိဳျဖစ္ေနၿပီဆိုရင္ ကိုယ္အေလးခ်ိန္လည္း ေသခ်ာထိန္းဖို႔လိုတယ္။ ေလ့က်င့္ခန္းလည္းလုပ္၊ အစားအေသာက္လည္း ထိန္းရပါမယ္။ ေဆးလည္းပုံမွန္ေသာက္ေနရသလို လိုအပ္သလိုလည္း စစ္ေဆးေနဖို႔ လိုတယ္။ဒါမွ ဆီးခ်ိဳရဲ႕ေနာက္ဆက္တြဲ ေရာဂါေတြကို ကာကြယ္ႏိုင္သေလာက္ ကာကြယ္ႏိုင္ၿပီး ျဖစ္ေနရင္လည္း အရမ္းမဆိုးေအာင္ ထိန္းႏိုင္မွာပါ။

Author – Dr. CST

(Unicode)

ဆီးချိုဖြစ်ပြီဆိုတာနဲ့ ကြားကြားချင်းအရမ်း စိတ်ဆင်းရဲတတ်ကြတယ်။ ဆီးချိုဆိုတာ ပျောက်မှမ ပျောက်တာ။ ငါတော့တစ်သက်လုံး ဒီရောဂါခံစားရတော့မှာပါလား ဆိုပြီး စိတ်ဓာတ်ကျတတ်ကြတယ်။ဆီးချိုကြောင့် မျက်စိထိခိုက်တာ၊ အနာမကျက်တာ၊ ကျောက်ကပ်ထိတာ စသဖြင့် ကြားဖူးနေကြတာ ကြောင့် ပိုကြောက်ကြတယ်။

ဟုတ်ပါတယ်။ ဆီးချိုရောဂါ ကြောက်ဖို့ကောင်းပါတယ်။ ဆီးချိုကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ရောဂါတွေလည်း အများကြီးပါ။ ချက်ချင်းဖြစ်တာလည်း ရှိနိုင်သလို ဆီးချိုကြာမှဖြစ်တာလည်း ရှိပါတယ်။ချက်ချင်းဖြစ်တတ်တဲ့အထဲမှာ ဆီးချိုတွေများပြီးလည်း ဖြစ်နိုင်သလို ဆီးချိုတွေ ကျသွားတာကြောင့်လည်း ဖြစ် နိုင်တယ်။ သတိလစ်တာမျိုးလည်း ဖြစ်နိုင်တယ်။ ချက်ချင်းမကုသပေးနိုင်ရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဆီးချိုဖြစ်တာ ငါးနှစ်ကျော်လာတာနဲ့အမျှလည်း နောက်ဆက်တွဲ တခြားရောဂါတွေ ဖြစ်လာတတ်တယ်။ တစ်ခုသတိထားရမှာက နောက်ဆက်တွဲတွေဖြစ်လာရင် တစ်ခုတည်းဖြစ်မလာတတ်ဘူး တွဲလာတတ် တယ်။ တစ်ခုကိုခံစားရရင် တခြားဖြစ်နိုင်တာတွေကိုပါ စစ်ဆေးဖို့လိုတယ်။

နောက်ဆက်တွဲ ရောဂါတွေက ဘာတွေထိမလဲပေါ့…

မျက်စိထိပါတယ်။ မျက်စိကွယ်သွား နိုင်သလို ဆီးချိုကြောင့် မျက်စိမှာ အတွင်းတိမ် ရော၊ ရေတိမ်ရောဖြစ်နိုင်တယ်။ ဒါကြောင့် ဆီးချိုရှိနေပြီဆိုရင် မျက်စိကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။

နှလုံးသွေးကြောကျဉ်းတာတွေ၊ နှလုံးသွေးကြောပိတ်တာတွေ ဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်လည်းရှိပါတယ်။ ဦးနှောက်သွေးကြော ပိတ်ပြီး လေဖြတ်တာလည်းဖြစ်တတ်တယ်။ အမျိုးသမီးအများစု၊ အစားမရှောင်တဲ့သူတွေ၊ ဆေးလိပ် သောက်သူများ၊ သွေးတိုးရှိသူများက ပိုဖြစ်တတ်ပါတယ်။

ကျောက်ကပ်ထိလာရင် ဆီးသွားတဲ့အခါ နောက်တာ၊ အမြှုပ်အရမ်းထ တာ၊ ခြေခုံတွေ ရောင်လာတာဖြစ်နိုင်တယ်။

အာရုံကြောတွေ ထိတဲ့အတွက် ခြေတွေ၊ လက်တွေထုံကျင်နေတတ်တာမျိုး၊ အရိုးအဆစ်တွေ ပုံပျက်နေ တာမျိုး ဖြစ်တတ်တယ်။ အာရုံကြော ရောင်တတ်တယ်။ ပေါင်ကကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ သိမ်နေတာတွေလည်း ဖြစ်တတ်တယ်။ အထိုင်အထမူးတာ၊ နည်းနည်းလေးစားရုံ ဗိုက်တောင့်နေတာတွေ၊ ဆီးမသွားနိုင်တာတွေ၊ ပန်းသေပန်းညှိုးတွေလည်း ဖြစ်တတ်ပါတယ်။

သွေးကောင်းကောင်း မလျှောက်တာကြောင့်ရော၊ အရိုးအဆစ်တွေ ပုံမမှန်တာတွေကြောင့်ရော၊ ထုံကျင်နေတာတွေကြောင့်ရော ခြေထောက်မှာလည်း အနာလွယ်လွယ်ဖြစ်နိုင်တယ်။ ထိမှန်းမသိတာလည်း ပါတယ်။ အနာဖြစ်ပြီးတဲ့အခါလည်း ပိုးဝင်လွယ်ပါတယ်။ သေချာကုပေးဖို့ လိုပါတယ်။

ဆီးချိုဖြစ်တဲ့သူတွေမှာ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးအဆီများတာတွေကလည်း အစောကတည်းက တွဲဖြစ်နေတတ်တယ်။ ဆီးချိုဖြစ်နေပြီဆိုရင် ကိုယ်အလေးချိန်လည်း သေချာထိန်းဖို့လိုတယ်။ လေ့ကျင့်ခန်းလည်းလုပ်၊ အစားအသောက်လည်း ထိန်းရပါမယ်။ ဆေးလည်းပုံမှန်သောက်နေရသလို လိုအပ်သလိုလည်း စစ်ဆေးနေဖို့ လိုတယ်။ဒါမှ ဆီးချိုရဲ့နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်နိုင်သလောက် ကာကွယ်နိုင်ပြီး ဖြစ်နေရင်လည်း အရမ်းမဆိုးအောင် ထိန်းနိုင်မှာပါ။

Author – Dr. CST